အိုးကြပ်ခြင်း (Pot Bound) သို့ အမြစ်ကြပ်ခြင်း (Root Bound) ဆိုတာဘာလဲ?

08/10/2021 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ပန်းအိုးတစ်အိုးအတွင်း စိုက်ပျိုးထားတဲ့အပင်များ ကြာလာတဲ့အခါ အမြစ်နေရာ အပြည့်ယူထားပြီးဖြစ်လို့  Pot Bound ဖြစ်ပြီ၊ တစ်နည်းအားဖြင့် Root Bound ဖြစ်ပြီလို့ ပြောပါတယ်။

    အပင်ဟာ အဲ့ဒီအခြေအနေမှာ ဆက်ထားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကျန်းမာသန်စွမ်းမှု လျော့ကျလာပြီး နောက်ဆုံးမှာ အပင်သေနိုင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဘယ်လိုအခြေအနေမှာ အမြစ်ကြပ်ပြီလို့ သိရှိနိုင်သလဲ?

    အပင်ဟာ ရောဂါပိုးမွှားကျရောက်ခြင်းမရှိဘဲ မကြာခဏညှိုးတယ်၊ အပင်ကြီးထွားမှု ရပ်တန့်နေတယ်၊ အမြစ်ကြီးထွားမှု ရပ်တန့်နေတယ်၊ ထပ်ထွက်တဲ့အရွက်တွေက သေးငယ်လာတယ်၊ အပွင့်အရည်အသွေးကျဆင်းလာတယ်။ (အပွင့်ငယ်တယ်၊ ကြွေကျတယ်)၊ အောက်ပိုင်းအရွက်တွေ ဝါပြီး ပြုတ်ကျလာတယ်။ ဒါတွေဖြစ်ပြီဆိုရင် အပင်က အိုးကြပ်လာပြီ၊ အမြစ်ကြပ်လာပြီဆိုတာ သိရှိနိုင်ပါတယ်။ အိုးကိုခွဲကြည့်လိုက်ရင်တော့ ပုံမှာပြထားသလို အိုးဘေးပတ်လည်တစ်လျှောက် အမြစ်များဟာ ပိုက်ကွန်သဖွယ် ယှက်သန်းနေတာတွေ့ရပါမယ်။

    ပထမဦးဆုံးအနေနဲ့ အိုးရဲ့မျက်နှာပြင်မှာ အမြစ်တွေတက်လာပြီလို့ တွေ့ရပြီဆိုရင်တော့ pot bound ဖြစ်တာ ၁၀၀ ရာခိုင်နှုန်း သေချာနေပြီပဲ ဖြစ်ပါတယ်။ (မှတ်ချက်။ အချို့သောအပင်အမျိုးအစားမှာ အပေါ်ယံအမြစ်တက်တတ်သည့် သဘောသဘာဝရှိပါသည်။)

အဲ့ဒီအခြေအနေမှာ ဘယ်လိုဖြေရှင်းပေးမှာလဲ?

    နှစ်ပိုင်းရှိပါတယ်။

    နဂိုထက်ကြီးတဲ့ အိုးအသစ်နဲ့ ပြောင်းရွှေ့စိုက်ပျိုးခြင်းဖြင့် ဖြေရှင်းပေးနိုင်သလို အပင်ခွဲစိုက်ပျိုးခြင်းဖြင့်လည်း လုပ်ပေးနိုင်ပါတယ်။

    နောက်တစ်ခုက မိမိမှာ လက်ရှိအိုးပဲရှိတယ်၊ ပြောင်းစရာ အိုးအကြီးလည်းမရှိဘူးဆိုရင်တော့ မြေစာအသစ်လဲခြင်းကို ဆောင်ရွက်ပေးရပါမယ်။

အိုးပြောင်းဖို့ လုပ်ကိုင်ပုံ အဆင့်ဆင့်

    အိုးပြောင်းမယ်ဆိုရင် ပထမအိုးအခြေရှိ ရေထွက်ပေါက်များမှ ထွက်ရှိနေတဲ့ အမြစ်များကို ဖြတ်တောက်ပစ်ပါ။ မြေအိုးဖြစ်ပါက အိုးနှုတ်ခမ်းတောက်လျှောက်ကို ဓါးလက်ကိုင်ရိုး (သို့) တုတ်တစ်ချောင်းဖြင့် အသာအယာထုခေါက်ပေးပါ။

    လှည့်ပတ်ခေါက်ပြီး မြေလုံးခြောင်လာလျှင် အိုးမှနေ၍ မြေလုံးမကွဲစေရန်သတိထားပြီး ဆွဲထုတ်ပါ။ အလုံးလိုက်ပါလာသောအခါ ဓါးမထက်ထက်ဖြင့် ပိုက်ကွန်သဖွယ် ယှက်နေသောအမြစ်များကို ငှက်ပျောခေါင်းပါးပုတ်သလို လှီးဖြတ်ပစ်ပါ။ အောက်ဖက်ကိုလည်း လှီးဖြတ်ပစ်ပါ။ ပြီးရင် စိုက်မြေအသစ်ဖြင့် အိုးအသစ်တွင်း ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။

    ရွှေ့ပြောင်းစိုက်ပြီးသောအပင်ကို  နေရောင်တိုက်ရိုက်ရရှိမှုနှင့် မိုးရေတိုက်ရိုက်ကျရောက်မှုမှ ကင်းဝေးသည့် အမိုးအကာအောက်တွင် ရေဝအောင်လောင်းပြီး နှစ်ပတ်သုံးပတ်ခန့် ထားရှိပေးပါ။ ပြီးလျှင် နံနက်ခင်း နေရောင်ရရှိမှုနေရာမှ တစ်ဆင့်ပြီးတစ်ဆင့် အပြင်သို့ထုတ်ပေးနိုင်ပါသည်။

(Ko Soe Lay  Shared Myay fb စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်