နှမ်းသီးနှံ ရေစီမံခန့်ခွဲခြင်း

22/12/2021 10:30 AM တွင် U Aye Naing U Aye Naing မှ ရေးသား

နှမ်းသီးနှံတွင် မြေကို အစိုဓာတ်ထိန်းနိုင်ရန် ထယ်ရေးကိုကောင်းစွာပြုလုပ်ရပါမည်။ ထွန်ရေးညက်၍လည်းအရေးကြီးပါသည်။ ထယ်ရေးမနက် ထွန်ရေးမညက်ပါက အစိုဓာတ် အဆုတ်မြန်ပါသည်။ အမြစ်သည် ထယ်ရေးထွန်ရေးမကောင်းသဖြင့် မြေအမာနှင့်တွေ့ပြီး ကွေ့ကောက်ခွေသွားတတ်ပါသည်။ မြေအောက်အနက်တွင်ရှိသော ရေအစိုဓာတ်ကို စုပ်ယူမရရှိနိုင်သဖြင့် အပင်များညှိုးသေမှုများဖြစ်တတ်ပါသည်။

(က) မိုးနှမ်း

မိုးနှမ်းကို မေ ဇွန်လတွင် စိုက်ကြပြီး သြဂုတ်လတွင် ရိတ်သိမ်းကြပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အများဆုံးစိုက်ကြပါသည်။ မိုးလေဝသမှန်ပါက အထွက်ကောင်းကောင်းရရှိနိုင်သော်လည်း မိုးလေဝသမကောင်းပါက လုံးဝမရသည်အထိရှိပါသည်။ တောင်သူအများစုသည် ပထမဆုံး မိုးစရွာသည်နှင့် ထွန်မွှေပြီးစိုက်လေ့ရှိပါသည်။ အမှန်မှာ ထိုမိုးသည်ပြန်ကျမိုးသာလျှင် ဖြစ်သည်။ မိုးဆက်မရွာတတ်ပေ။ ထိုအခါ အစိုဓာတ်မရှိသောကြောင့် သေကြေပျက်စီးမှုများ ကြုံရပါသည်။ ကျန်ရှိသောအပင်များမှာ သန်စွမ်းမှုမရှိ ကြုံလှီပြီး အသီးတင်မှုမကောင်းနိုင်ပါ။ ထို့ကြောင့် “သီးတော့နှစ်လုံးပြွတ် ရိတ်တော့ပင်တရွတ် ” ဆိုစမှတ်ပြုကြပါသည်။ ထို့ကြောင့် မိုးနှမ်းမစိုက်ခင် နွေထယ်ရေးကောင်းစွာပြုလုပ်ရပါမည်။ အနည်းဆုံး (၆) လက်မအနက်ရအောင် ထယ်ထိုးသင့်ပါသည်။ ထယ်ရေးကို (၂) ကြိမ်အနည်းဆုံးထိုးထားသင့်ပါသည်။ အစိုဓာတ်စုပ်ယူထိန်းနိုင်ရန်အတွက် သဘာဝမြေသြဇာ၊ နွားချေး၊ ကြက်ချေး၊ ဆိတ်ချေးဆွေးများ၊ သစ်ရွက်ဆွေးများ သစ်စိမ်းမြေသြဇာများ အသုံးပြုသင့်ပါသည်။ မိုးအစိုဓာတ်မိစေရန် မိုး(၃)ကြိမ်ခန့်ရွာပြီးမှ စိုက်သင့်ပါသည်။ 

(ခ) မိုးနှောင်းနှမ်း(ဆောင်းနှမ်း)

ဆောင်းနှမ်းကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင် စိုက်ပျိုးကြပါသည်။ တောင်သူအများစုသည်  စက်တင်ဘာလလယ်ခန့်တွင် စိုက်ပျိုးကြသည်။ ဆောင်းနှမ်းကို စိုက်ပျိုးရာတွင် တစ်မိုးတွင်းလုံးရွာထားသော မိုးအစိုဓာတ်နှင့်မုတ်သုန်မိုးပြန်ဆုတ်ရာတွင် ရွာသောမိုးအစိုဓာတ်ကိုအားပြုစိုက်ပျိုးကြခြင်းဖြစ်ပါသည်။ ထို့ကြောင့်အစိုဓာတ်မိအောင် စောစောစိုက်ပျိုးသင့်ပါသည်။ ပန်းပွင့်ချိန်တွင် မိုးမမိစေရန် သတိထားဆောင်ရွက်သင့်ပါသည်။ နှမ်းပင်အရွက်(၄) ရွက်မျက်နှာခြင်းဆိုင်ထွက်ချိန်တွင် မိုးရွာပါက အပင်ဖြစ်ထွန်းပါသည်။ သို့ရာတွင် ပန်းပွင့်ချိန်တွင် မိုးရွာပါက နှမ်းအထွက်လျော့ပါသည်။ 

