ခဲဆိပ်သင့်မြေများ ကာကွယ်ထိန်းသိမ်းစောင့်ရှောင့်ခြင်းနှင့် “ဗက်တီဗာ” မြက်အစွမ်း

16/01/2018 13:55 PM တွင် ဦးထင်အောင်ရှိန် ဦးထင်အောင်ရှိန် မှ ရေးသား

အချို့သော မြေဆီလွှာများထဲတွင် (Heavy metal) ခေါ်သော အန္တရာယ်ပြုဓါတ်စင်များဖြစ် သည့် (ခဲ၊ ကယ်စီယမ် များပြားစွာပါဝင်သော ဇင့် ) တို့ သည် သီးနှံပင်အတွင်း အဆိပ်ဖြစ်စေ သောကြောင့် စိုက်ပျိုးရေးအတွက် ကာကွယ်ကုသနည်းအဖြစ် ဗက်တီဗာမြက်ကို (Vetiver grass) စိုက်ပျိုးမှုကို မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

“ဗက်တီဗာမြက်အစွမ်း”

စိုက်ပျိုးမြေများတွင် ရေတိုက်စားမှု (၄) မျိုး တွေ့ရပါသည်။ အပေါ်ယံမြေလွှာတိုက်စားခြင်း၊ မြောင်းငယ်အသွင် တိုက်စားခြင်း၊ သေးငယ်သောချောက်အသွင် တိုက်စားခြင်း၊ မြောင်းကြီးအ သွင်တိုက်စားခြင်း ဟူ၍ (၄) မျိုးတွေ့ရှိရသည်။ ထိုကဲ့သို့ ရေတိုက်စားမှုများကြောင့် အပေါ်ယံ မြေအချို့ လွန်စွာတိုက်စားသွားပါက ချောက်အထိဖြစ်သွားကာ သီးနှံပင်စိုက်ပျိုးထုတ်လုပ်၍ မရ သည်အထိ ပျက်ဆီးဆုံးရှုံးသွားစေပါသည်။ ဗက်တီဗာမြက်ဆိုသည်မှာ အိန္ဒိယနိုင်ငံအတွင်း မြေ တိုက်စားမှုများမှ ထိန်းသိမ်းကာကွယ်ရာတွင် ရာစုနှစ်ပေါင်းများစွာဖြင့် အောင်မြင်စွာ အသုံးပြု ခဲ့သော အိန္ဒိယတောင်ပိုင်း မြက်မျိုးရင်းတစ်မျိုးဖြစ်သည်။ စိုက်ပျိုးသောအခါ မြေသားပေါ် မူတည်ပြီး အမြစ်များသည် (၂ - ၄) မီတာ (၆ပေခွဲ မှ ၁၃ ပေ) ခန့်အထိ အောက်သို့ ရှည်လျားဆန့်ထွက်နိုင်ပြီး အရွက်နုများကို တိရစ္ဆာန်စာအဖြစ် အသုံးပြု၍ အရွက်ရင့်များကိုမှာ အမြင့် ၅ ပေလောက်ထိရှည်လျားဖြောင့်တန်းစွာ ထွက်ရှိသောကြောင့် အိမ်အမိုး အဖြစ်အသုံးပြု နိုင်သော မြက်တစ်မျိုးဖြစ်သည်။

နှစ်ရှည်ပင်ဖြစ်ပြီး ကောင်းစွာဖွံ့ဖြိုးရန် အချိန် (၆) လခန့်လိုအပ်ပြီး နှုတ်ပယ်ဖျက်ဆီးခြင်း မခံရ ပါကနှစ် (၅၀) ထက်ပို၍ ရှင်သန်နိုင်ကြသည်။ ၎င်းမြက်သည် အစေ့မှအပင်မပေါက်နိုင်သော ကြောင့် အခြားမြက်များကဲ့သို့ မလိုလားအပ်သော ထိန်းမနိုင်သိမ်းမရမျိုးပြန့်ပွားမှုမျိုး မတွေ့ရှိ ရပါ။

