သားရဲကောင်တွေကိုအသုံးပြုပြီး ဖျက်ပိုးတွေကိုနှိမ်နင်းရာမှာ ဘာတွေကိုထည့်စဉ်းစားရမလဲ

22/01/2020 15:00 PM တွင် Nyome Htwe Nyome Htwe မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြွေဟာ ကြွက်ရဲ့ ရန်သူ/ သားရဲကောင်လို့ဆိုသော်လည်း ကြွက်ပေါတာဟာ မြွေမရှိတာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ သားရဲကောင်လို့ခေါ်တဲ့ Predator တွေကို ဖျက်ကောင် (Pest)နှိမ်နင်းရေးမှာ အောင်မြင်အောင်အသုံးချမယ်လို့ စဥ်းစားတိုင်း ပထမဆုံးအနေနဲ့စဉ်းစားရမှာက

(1) အဲဒီသားရဲကောင်(ဒီနေရာမှာတော့ မြွေ)တစ်ကောင်ဟာ တစ်ရက်ကို Prey (ဒီနေရာမှာတော့ကြွက်ပေါ့) ဘယ်နှစ်ကောင်စားနိုင်လည်းဆိုတာစဉ်းစားရမှာပါ။ အားလုံးသိကြတဲ့အတိုင်း မြွေဟာ သွေးအေးသတ္တဝါဖြစ်တဲ့အတွက် နေ့တိုင်းအစားမစားပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ကြွက်ပေါက်ဆိုရင်တော့ တစ်ခါစားရင် အကောင်များများစားနိုင်သော်လည်း ကြွက်ကြီးဆိုရင်တော့ တစ်ခါစားရင် အကောင်များများမစားနိုင်ပါဘူး။ စားပြီးရင်လည်း သွေးအေးသတ္တဝါဖြစ်တဲ့အတွက် သွေးနွေးသတ္တဝါတွေလို ချက်ချင်းအစာချေပြီး ကယ်လိုရီလောင်ကျွမ်းတာမဟုတ်တဲ့အတွက် အကြာကြီးနေမှ တစ်ခါအစာပြန်စားပါတယ်။ (ဘယ်နှစ်ရက်နေတယ်ဆိုတာ အတိအကျမပြောနိုင်ပေမဲ့ စားထားတဲ့ပမာဏပေါ်ရယ် ပတ်၀န်းကျငိအနေအထားရယ်ပေါ်မူတည်ပြီး အနည်းဆုံး 5ရက်က‌ေန အများဆုံးတစ်လအထိအစာမစားပဲနေနိုင်ပါတယ်)

(2) နောက်အရေးကြီးတဲ့တစ်ချက်ကတော့ ကိုယ်ရွေးချယ်လိုက်တဲ့သားရဲကောင်ဟာ Generalist (အစုံစား) လား Specialist (တစ်ခုတည်းစား ဒီနေရာမှာတော့ ကြွက်ကိုပဲစားတာလား) ဆိုတဲ့အချက်ကို မဖြစ်မနေ စဉ်းစားရပါတယ်။ မြွေဟာ ကြွက်တစ်မျိုးထဲကိုပဲ လိုက်စားတဲ့ Specialist မဟုတ်ပါဘူး Generalist ပါ။

(3) Specialist predator ကို ရွေးပြီးရင်တောင် နောက်ထပ်စဉ်းစားရမှာကတော့ Predator:Prey ပါ အခုအခြေအနေဟာ တောင်ယာထဲမှာ ကြွက်ကျတာလို့ပြောသော်လည်း ကျရောက်တဲ့ကြွက်အမျိုးအစားထဲမှာ အများဆုံးကျတာက ကြွက်ဖြူအမျိုးအစား အပင်တက်ကျွမ်းကျင်တယ်၊ တောင်ယာသီးနှံကို လာဖျက်စီးပြီးရင် တောထဲမှာပြန်နေတယ်။ ဝါးသီးပြီးနောက်ပိုင်းမှာကျန်နေတဲ့အတွက်အကောင်အရေအတွက်များတယ်။ ကျွန်မတို့ လယ်သမား ၁၀ ယောက်ပါတဲ့အဖွဲ့ ကြွက်ပစ်ထွက်တာ တစ်ညကို အကောင်၂၀၀ကျော်ရတယ်။ အဲ့ဒီတော့ ရှိနေတဲ့အကောင်ရေအများကြီးကို လျော့ချဖို့ဆိုရင် ကြွက်ကိုပဲ သီးသန့်စားတဲ့ Specialist predator လွှတ်မယ်ဆိုရင်တောင် အကောင်ရေဘယ်လောက်လိုမလဲ တွက်ကြည့်ပါ။ ကြုံရာစားပြီး ဗိုက်ပြည့်တာနဲ့ တွင်းအောင်း/အိပ်နေမဲ့မြွေဆိုရင်တော့ ထပ်ရှင်းပြစရာလိုမယ်မထင်ပါဘူး။ 

