ငါးများတွင် ဖြစ်ပွားလေ့ရှိသည့် ‌ဗိုင်းရပ်စ်(၅)မျိုးနှင့် ရောဂါလက္ခဏာများ

19/06/2020 11:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ငါးတွေမှာ အဖြစ်များတဲ့ ရောဂါပိုးတွေနဲ့ ရောဂါလက္ခဏာတွေကို ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့နယ်၊ Nay Min - စီးပွားဖြစ် ငါးသားဖောက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းမှ တတ်ကျွမ်းနားလည်သူထံ မေးမြန်းပြီး ရေးသားဖော်ပြပေးလိုက်ပါတယ်။

     ရေချိုရေငန်မှာ ရှင်သန်ပေါက်ဖွားနေတဲ့ ငါးမျိုးစိတ်တွေမှာ ဖြစ်ပွားနိုင်တဲ့ရောဂါပိုးတွေနဲ့ ရောဂါဖြစ်တည်ပုံ များစွာရှိတဲ့အနက်၊ ခန္ဓာကိုယ်ချို့ယွင်းတဲ့ လက္ခဏာမျိုးဆိုရင် မကူးစက်တတ်တဲ့ရောဂါ (Non-infectious disease) လို့ သက်မှတ်ပြီး၊ ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်ပွားတဲ့ရောဂါ (Direct environmental effects)၊ အစာအာဟာရကြောင့် ဖြစ်ပွား‌တဲ့ရောဂါ (Nutritional effects) ဆိုပြီး ရှိပါတယ်။ 

    ကူးစက်တတ်တဲ့ ရောဂါ (Infectious disease) တွေမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ၊ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်သော ရောဂါ၊ မှိုကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါ၊ ကပ်ပါးပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါ ဆိုပြီး (၄)မျိုးရှိပါတယ်။

     ဒီတစ်ခါမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ရောဂါတွေထဲက ငါးတွေမှာအဖြစ်များဆုံး ‌ဗိုင်းရပ်စ် (၅) မျိုးနဲ့ ၎င်းတို့ရဲ့ ရောဂါလက္ခဏာတွေကို အရင်ဆုံးဖော်ပြပေးသွားပါမယ်။

(၁) Epizootic ulceractive syndrome (EUS) 

(၂) Koi herpes virus diesase (KHVD)

(၃) Grass-carp reo viral diesase

(၄) Viral nervous necrosis (VNN)

(၅) Grouper irido viral diesase တို့ ဖြစ်ပါတယ်။

    ဒီ‌ဗိုင်းရပ်စ်ရောဂါပိုးမျိုး ရှိလာတဲ့အခါ ငါးတွေရဲ့ (gross signs) ရောဂါလက္ခဏာတွေကတော့ အစာစားနှုန်းကျဆင်းလာခြင်း၊ ကိုယ်အလေးချိန်‌ကျဆင်းလာခြင်း၊ ငါးများထိုင်းမှိုင်းပြီး ရေပေါ်တွင် ခေါင်းဖော်၍ ငြိမ်သက်စွာကူးနေခြင်း၊ ဦးခေါင်း၊ ဆူးတောင်၊ အမြှီးပိုင်း၊ ကျောပိုင်းနဲ့ ပါးဟက်ပိုင်းတွေမှာ အနီစက်တွေ ဖြစ်ပေါ်လာခြင်း၊ ကိုယ်ပေါ်မှာ အနာကွက်တွေ ဖြစ်ပေါ်လာပြီး သွေးများယိုစီးလာခြင်းတို့ ဖြစ်ပါတယ်။

    ဒီလိုရောဂါမျိုး ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့- မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေအပူချိန် ပြောင်းလဲခြင်း၊ အက်ဆစ်ဓာတ်မြင့်မားခြင်း ၊ အောက်စီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

    ဒီလို ဗိုင်းရပ်စ်ရောဂါမျိုးကို ရေချိုရေငန်စပ် ငါးမျိုးစိတ်အားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကာကွယ်ခြင်းနဲ့ ရောဂါထိန်းချုပ်ဖို့အတွက် ကန်ရေ၏ Ph level ပေါ်မူတည်ပြီး ထုံးထည့်ပေးခြင်း၊ bleaching powder ကို  တစ်ဧက (၉)ပေါင်နှုန်း ထည့်သွင်းပေးနိုင်ပါတယ်။

    ရောဂါကုသခြင်းအတွက်တော့ အောက်စီတက်ထွာဆိုက်ကလင်း Oxytetracycline- ၁၀၀ ဂရမ်/ အစာ ၁၀ ပိဿာ) KmnO4 - 4IB / I Acre တို့နဲ့ ကုသပေးကြပါတယ်။

နန်းထက်ထက်ချစ်(ABM)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်