ဗက်တီဗာမြက်ကို နိုင်ငံအနှံ့အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းအားဖြင့် သစ်တော သစ်ပင်များပြုန်းတီးမှု၊ သတ္တုတူးဖော်ထုတ်လုပ်မှု၊ မြေပြုပြင် ခုတ်ထွင်းရှင်းလင်းမှုတို့ကြောင့် အကာကွယ်မဲ့နေသော မြေပြင်များကို မိုးရေတိုက်စားပြုန်းတီးမှု (ချိန်ခါမဲ့မိုး ရွာသွန်းခြင်း) ခံရ ခြင်းမှ ကောင်းစွာအကာအကွယ်ပေးသည့်အပြင် စိုက်ပျိုးရာဒေသတစ်ဝိုက်တွင် ယုတ်လျော့သွား သော မြေအောက်ရေကို ပြန်လည်ဖြည့်တင်းပေးမှု ကိုလည်းဖြစ်စေပါသည်။

အထူးသဖြင့် မြေတိုက်စားပြုန်းတီးခံရသော နေရာများတွင် ရေပြင်ညီအတန်းလိုက်၊ မြက်ရိုး တန်း ဖြစ်လာစေရန်နှင့် တစ်ပင်နှင့်တစ်ပင်ကြား ၆ လက်မခွာ စိုက်ပျိုးခြင်းဖြင့် အပင်ကြီးထွား ချိန်တွင် အချင်းချင်းပူးယှက်ကာ တစ်ဆက်တစ်စပ်တည်းဖြစ်လာသည့် အရွက်နှင့်အမြစ်များ ကြောင့် သဘာဝမြေထိန်းနံရံတစ်ခုကဲ့သို့ ဖြစ်လာပြီး မိုးရွာမှုကြောင့် တိုက်စားခံရသည့် သဲနုံးမြေ တို့ကို မိုးရေနှင့်အတူမျောပါမသွားစေရန် တားဆီးပေးပြီး မိုးရေစီးနှုန်းကို လျော့ကျစေသည့်အတွက် မြစ်ချောင်းရေစီးတို့ကြောင့် မြေတိုက်စားခံရမှုများကို အကာအကွယ်ပေးနိုင်ပါသည်။

ထို့အပြင် ဗက်တီဗာမြက်ရွက်နုများကို နွား၊ ကျွဲ၊ ဆိတ်၊ ဝက်၊ ဘဲ စသည့်မွေးမြူရေးတိရစ္ဆာန် အစားအစာအဖြစ် အသုံးပြုပြီး၊ အရွက်ရင့်လာပါက အမျှင်ကြမ်းပါ ထွက်သဖြင့် အိမ်အမိုးနှင့် လက်မှုပစ္စည်းများပြုလုပ်ရာတွင် အသုံးဝင်ခြင်း၊ အရွက်အောက်ခြေကို လောင်စာအဖြစ် အသုံး ပြုနိုင်ခြင်း၊ အမြစ်မှရသောအဆီသည် မျက်နှာပြင်အရေပြား နုပျိုစေခြင်း၊ အခြားအရေပြား ယောင်ရမ်းမှု သက်သာစေခြင်း၊ အနာသက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဗက်တီဗာ မြက်အနံ့က စိတ်ကိုတည်ငြိမ်စေခြင်း၊ ခြနှင့် အခြားအင်းဆက်ပိုးများကို တားဆီးနိုင်ခြင်းနှင့် အဆီကို ရေမွှေးနှင့် အခြားထုတ်ကုန်များအတွက် ကုန်ကြမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချ နိုင်သောကြောင့် ရေရှည်တွဲဖက် မြေနဲ့ မြက် ဟု ခေါ်ဝေါ်တင်စား (ဂုဏ်ယူစွာဖြင့်) တင်ပြလိုက် ပါသည်။

ဦးထင်အောင်ရှိန် (ဘိုးရာဇာ)  


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်