အစိမ်းရောင်လမ်းရဲ့ ဗားရှင်းအသစ် မြှင့်ပြီးပြီလား..?

05/03/2025 11:39 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌦️📊အချိန်နဲ့တပြေးညီ တိကျတဲ့ မိုးလေဝသအသိပေးစနစ်ပါဝင်လာတဲ့ အစိမ်းရောင်လမ်းရဲ့ ဗားရှင်း ၃.၆.၁၂ 

စိုက်ပျိုး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ဆိုင်တဲ့ နည်းပညာတွေကို တောင်သူတွေဆီ အခမဲ့ဖြန့်ဖြူးပေးနေတဲ့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ ဗားရှင်းအသစ်မြှင့်ထားရုံနဲ့ ..

အခုဆို ကိုယ်နေထိုင်ရာ နေရာအတွက် မိုးရွာနှုန်း၊ အပူချိန်၊ လေတိုက်နှုန်းနဲ့ လျှပ်စစ်မိုးကြိုးဖြစ်ပေါ်နိုင်မှုတွေကို 

အလိုအလျောက်အသိပေးချက် ရရှိနေတော့မှာဖြစ်ပါတယ်။

🚀 ဘာတွေထူးခြားလာတာလဲဆိုရင်တော့

✅ အချိန်နဲ့တပြေးညီ သိရမယ့် မိုးလေဝသအသိပေးစနစ်

✅ ရောက်ရှိနေတဲ့ တည်နေရာရဲ့ အနီးဆုံးမိုးလေဝသအချက်အလက်များ

✅ ရေရှည် မိုးလေဝသခန့်မှန်းချက်ဆောင်းပါးများနဲ့

✅ လာမယ့် ၅ ရက်အတွင်း ဖြစ်နိုင်တဲ့ မိုးလေဝသအချက်အလက်ကို 

စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာရင်း တစ်နေရာတည်းမှာ စုံစုံလင်လင်သိရှိသွားနိုင်တာပဲ ဖြစ်ပါတယ်..။

ဒီစနစ်တွေနဲ့ ပတ်သက်လို့လည်း တောင်သူတွေသုံးရလွယ်ကူအောင် အရိုးရှင်းဆုံးဖန်တီးထားတာမို့လို့

📱 အစိမ်းရောင်လမ်းဆော့ဝဲကို အခုပဲ Update လုပ်ပြီး တိကျမှုမြင့်မားတဲ့ မိုးလေဝသအချက်အလက်များကို ယုံကြည်စိတ်ချစွာအသုံးပြုလိုက်ပါနော်! 🌍💚 

အဆင့်မြှင့်တင်ရန် Link>>> https://onelink.to/greenway 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်