ဒါက Prey (ကြွက်ဖက်ကတွက်တာပါ)

ဒုတိယအချက်အနေနဲ့ကတော့ တောထဲကို Introduce အလုပ်ခံရတဲ့မြွေဖက်က စဉ်းစားရန်အချက်ပါ

(1) သတ္တဝါအားလုံးဟာ နေရာသစ်တစ်ခုရောက်သွားရင် စိတ်ဖိစီးမှုကိုခံရပါတယ်။ တစ်ချို့သတ္တဝါတွေက စိတ်ဖီးစီးမှုကို ဒေါသနဲ့တုံ့ပြန်တတ်ကြပြီး တစ်ချို့ကတော့ စိတ်ဓာတ်ကျတာနဲ့ တုံ့ပြန်တတ်ကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲတုံ့ပြန်သည်ဖြစ်စေ သူတို့ အသက်ဆက်ဖို့ အစာရှာဖွေစားမှာကို ချက်ချင်းလုပ်နိုင်မှာမဟုတ်တဲ့အတွက် Introduce အလုပ်ခံရတဲ့ Predator တွေရဲ့ နေရာသစ်တစ်ခုမှာ အသက်ရှင်သန်နိုင်မှု (Survival Rate) ကို မေ့ထားလို့မရပါဘူး။

(2) ဒါ့အပြင် လောကဓမ္မတာအရ သူ့ငါစား ငါ့သူစားဆိုတဲ့ အစာကွင်းဆက် (Food chain )ထဲမှ မြွေတွေကို စားဖို့ စောင့်နေတဲ့ သားရဲကောင် ( Predator) တွေရှိတာကို သူတို့ရဲ့ သဘာ၀အသိကလည်းသိပါတယ်။ အဲဒီတော့ မျက်စေ့သူငယ် နားသူငယ် သူတို့ရဲ့ ပတ်၀န်းကျင်အသစ်မှာ သူတို့ရဲ့ Predator ရန်ကို စိုးရိမ်နေတဲ့အတွက် ပုံးစရာနေရာရှာနေရမဲ့ မြွေတွေရဲ့ အမဲလိုက်နိုင်မှု (Predator success) က ဘယ်လောက်ပဲရှိမှာလည်းဆိုတာကို သဘာ၀တရားအရ နားလည်သဘောပေါက်သင့်ပါတယ်

နိဂုံးချုပ်အနေနဲ့ကတော့ တောင်သူများကို အကူအညီပေးချင်ရင် စနစ်တကျ နည်းမှန်လမ်းမှန်ကူညီကြပါ ။ ကျွန်မတို့ရဲ့ သုတေသနတွေ့ရှိချက်တွေအရ အခုလိုမျိုး ကြွက် Outbreak ဖြစ်ချိန်မှာ ဆောင်ရွက်ရမဲ့နည်းလမ်းတွေက Community action ပါ နည်းလမ်းတစ်မျိုးတည်းကို သုံးပြီးဖြေရှင်းတာဟာ အောင်မြင်မှုမရနိုင်တဲ့အပြင် မလိုအပ်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်သွားရင် ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးထက်လေးတွေ ဖြစ်မှာဆိုးပါတယ်ရှင်။

ကျေးဇူးပြု၍ တောင်သူများကို ကူညီချင်ရင်

၁။ သံညှပ်ထောင်ခြောက်ထောက်ပံ့ပေးပါ

၂။ တောင်သူများကြွက်လိုက်နိုင်ရန်အတွက် ဓာတ်မီး (Head light) နှင့် လည်ရှည်ဖိနပ်ထောက်ပံ့ပေးပါ

၃။တောင်သူများပိုက်ကွန်နဲ့ကြွက်ဖမ်းနိုင်ရန် ငါးဖမ်းပိုက်ကွန်အဟောင်းများထောက်ပံ့ပေးပါ

၄။ တောင်သူအဖွဲ့လိုက် ကြွက်နှိမ်နင်းရေးဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာအဖွဲ့ များနှင့်စနစ်တကျစီစဉ်ပေးကြပါ။

၅။ ရေတို ရေရှည် အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျ ကူညီရေးသားပေး၍ စဉ်ဆက်မပြတ် တောင်သူများနှင့်ပူးပေါင်းဆောင်ရွက်ပေးကြရန်

၆။ နှစ်ရှည်ပင်ပြောင်းလဲစိုက်ပျိုးလိုသည့်တောင်သူများအတွက် ပျိုးပင်များပံ့ပိုးပေးရန်နှင့် စနစ်တကျစိုက်ပျိုးနည်းစနစ်များညွှန်ကြားပေးရန် တိုက်တွန်းပါရစေရှင်

စေတနာအရင်းခံ၍ ....ညိုမီထွေး (ကြွက်ဂေဟဗေဒပညာရှင်။ စိုက်ပျိုးရေးဦးစီးဌာန)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်