ရေစကြိုနှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ စုပေါင်းပြီး ဖရဲသခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

25/02/2019 11:38 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရေစကြိုနှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ စုပေါင်းပြီး ဖရဲသခွားကို GAP စနစ်ဖြင့် စိုက်ပျိုးမည်

 

လာမည့် ဒီဇင်ဘာလ ဖရဲ၊ သခွား စိုက်ပျိုးချိန်မှ စတင်၍ ရေစကြိုမြို့နယ်နှင့် ချောင်းဦးမြို့နယ်မှ တောင်သူများ ပူးပေါင်းကာ ဖရဲ၊ သခွားကို GAP စနစ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဖရဲ၊ သခွား တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဦးကျော်မင်းထံမှ သိရသည်။

နှစ်စဉ် ဖရဲ၊ သခွား ရာသီရောက်ချိန်များတွင် ဈေးနှိမ်ခံရမှုများကြောင့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းဒေသကြီးရှိ ချောင်းဦးမြို့နယ် ဖရဲ၊ သခွား စိုက်ပျိုးတောင်သူများ စုပေါင်းကာ ဈေးကောင်းရရှိရေးအ တွက် GAP စနစ်ဖြင့် စိုက်ပျိုးရောင်းချရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

" ဖရဲ၊ သခွားတွေက အမြဲတမ်း ဈေးနှိမ်ခံရတယ်။ GAP စနစ်နဲ့သာ စိုက်မယ်ဆိုရင် ဈေးကောင်းရမယ်။ စိုက်ပျိုးဖို့ အတွက်ကို အုပ်စုလိုက်ဖွဲ့ပြီး လုပ်ဆောင်ကြမှာဖြစ်ပါတယ်" ဟု ဒုတိယဥက္ကဌ ဦးကျော်မင်းက ပြောသည်။

ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့သည့် နယ်မြေချင်းထိစပ်နေသည့်အတွက် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူ ခြင်းနှင့် အဆိုပါမြို့နယ်များရှိ တောင်သူ အများစုမှာ ဖရဲ၊ သခွား စိုက်ပျိုးသူများဖြစ်သည့်အတွက် GAP စနစ်ဖြင့် စိုက်ပျိုးခြင်းမှာ အောင်မြင်မည်ဟု ယုံကြည်ကြောင်း ချောင်းဦးမြို့နယ်မှ တောင်သူ ဦးအေးဆောင်က ပြောသည်။

" ဖရဲ၊ သခွား စိုက်ချိန်တိုင်း ကိုယ်တစ်ယောက်ထဲ GAP စနစ်နဲ့ စိုက်မယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ GAP စနစ်နဲ့ကျ တစ်ယောက်အားနဲ့ မရနိုင်ဘူး။ အများစုပေါင်းပြီး စိုက်ပျိုးတာမျိုးကျ အဆင်ပြေပြေနဲ့ စိုက်နိုင်တယ်” ဟု ဦးအေးဆောင်က ပြောသည်။

ရေစကြိုနှင့် ချောင်းဦးမြို့နယ်တို့ရှိ တောင်သူများ ပူးပေါင်းကာ ဖရဲ၊ သခွား စိုက်ပျိုးခြင်းကို GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များမှလည်း လိုအပ်သည်များကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

မှိုင်းဝေ(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်