အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးစီးပွားဆိုတာ အပိုင်း (၃)

စိုက်ပျိုးစီးပွားဆိုတာ အပိုင်း (၃)

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 17/06/2019

အမြတ်အများဆုံးရအောင် ဘယ်လိုရောင်းမလဲ

အစွန်းထွက်ကုန်ကျစရိတ်ကသာ ကိုယ်ရောင်းနေတဲ့ ဈေးအောက်မှာ ရောက်နေတယ်ဆိုရင် သူတို့ တိုးတိုးပြီးထုတ်ရင်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ တစ်စတစ်စကြီးထွားလာကြတာပါ။ ဂေါ်ဖီထုပ်(၁၀၀) ရှိတယ်။ ၁၀၁ ထုပ်လိုချင်တယ်ဆိုတော့ တစ်ထုပ်ကို အိမ်နောက်ဖေးကနေ ခူးထည့်ပေးလိုက်တယ်။ နောက်တစ်ခေါက်ကို တစ်ထုပ်တစ်ထုပ်တိုးရင်းနဲ့ အိမ်နောက်ဖေးတစ်ခုလုံး ဂေါ်ဖီတွေ စိုက်ဖြစ်သွားတယ်။ အဲ့ကနေမှ အကွက်သေးသေး ထပ်စိုက်ဖြစ်တယ်။ အကွက်ကြီးတွေကို တစ်စထက်တစ်စ ပြောင်းသွားတယ်။ အဲ့လိုပဲ ကြီးထွားလာကြတာပါ။ အိမ်နောက်ဖေးတင် စိုက်ထားတာဆိုတော့ ပေးလိုက်လို့ရတယ်။ 

သူများအခင်းကနေ အိတ်စိုက်ပြီးတော့ ဝယ်ဝယ်ထည့်ပေးနေရတယ်ဆိုရင်ရော။ ကိုယ်ရတာက ဂေါ်ဖီတစ်ထုပ်ကို (၅၀)၊ သူများအခင်းကနေ ယူပေးရတာက (၆၀) ဆိုရင် ကြာရင်ထိတော့မှာ။ အစွန်းထွက်ကုန်ကျစရိတ်ဆိုတာ အဲ့သဘောပဲ။ 

ဒါဆိုရောင်းကြမယ်ဆိုရင် အနည်းဆုံးတော့ အစွန်းထွက်ကုန်ကျစရိတ်က ရောင်းတဲ့ဈေးထက် နည်းကိုနည်းနေရမှာ။ သူများအခင်းကနေ (၄၅) ကျပ်နဲ့ ယူပေးလိုက်တယ်ဆိုရင် ကိုယ်က (၅)ကျပ်မြတ်နေဦးမှာ။ (၅၀) ပဲဆိုရင်တော့လည်း စဉ်းစားပေါ့နော်။ ဒါကတော့ ရောင်းနည်းကိုပြောပြလိုက်တာ။

စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာက တကယ်တော့ မလွယ်လှပါဘူး။ ကိုယ့်မှာ ဂွင်ရှိတယ်ဆိုရင် အဲ့လုပ်ငန်းကို လိုက်လုပ်ကြတာ ပြိုင်ဖက်တွေရှိလာတာက ထုံးစံပဲလေ။ သူတို့ဝင်လာမှာက ကိုယ် (၅၀) ဆို သူတို့က (၄၈) ကျပ်နဲ့ ဝင်လာမှာပါ။ အဲ့ဒါကိုမှ (၄၈) ကျပ်နဲ့ မြတ်နေသေးတယ်ဆိုရင်လည်း (၄၅) ကျပ်တန် ပစ္စည်းတူသမားတွေ ထပ်ဝင်လာပြီးတော့ ကိုယ့်လုပ်ငန်းအတွက် ပြိုင်ဖက်တွေကို တိုးလာစေပါတယ်။ 

အဲ့ဒါ ဘယ်အချိန်ထိ ဝင်လာနေမလဲဆိုတော့ သူတို့အရင်းကို မထိတဲ့အထိ ဝင်ရောက်လာမှာပါ။

ပုံလေးကို တစ်ချက်ကြည့်ရအောင်။ ရောင်းသူတွေ များလာတယ်ဆိုတာက ရောင်းလိုအားတွေ များလာတာပါပဲ။ ရောင်းလိုအားများလာတယ်ဆို ဝယ်ပါ ဝယ်ပါဆိုရင် ဈေးကကျကိုကျပါတယ်။ ဈေးကျရဲ့သားနဲ့တောင် အပိုဆောင်း ပေးကိုပေးမှ၊ လက်သာမှ ဝယ်ချင်ကြတာဆိုတော့ ရောင်းလိုအားမျဉ်းက လက်ယာဖက်ကို (အောက်ဖက်ကို) ရွေ့ သွားပါတယ်။ 

နဂိုရောင်းနေရတဲ့ နေရာကနေ ညာဖက်ကို ရွေ့သွားပြီးတော့ ဈေးကလည်း ကျသွားတာကိုမြင်ရမှာပါ။ ကိုယ့်ဘေးမှာ ကိုယ့်လို နောက်တစ်ဆိုင် ရောက်လာရင်တော့ သတိထားရမှာပါ။ ကိုယ်ပန်းစိုက်နေတဲ့ နေရာနားမှာ ပန်းခင်းကြီးလာစိုက်နေတာကို တွေ့ရင်လည်း ကိုယ့်ပစ္စည်းက ပိုပြီးလှနေဖို့ကို ဂရုစိုက်ရတော့မှာပါ။ ဘာလို့လဲဆိုရင် ဝယ်မဲ့သူတွေက ဈေးနည်းနည်းနဲ့ အရည်အသွေးကောင်းကောင်း (ပေါချောင်ကောင်း) ကိုရှာကြတာကိုး။ အဲ့တော့ ပြိုင်ဖက်တွေကိုလည်း ကြည့်ပြီးတော့ တိုက်ခိုက်ပါ။

ထွန်းဝင်းကျော်

 

khonwaizaw

khonwaizaw

လွန်ခဲ့သော ၄ နှစ် က

ပညာရပါတယ်

You

ဆက်စပ်မေးခွန်းများ

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 2 ခု

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။