မိုက်ကိုရိုက်ဇာမှိုဆိုတာ ဘာလဲ?
အပင်တွေရဲ့ (၈၀) ရာခိုင်နှုန်းက မိုက်ကိုရိုက်ဇာမှိုတွေနဲ့ တူတူရှင်သန်နေထိုင်ကြပါတယ်။ အဲ့လို အပင်နဲ့ မှိုလေးတွေ ယှဉ်တွဲနေထိုင်ကြတဲ့ ပုံစံက (၂)ဦး (၂) ဖက် အဆင်ပြေတဲ့ ပတ်သက်မှုပါပဲ။ ဒါဟာ နှစ်သန်းပေါင်း ၄၅၀ ကျော်ကတည်းက ရှိလာတဲ့ ပုံစံဖြစ်ပါတယ်။ အကျိုးတူ ဆက်နွယ်မှုတွေဆိုတာက မိုက်ကိုရိုက်ဇာမှိုနဲ့ အပင်အမြစ်တွေကြားထဲက ပတ်သက်ဆက်နွယ်မှုတွေကနေ စတင်ပါတယ်။
ပထမအဆင့်အနေနဲ့ အမြစ်နားက မိုက်ကိုရိုက်ဇာမှိုစပိုးလေးတွေက အညှောင့်လေးတွေပေါက်လာပါတယ်။ ပြီးတော့ အမြစ်ထဲကို မှိုမျှင်လေးတွေက ထိုးဖောက်ဝင်ရောက်သွားကြပါတယ်။ အမြစ်ဆဲလ်ထဲမှာ မှိုမျှင်လေးတွေက ပွားများလာပြီးတော့ သူတို့ (၂) ခုကြားမှာ သကြားနဲ့ အာဟာရတွေကို ပြောင်းလဲမှုတွေ လုပ်ကြပါတယ်။
နောက်ဆုံးမှာတော့ မှိုမျှင်လေးတွေက အပင်အမြစ်အပြင်ဖက်မှာပဲ ပွားများကြီးထွားလာပြီးတော့ အမျှင်လေးတွေကနေ ပိုပိုကြီးထွားတဲ့ ပင့်ကူမျှင်ပုံစံလေးတွေဖြစ်လာကြပါတယ်။ အဲ့ဒါဟာ အမြစ်တွေကြီးထွားနိုင်တဲ့ ဧရိယာထက် အဆ (၇၀၀) နီးပါးလောက်အထိ ပွားလာတာပါ။
သူတို့ပွားများနိုင်တဲ့ နေရာတွေကနေတစ်ဆင့် အာဟာရတွေကို အမြစ်လေးတွေကနေ စုပ်ယူလာနိုင်ကြတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ အဲ့ဒါက အပင်သက်တမ်းတစ်လျှောက်လုံး ရနိုင်မဲ့ အကျိုးကျေးဇူးပဲဖြစ်ပါတယ်။
မြေသားမှာ ကျွန်တော်တို့ ပြုပြင်ကြတဲ့ အလေ့အကျင့်တွေကြောင့်မို့ မြေကြီးထဲက မိုက်ကိုရိုင်ဇာတွေက လျော့နည်းလာပါတယ်။ အဲ့တော့ ဆုံးရှုံးသွားတဲ့ မိုက်ကိုရိုက်ဇာလေးတွေကို ကျွန်တော်တို့ ဘယ်လိုပြန်ဖြည့်ပေးနိုင်မလဲဆိုတာကို တွေးရပါမယ်။
စပိုးလေးတွေကို အမြစ်နားမှာ ပြန်လည်ဖြည့်တင်းပေးခြင်းပေးက သူတို့လေးတွေကို အညှောင့်ပေါက်ပြီး အမြစ်ထဲမှာ ရှင်သန်စေပါတယ်။ ပြီးတော့ သူတို့ကြီးထွားလာစေခြင်းအားဖြင့် မိုက်ကိုရိုက်ဇာမှိုမျှင်လေးတွေကနေပြီးတော့ မြေကြီးထဲကအာဟာရတွေကို ရရှိစေပါတယ်။ မြေကြီးထဲမှာ မှိုမျှင်လေးတွေက ကြီးထွားလာစေတယ်။ ပြီးတော့ မြေကြီးထဲကရေနဲ့ အာဟာရတွေကို အပင်ဆီကို ပြန်ပို့တယ်။ အပင်တွေကို ကြီးထွားစေတယ်။ အပင်အမြစ်တွေနားမှာ အလုံးလေးတွေလိုမျိုး တွယ်ကပ်နေတဲ့ပုံစံကြောင့် မြေဆီသြဇာတွေကို လွယ်လွယ်စုပ်ယူလာနိုင်စေပါတယ်။ ဒါကြောင့်မို့ မြေဆီသြဇာကျွေးရတာကို လျော့ချနိုင်ပြီးတော့ မြေဆီသြဇာတွေကြောင့်ဖြစ်လာနိုင်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကိုလည်း လျော့ချပေးနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ အပင်တွေကလည်း ပရိုတင်းချက်လုပ်ဖို့အတွက်ကို နိုက်ထရိုဂျင်ကို များများလိုအပ်ပါတယ်။ များများလိုအပ်တော့ မြေကြီးထဲကနေ များများစုပ်ယူပြီးတော့ စိုက်ပျိုးမြေတွေဟာဆိုရင် နိုက်ထရိုဂျင် ချို့တဲ့မှုတွေ ဖြစ်လာပါတယ်။
