ကြက်သွန်ဖြူစိုက်ရာတွင် ပေါင်းမြက်နှိမ်နင်းခြင်း

26/01/2022 13:40 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်သွန်ဖြူကို စက်တင်ဘာလမှ နိုဝင်ဘာအထိ စိုက်ပျိုးသည်။ အပင်သက်တမ်း ၄-၅ လအကြာတွင် ရိတ်သိမ်းနိုင်သောသီးနှံဖြစ်သည်။ စိုက်ပျိုးသက်တမ်းတစ်လျှောက် အပင်ကောင်းစွာဖြစ်ထွန်းဖို့ ဥ ကောင်းကောင်းဆင်းဖို့ ဥအရည်အသွေးကောင်းဖို့ ပေါင်းမြက်နှိမ်နင်းခြင်းသည်လည်း အထူးအရေးကြီးပါသည်။ ပေါင်းမြက်များသည် အာဟာရ၊ အစိုဓာတ်၊ မြေနေရာနှင့် အလင်းများကိုယှဉ်ပြိုင်စားသောက်တဲ့အတွက် အထွက်နှုန်းနှင့်အရည်အသွေးကို လျော့ကျစေပါသည်။ ပေါင်းမြက်များသည် ဖျက်ပိုးနှင့် ရောဂါဖြစ်စေသောသက်ရှိများပေါက်ဖွားဖို့အတွက် ခိုအောင်းလို့ရတဲ့နေရာဖြစ်နေပေသည်။ ပေါင်းမြက်များကြောင့် အထွက်နှုန်းဆုံးရှုံးမှုသည် ပိုးမွှားရောဂါကြောင့် အထွက်နှုန်းဆုံးရှုံးမှုထက် ပို၍ပင်မြင့်နေသည်ကိုလည်းတွေ့ရပါသည်။ ပေါင်းမြက်ကြောင့် ဥအထွက်နှုန်း ၃၀-၆၀ ရာခိုင်နှုန်းထိဆုံးရှုံးနိုင်ပါသည်။

ပေါင်းမြက်များကာကွယ်နှိမ်နင်းနည်း

ကြက်သွန်စိုက်မည့်မြေပြုပြင် ဘောင်ဖော်ရာတွင် ပေါင်းမြက်အပင်အကြွင်းအကျန်များကို သန့်ရှင်းပေးရမည်။ ကောက်ရိုးဖုံးစိုက်ပျိုးခြင်းသည် ပေါင်းမြက်များပေါက်ရောက်မှုသက်သာစေသည်။ 

စိုက်ပြီး တစ်ပတ်အကြာမှ အပင် (၂) လသားအရွယ်ထိ ပေါင်းကင်းရှင်းဖို့ တစ်ပတ်တစ်ကြိမ် လက်ပေါင်းလိုက်တာမျိုးလုပ်ပေးသင့်ပါသည်။ 

ဓာတုဆေးများအနေဖြင့် အရွက် ၃-၄ ရွက်ထွက်ချိန်နှင့် အပင်မစိုက်ခင်တွင် အောက်စီဖလိုရိုဖန် (oxyfluorfen) နှင့် အောက်စာဒိုင်ရာဇွန် (oxadiazon) တို့ကိုဖြန်းပေးခြင်းဖြင့် ပေါင်းမြက်နှိမ်နင်းရာတွင်ထိရောက်မှုရှိစေသည်။ မိုးရွာသောအခြေအနေတွင် ပေါင်းမြက်ထူခြင်းကို oxyfluorfen တစ်မျိုးတည်းက ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။ 

ကိုးကား- https://www.phytojournal.com/archives/2018/vol7issue1/PartT/7-1-37-814.pdf

https://www.sciencedirect.com/science/article/abs/pii/0261219495000852

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်