(ဂ) မိုးကြိုရေသွင်းနှမ်း (နွေနှမ်း)

မိုးနှမ်း ဆောင်းနှမ်းထက် မိုးကြိုရေသွင်းနှမ်းက နှမ်းပင်လိုအပ်သော အစိုဓာတ်ကို အချိန်ကိုက်ပေးသွင်းနိုင်သဖြင့် အထွက်နှုန်းပိုမှိုရရှိပါသည်။ ရေသွင်းစရိတ်ကုန်ကျမှုများရှိနေသော်လည်း အထွက်နှုန်းကောင်းမွန်သဖြင့် တွက်ခြေကိုက်ပါသည်။

မိုးကြိုရေသွင်းနှမ်းကို ဖေဖော်ဝါရီလမှ မတ်လကုန်အတွင်း စိုက်ပျိုးလေ့ရှိပါသည်။ ထယ်ရေးကိုကြိုတင်လုပ်ဆောင်ပြီး ထဘ်စာထိပ်ခေါင်းဖွေးသည်အထိ နေလှန်း? နောက် ထယ်စာခဲမြှုပ်သည်အထိရေသွင်းရပါမည်။ ထယ်စာထိပ်ခေါင်းဖွေးသည်အထိနေပြန်လှန်းပြီး အခြောက်ခံရပါမည်။ အစိုဓာတ်အနေတော်ရရှိလာပါက ထယ်ထိုးထွန်မွှေပြီး ကြမ်းတုံးဖြင့် (၃) ကြိမ်ခန့်ပြန်အုပ်ပေးရပါမည်။ နောက်ဆုံးကြမ်းတုံးအုပ်ပြီးနောက် အသွားသေးထွန်ဖြင့် စိုက်ကြောင်းဖော်ပြီး မျိုးစေ့ချစိုက်ရပါမည်။ မျိုးစေ့ချပြီးနောက်မြေပြန်ဖုံးရန်အတွက် ကြမ်းတုံးဖြင့်ထောင့်ဖြတ် (၂) ကြိမ်ပြန်အုပ်ပေးမှ အစိုဓာတ်မိရန် စိတ်ချရပါသည်။ မျိုးစေ့ချပြီးပြီးချင်း ချက်ခြင်းမြေပြန်ဖုံးမှသာ အစိုဓာတ်ကို ကောင်းစွာရရှိနိုင်မည်ဖြစ်ပြီး အပင်ပေါက်နှုန်းလည်း ကောင်းနိုင်မည်ဖြစ်ပါသည်။

ရေပေးသွင်းရာတွင် မြေကြီးအစိုဓာတ်ရရုံနည်းနည်းစီသွင်းသင့်ပြီး ရေများပြီးအပင်ခြေရေဝပ်ပါက အပင်များသေတတ်ပါသည်။ နှမ်းပင်စည်သည် အထဲမှာအပိတ်မဟုတ်ပဲ ဖော့ရိုးသားပါရှိသောအခေါင်းပွဖြစ်သောကြောင့် ရေများပါက သေလွယ်ပါသည်။

အထက်ပါအချက်အလက်များအရ နှမ်းပင်ကို အပင်သက်တမ်းတစ်လျှောက် အစိုဓာတ်မိမိစိုက်ပျိုးနိုင်ရန်တွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

(၁) စိုက်ပျိုးချိန်ကို စောနိုင်သမျှစောနိုင်အောင်စိုက်သင့်ပါသည်။

(၂) သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်သင့်ပါသည်။

(၃) စိုက်တန်းများကို နေရောင်ခြည်သွားလမ်းအတိုင်းမစိုက်ပျိုးသင့်ပဲ ကန့်လန့်ဖြတ်စိုက်ပျိုးသင့်ပါသည်။ ထိုသို့စိုက်ပါက သီးနှံပင်အရိပ်ကျရောက်မှုကြောင့် အပူသက်သာပြီး ရေငွေ့ပျံနှုန်းသက်သာပါသည်။

(၄) ကြားထွန်ဝင်ခြင်းနှင့် လက်ပေါင်းလိုက်ခြင်းကို လိုအပ်သည်ထက်ပိုမလုပ်သင့်ပါ။

(၅) စိုက်ခြင်းအနီးတွင် လေကာပင်များစိုက်ထားသင့်ပါသည်။

(၆) ထယ်ရေးကိုကြိုတင်လုပ်ဆောင်ထားပြီး ထွန်ရေးညက်ရပါမည်။

(၇) ရှေ့က စိုက်ကြောင်းဆွဲ၊ မျိုးစေ့ချပြီး ချက်ခြင်း မြေပြန်ဖုံးရပါမည်။

(၈) သဘာဝမြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေး၊ ဆိတ်ချေး၊ ကြက်ချေးဆွေးများနှင့် သစ်စိမ်းမြေသြဇာများသုံးစွဲရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်