ကျွန်တော်တို့ သိထားကြတဲ့အတိုင်း (၇၈) ရာခိုင်နှုန်းသော နိုက်ထရိုဂျင်တွေက လေထုထဲမှာ ရှိတာဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုသာ လေထုထဲကနေစုပ်ယူပြီး အသုံးပြုနိုင်ကြပေမဲ့ နိုက်ထရိုဂျင်ကိုတော့ လေထဲကနေ တစ်ခါတည်းသုံးလို့မရပါဘူး။
သူတို့က နိုက်ထရိုဂျင်ကို ပျော်ဝင်နိုင်တဲ့ပုံစံနဲပဲ စားသုံးနိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားတွေကတော့ လေထုထဲကနိုက်ထရိုဂျင်ကို စုပ်ယူနိုင်ပါတယ်။ ပြီးတော့ အဲ့နိုက်ထရိုဂျင်တွေကိုပဲ ပျော်ဝင်နိုင်တဲ့ ပုံစံကိုပြောင်းလဲပေးပါတယ်။
ရိုင်ဇိုဘီယမ်ဘက်တီးရီးယားတွေက မြေပဲပင်တွေလိုမျိုး ပဲမျိုးရင်းဝင်အပင်တွေမှာနေပြီးတော့ အပင်တွေအတွက် နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးပါတယ်။ အပြန်အလှန်အားဖြင့်တော့ ဘက်တီးရီးယားတွေကို အပင်တွေကနေ နေစရာနေရာနဲ့ အစားအစာတွေကို ထောက်ပံ့ပေးပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အပင်လေးတွေနဲ့ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားလေးတွေက အပြန်အလှန်အကျိုးရှိတဲ့ ပတ်သက်ဆက်နွယ်မှုတွေ ရှိတယ်ဆိုတာကတော့ ငြင်းလို့မရပါဘူး။
ထွန်းဝင်းကျော်
https://www.youtube.com/watch?v=-dhdUoK7s2s
https://www.youtube.com/watch?v=oUhD_oFDv-4&t=2s
https://www.youtube.com/watch?v=v88gbtKBTv4&t=4s
https://www.youtube.com/watch?v=uukhM3-feQk&index=5&list=PLbsjvner28-GKt8F6YmFaDK8KcZLB-iLd
https://www.youtube.com/watch?v=z-x12sUNVYg
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
Paclobutrazol 15% WP Plant Growth Regulator အာနိသင်ရှိ ဆေးကို စပါးခင်းမှာ အသုံးပြုချင်တာပါ။ စပါးပင်သတ်တမ်း ဘယ်အရွယ်မှာ အသုံးပြုသင့်ပါသလဲခင်ဗျာ။ ဆိုးကျိုးအနေနဲ့ ဘာတွေများ ဖြစ်နိုင်ပါသလဲ။
Nan Lin Soe • ဖြေကြားချက် 1 ခု
ဘာအရွက်လဲ ပိတောက်ရွက်လား
Linn Khit Oo • ဖြေကြားချက် 2 ခု
ရေဆင်းပဲပုပ် ၁၁ အကြောင်းပြောပြပါ
May Myat Oo • ဖြေကြားချက် 1 ခု
ခရမ်းသီးပင်တွေ အညွှန့်တွေ ငြိုးကျနေလို့ပါ ဘယ်လိုပြုပြင်ရမလဲ ဆရာတို့ ကူညီပါအုန်း။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
စိုက်ဧက 1ဧကအတွက် မတ်ပဲမျိုး ဘယ်နတင်း ကျဲသင့်လဲ ရေလိုက်ခုတ်ဖုံး အတွက်ပါ အခုမှ လယ်စလုပ်သူမို့ မသိလို့ပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
More from Htunn Winn Kyaw
အားလုံး
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
06/07/2026