ဒီနှစ်နွေက ထောပတ်သီးတွေ ဘာကြောင့်အကြွေများတာလဲ

19/11/2019 10:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီနှစ်နွေက ထောပတ်သီးတွေ တော်တော်ကြွေကျတာပဲ  ဘာများဖြစ်လို့ပါလိမ့်

ဘာကြောင့်လဲဆိုတော့ ခုပြောပြမဲ့အချက်တွေကြောင့်ပေါ့

(၁) အပင်အောက်က ပေါ်နေတဲ့အမြစ်တွေကို နှောက်ယှက်ထိခိုက်မိခြင်း

တကယ်စားသုံးမှုကို လုပ်ဆောင်တဲ့ ထောပတ်ပင်ရဲ့ အစိတ်အပိုင်းဟာ အမြစ်တွေဖြစ်ပြီးတော့ အဲ့အမြစ်တွေက မြေအောက်အနက်ကြီးထဲမှာ ရှိနေတာမဟုတ်တဲ့အတွက်ကြောင့်မို့လည်း တူးဆွတာတို့ ဘာတို့ ပြုလုပ်တဲ့အချိန်မှာ အမြစ်ကိုထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အဲ့လိုဆိုရင် အသီးတွေ တစ်ဖြုတ်ဖြုတ်ကြွေတော့မှာပါ။ အဲ့လိုမဖြစ်အောင် ဘာလုပ်ပေးထားနိုင်လဲဆိုရင် အပင်ခြေရင်းမှာ မြေဖုံးတဲ့ တစ်ခုခု ကောက်ရိုးလိုမျိုးနဲ့ ဖုံးထားပေးပြီးတော့ မတူးဆွနိုင်အောင်လုပ်ထားရင် အကောင်းဆုံးဖြစ်မှာပါ။

(၂) ရေကြောင့် 

ရေပေးလိုက်တာ မလုံလောက်တာပဲဖြစ်ဖြစ် များနေတာပဲဖြစ်ဖြစ် အသီးကြွေတာမျိုးဖြစ်နိုင်ပါတယ်။ ထောပတ်ပင်က ရေထုတ်စွမ်းအားကောင်းတဲ့မြေကြီး အမျိုးအစားကို ကြိုက်နှစ်သက်တာဖြစ်ပြီးတော့ ရေလောင်းတာများရင် အမြစ်ပုပ်တာလည်းဖြစ်နိုင်ပါတယ်။ ပူပြင်းတဲ့အချိန်မှာ ရေပေးတာနည်းသွားရင်လည်း အပင်ကနေ အသီးတွေကြွေကျတာဖြစ်နိုင်ပါတယ်။ အဲ့တော့ ရေလိုတာ မလိုတာ ဆိုတာကို စောင့်ကြည့်ပြီးတော့မှ ရေကို အလိုက်သင့်လေး ပေးပေးနိုင်ဖို့ ကြိုးစားပေးပါ။ 

(၃) သရစ်ပိုးကြောင့်

ပိုးတွေတကယ်ကိုဆိုးပါတယ်။ ကြွေကျလာတဲ့ ထောပတ်သီးလေးတွေကိုကောက်ကြည့်ကြည့်ပါ။ အသီးညှာမှာ ထိခိုက်မှုတွေ ကိုက်ထားတာလိုမျိုးတွေ တွေ့ရရင်တော့ သရစ်ပိုးကြောင့်ပါပဲ။ 

ထောပတ်ပင်တစ်ချို့မှာ အသီးတွေက ကြွေပြီးတော့ ခြောက်သလိုနဲ့ မဲသွားတတ်တယ်။ အသီးတွေမဲသွားတယ်ဆိုတာ မှိုတက်လို့ဖြစ်တာမျိုးဆိုရင်တော့ သေချာနေပါပြီ။ အသီးတွေကိုခြောက်မဲပြီးတော့ ကြွေစေတဲ့ မှိုမျိုးစိတ်တွေအများကြီးရှိပါတယ်။ ပိုက်သိုပသိုရာ အသီးပုတ်၊ အမြစ်ပုတ် စတာတွေကို တွေ့တယ်ဆိုရင်တော့ မှိုရောဂါကြောင့်ဖြစ်တာပါ။

ဘယ်အချိန်က ထောပတ်ပင်တွေကို ကိုင်းဖြတ်ဖို့အကောင်းဆုံးဖြစ်မလဲ?

မေးခွန်းကိုဖြေရရင်တော့ အချိန်တိုင်းက အကောင်းဆုံးဖြစ်ပါတယ်။ ရက်တွေ သတ်မှတ်မထားပါဘူး။ တကယ်လို့များ အကြီးစား ကိုင်းကူးကိုင်းဖြတ်တာတွေလုပ်မယ်ဆိုရင်တော့ အပင်တွေ ပြန်ပြီး နာလန်ထကြီးတဲ့အချိန် မစခင်လေးမှာ လုပ်ပေးတာအကောင်းဆုံးဖြစ်ပါတယ်။ အဲ့လိုအချိန်မှာလုပ်ပေးရင် ကိုယ်လည်း ကိုင်းဖြတ်အပြီး သူလည်း ပြန်ပြီးတော့မြန်မြန်ကြီး ဆိုတာမျိုးဖြစ်ပြီးတော့ နာလန်ထချိန်ကိုလည်း လျော့ချနိုင်ပါတယ်။ 

အပင်အမြင့်က အရမ်းမြင့်နေလို့ဆိုပြီးတော့ ပြန်ပြင်ချင်တယ်ဆိုရင် အားလုံးကိုတစ်ချိန်တည်းမှာ ခုတ်မချပစ်ပါနဲ့။ ပထမဆုံးအနေနဲ့ အရှည်ဆုံးကိုင်းကိုဖြတ်ချလိုက်ပါ။ နောက်နှစ်မှာမှ နောက်ထပ်အရှည်ဆုံးတစ်ကိုင်းကိုထပ်ခုတ်ချပါ။အကိုင်းတွေအရမ်းဖြာထွက်နေလို့ ခုတ်ချင်တယ်ဆိုရင်လည်း ခုဏကအပင်အမြှင့်ကိုလျှော့ချတဲ့နည်းအတိုင်း တစ်ကိုင်းချင်းစီ တစ်နှစ်ချင်းစီ ဖြုတ်ချလို့ရပါတယ်။ မှတ်သားစရာတစ်ခုတော့ရှိပါတယ်။ အဲ့ဒါက ကိုင်းတွေဖြတ်တဲ့အခါမျိုးမှာ သူ့ရှိတဲ့အလျားရဲ့ (၃)ပုံ ပုံရင် (၁)ပုံထက် ပိုပြီးတော့ ကျော်မခုတ်ဖို့ ဖြစ်ပါတယ်။ 

ထွန်းဝင်းကျော်

References

https://www.californiaavocadogrowers.com/cultural-management-library/managing-avocado-fruit-drop

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်