ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးတော့မယ်ဆိုရင် ဘာတွေ အထူးပြုလေ့လာထားသင့်လဲ...?
ကောက်ရိုးမှိုစတင်စိုက်ပျိုးမယ့် တောင်သူတိုင်း သိထားသင့်တဲ့ အဓိကသတိပြုရမယ့် အချက်လေးတွေကို မေးမြန်းစူးစမ်း တင်ပြပေးလိုက်ပါတယ်။
ဂရုပြုရမယ့်အချက်လေးတွေကတော့
(၁) နေရာဒေသ၊
(၂) မျိုးရွေးချယ်မှု
(၃) စိုက်ပျိုးပြုစုထိန်းသိမ်းစနစ် ကျွမ်းကျင်နိုင်နင်းမှု
(၄) လုပ်ငန်းစီမံခန့်ခွဲမှု
(၅) စျေးကွက်အနေအထား
(၆) စွန့်ပစ်ပစ္စည်းများ စနစ်တကျပြန်လည်အသုံးချမှု စတာတွေ ဖြစ်ပါတယ်။
ပထမဦးဆုံး စိုက်ပျိုးလုပ်ကိုင်လိုတဲ့ နေရာဒေသကို ရွေးချယ်ပါ။ ကိုယ်စိုက်ပျိုးမယ့် မြေဟာ ကောက်ရိုးမှိုစိုက်ပျိုးဖြစ်ထွန်းမယ့် မြေအမျိုးအစား ဖြစ်ရပါမယ်။ ခြ၊ ပုရွက်ဆိတ်နဲ့ တခြားသက်ရှိပိုးမွှားလေးတွေ ကင်းတဲ့နေရာ၊ အနံအသက်ဆိုးတွေ ကင်းဝေးရာကို ရွေးချယ်ပါ။ ရေစီးရေလာကောင်းပြီး ရေမဝပ်တဲ့နေရာ၊ ရေစုပ်ယူထိန်းသိမ်းထားနိုင်တဲ့ နေရာဖြစ်ရပါမယ်။ စိုက်ပျိုးမြေဟာ မြို့တွင်းနဲ့အလှမ်းမဝေးတဲ့ နေရာမျိုးဖြစ်မှသာ ကုန်ကြမ်းနဲ့ ကုန်ချော သယ်ယူပို့ဆောင်ရာမှာ ကုန်ကျစရိတ်သက်သာပြီး တွက်ချေကိုက်မှာ ဖြစ်ပါတယ်။
ရေကောင်းစွာရရှိတဲ့နေရာ။ လုပ်သားအလွယ်တကူရရှိတဲ့ နေရာ။ ကုန်ကြမ်းအလွယ်တကူရရှိတဲ့ နေရာမျိုးဖြစ်ရပါမယ်။ ဒေသဆိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အပူပိုင်းဒေသ၊ သမပိုင်းဒေသ၊ အအေးပိုင်းဒေသ ဆိုပြီးရှိတဲ့အနက် ကောက်ရိုးမှိုနဲ့သင့်တော်တာက အပူပိုင်းဒေသနဲ့ သမပိုင်းဒေသ တွေပါ။ ကောက်ရိုးမှိုက အပူချိန်မြင့်ကြိုက်မှိုမို့ အအေးပိုင်းဒေသမှာ စိုက်ပျိုးရင် အခက်အခဲ အနည်းနဲ့အများ ရှိနိုင်ပါတယ်။
ဟု စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကံပြားလေးမှိုခြံမှ ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးနေသူ ကိုသိန်းသန်းမောင်မောင်က ရှင်းပြပါတယ်။
ကောက်ရိုးမှိုစိုက်ပျိုးလိုတဲ့ တောင်သူတိုင်းဟာ မိမိဒေသ ရာသီဥတုကို သိရှိနားလည်ပြီး ရာသီအလိုက် စိုက်ပျိုးပြုစုနည်းစနစ်တွေကို နားလည်ရမယ့်အပြင် ကုန်ကြမ်းရွေးချယ်ရာမှာ ဒေသတွင်း ပေါများတဲ့ကုန်ကြမ်းကို ဦးစားပေးသင့်သလို မှိုမျိုးရွေးချယ်ရာမှာ ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်ရရှိဖို့လည်း လိုအပ်ပါတယ်။
