အင်းဆက် killer နဲ့ ခြင်​ဆေးဘူး ဘာကွာခြားသလဲ?

19/04/2020 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်းဆက်တွေမလာအောင် ပုရွက်ဆိတ်တို့ ပိုးဟပ်တို့မလာအောင်ဖျန်းတဲ့ ဆေးဘူး​တွေမှာပါတဲ့ ဓာတုဆေးကို DEET လို့ခေါ်ပါတယ်။

N,N Dethyl-3-methylbenzamide (or) diethyltoluamide တဲ့ သူအမည်အပြည့်အစုံက။ အဲ့ဆေးဘူးတွေထဲမှာ DEET 10-30% နဲ့ Ethanol ရောထားတာ။ အဲ့ဒီအချိုးအတိုင်းသာ မှန်တယ်ဆိုရင် မျက်နှာနားတေ့မဖျန်းရင်၊ အစားအစာတွေအပေါ် ဒဲ့မဖျန်းရင်၊ လေလုံပိတ်အခန်းထဲမှာသာမဖျန်းရင် အရမ်းကြီးအန္တရာယ်မရှိဘူး။

တိုက်ရိုက် အရေပြားကို ဖျန်းမိ ကိုင်မိ အသက်ရှုလမ်းကြောင်းကိုသာ ဖျန်းမိရင်တော့ အရေပြားဆို ပူမယ် ယားမယ်။ ရေဆေး ဆပ်ပြာတိုက် ခဏနေသက်သာမယ်။ အဲ မျက်စိထဲ အသက်ရှုလမ်းကြောင်း၊ အစာလမ်းကြောင်းထဲ ဒဲ့ရောက်သွားရင်တော့ ဆေးခန်းသာ ပြေးပေတော့ပေါ့။

ကြည့်ဖျန်း။ အစားတွေ aircon ခန်း၊ ခြင်ဇကာတပ် အခန်းတွေထဲမှာ။ DEET 10-30% ဟုတ်မဟုတ်က ဘူးပေါ်ရေးထားတာ ယုံရတာ။ ကိုယ်သေချာသိတာမဟုတ်ဘူး။

ကိုယ့် brand က အင်းဆက်တွေသေသဟဲ့လို့ ဝယ်လိုအားတက်စေချင်ပြီး ထုတ်လုပ်သူ သစ္စာမရှိ ရာနှုန်းပိုလိုက်ရင် ကိုယ်ဖျန်းမိ ကိုယ့်မိသားစုပဲထိမှာ။

အာ့မို့ အင်းဆက် killer ဖျန်းရင် မိသားစုကို အရင် ဝေးရာမှာနေခိုင်း။ ဖျန်းတဲ့အနားကို နာရီဝက်လောက်နေမှ ပြန်သွားခိုင်း။

အသက် ၂ နှစ်အောက် ကလေးရှိတဲ့အိမ်မှာ လုံးဝမဖျန်းသင့်ဘူး။ ကလေးရဲ့ neuro system အာရုံ​ကြောကို ထိခိုက်စေသတဲ့ US-EPA ကပြောတာ။ insect killer ​ဆေးဘူးကို ဝယ်တဲ့သူတိုင်း ​ဆေးဘူး​ပေါ်က DEET ရဲ့အချိုးကို ကြည့်ပြီးဝယ်ရမယ်ဆိုတာ မသိကြပါဘူး။ ၃၀ % ထက်​ ပိုပြီးပါဝင်ရင် အသက်အန္တရာယ်ရှိပါတယ်။ အိမ်သုံးအတွက်ထုတ်ထားတဲ့ပမာဏထက်​ ကျော်လို့မရပါဘူး။

ခြင်ဆေးဘူးမှာကျတော့ permethrin ဆိုတဲ့ဓာတုပစ္စည်းပါတာ။ သူက Synthetic Pyrithroid ရဲ့ first generation AI အုပ်စု။ Insect killer ဘူးနဲ့ မတူဘူး။ အများစုက အတူတူပဲလို့ ထင်ကြတယ်။ 

ရာသီဥတုပူနေချိန်မှာ မဖျန်းရဘူး။ အရေပြားထိခိုက်မှု ပိုများတတ်တယ်။ အသက် ၂ နှစ်အောက် ကလေးနဲ့ ကိုယ်ဝန်ဆောင်ရှိရင် မဖျန်းရဘူး။

ခြင်ဆေးဘူးအငွေ့ကို မကြာခဏရှူရတဲ့ အနေအထားဆိုရင် သွေးကြဲမယ်၊ အဆုတ်နဲ့ အသည်းအကျိတ် ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အဖြေတွေရှိတယ်။

အသက်ကို ဉာဏ်စောင့်၏။

Source -DaDa  (2002 B.Agr.Sc)

 "သီးနှံကာကွယ်​ရေးဆိုင်ရာ အ​ထွေ​ထွေဗဟုသုတများ" ဖေ့ဘုတ်ပေ့ချ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်