လုပ်ငန်းစီမံခန့်ခွဲမှုကလည်း အရေးကြီးတယ်။ မှိုလုပ်ငန်းမို့ အဲ့ဒီလောက် မလိုဘူးမထင်ပါနဲ့။ စစိုက်ချိန်ကနေ ခူးဆွတ်ချိန်အထိ နေ့စဉ်လုပ်ငန်းစီမံခန့်ခွဲမှုတွေ လိုပါတယ်။ နောက်ထပ် ဂရုပြုသင့်တာကတော့ စျေးကွက်ပါ။ မှိုစိုက်သူအနေနဲ့ ပြည်ပစျေးကွက်ကို မျှော်လင့်မိမှာဘဲ။ အရမ်းမျှော်လင့်ထားလို့ မရပါဘူး။ အားသာချက်အနေနဲ့ကတော့ ကောက်ရိုးမှိုက ပြည်တွင်းစျေးကွက်မှာကို စျေးကွက်ကောင်းနေပါသေးတယ်။ တခြားသီးနှံတွေလို စျေးအတက်အကျလည်း သိပ်မကြမ်းပါဘူး။
ဟု ကိုသိန်းသန်းမောင်မောင်က ဆက်လက်ပြောပါတယ်။
ကောက်ရိုးမှိုစိုက်ပျိုးရေးလုပ်ငန်းဟာ ''အမှိုက်ထဲကနေ ရွှေ'' ဖြစ်ပါသော်လည်း စိုက်နည်းစနစ်နားမလည်ပဲ စိုက်ပျိုးမိပါက ''ရွှေထဲက အမှိုက်'' ဖြစ်သွားတတ်တာမို့ အထက်ပါ သိရှိလိုက်နာစရာများကိုဖတ်ရှူ့ပြီး မိမိနေထိုင်ရာ မြို့နယ်စျေးကွက်မှာ ကုန်ချိန်ဘယ်လောက် လိုအပ်နေသလဲ? ကိုယ့်ခြံကနေ ဘယ်လောက်ပမာဏထွက်နှုန်းနဲ့ ပုံမှန်စျေးကွက်တင်ပို့နိုင်မလဲ? စတာတွေ စနစ်တကျ တွက်ချက်ပါ။ မှိုထွက်နှုန်းများချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စျေးကွက်အနေအထားကို ကြိုတင်လေ့လာပါ။
ဒါ့အပြင် ကောက်ရိုးမှိုစိုက်ပျိုးရေးက စွန့်ထုတ်လိုက်တဲ့ အရာများကို အခြားဥယျာဉ်၊ ခြံစိုက်ပျိုးရေးနဲ့ လယ်ယာကဏ္ဍ တွေမှာ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်တယ် ဆိုတဲ့ အချက်ကလေးကိုလည်း ထပ်လောင်း အသိပေးလိုက်ရပါတယ်။
မှိုစိုက်ပျိုးရင်း စီးပွားဖြစ်ထွန်းနိုင်ကြပါစေရှင်။
နန်းထက်ထက်ချစ်(ABM)
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကောက်ရိုးမှိုစိုက်ပျိုးနည်း
aung maw
လွန်ခဲ့သော ၄ နှစ် ကကောက်ရိုးမှိုရှင်သန်ဖို့အပူချိန်27°Cမှ38°Cအကြားရှိရပါမယ်သိရှိရပါတယ်10လောက်ကျော်ရင်အပင်သေတာအပွင့်သေးတာဖြစ်ပါတယ်တဲ့အဲဒီမှိုကျင်းထဲကအပူချိန်တိုင်းတာဖို့ဘယ်လိုစက်သုံးပါသလဲ
ဇွဲထက်
လွန်ခဲ့သော ၅ နှစ် ကစင်နဲ့ဘယ်လိုစိုက်ရင်ရလည်
ko zin
လွန်ခဲ့သော ၅ နှစ် ကစိုက်ပျိုးနည်းရှင်းပြပေးပါလား
မျိုးသူ
လွန်ခဲ့သော ၅ နှစ် ကစင်နဲဘယ်လိုစိုက်ရတယ်ကျေးဇူးပြု၍ပြောပေးပါ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 0 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 0 ခု
အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်
Htet Lin • ဖြေကြားချက် 1 ခု
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 4 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022