အရွက်ဝါရခြင်းအကြောင်းတရားများ

29/07/2020 15:00 PM တွင် U Zaw Ye Thu U Zaw Ye Thu မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အပင်များ၏ အရွက်များသည် ပုံမှန်အားဖြင့်် အစိမ်းရောင်ဖြစ်နေမှသာလျှင် အပင်အစာချက်လုပ်မှုကောင်းပြီး အပင်ကြီးထွားမှုကောင်းနိုင်စေပါသည်။ အပင်အရွက်ဝါရခြင်းမှာ အကြောင်းတရားများစွာရှိသော်လည်း မြေစိုထိုင်းဆ၊ နေရောင်ခြည်ရရှိမှု၊ ပိုးမွှားရောဂါနှင့် အပင်အာဟာရချို့တဲ့မှု အပေါ်မူတည်၍ ဖော်ပြလိုက်ရပါသည်။

မြေစိုထိုင်းဆ

    မြေစိုထိုင်းဆနည်းသော ခြောက်သွေ့မြေမျာတွင် အပင်အမြစ်များသည် ပင်စည်နှင့် အရွက်များဆီသို့ ရေအလုံအလောက် မပေးပို့နိုင်သောအခါ အပင်များညိုးကာ အရွက်များကွေးနေပါမည်။ ရေပြတ်တောက်မှုကြာသွားပါက အရွက်များဝါလာပြီး တဖြည်းဖြည်း အညိုရောင်ပြောင်းကာ အပင်ကြီးထွားမှု ရပ်တန့်သွားသည်။

    မြေစိုထိုင်းဆများ (မြေစိမ့်ကိုင်) ခြင်းသည် ရေစိမ့်ဝင်မှုများသော၊ ရေထုတ်ရန်ခက်ခဲသော မြေများတွင် အဖြစ်များသည်။ မြေအစိုဓာတ်(သို့မဟုတ်) ရေလွှမ်းခံရမှုအချိန်ကြာမြင့်သော အပင်များသည် အောက်စီဂျင်ရယူရန် ခက်ခဲသွားပြီး အမြစ်နုများကို ပုပ်ကာ ပျက်စီးစေသည်။ အမြစ်မှ အာဟာရများ လုံလောက်စွာမပေးပို့နိုင်သဖြင့် အောက်ဘက်ရှိအရွက်များနှင့် အတွင်းဘက်ရှိအရွက်များ တဖြည်းဖြည်းဝါလာသည်။ နောက်ပိုင်းတွင် အပေါ်အရွက်များပါဝါလာသည်။    

နေရောင်ခြည်ရရှိမှု   

    အစာချက်လုပ်ရန် နေရောင်ခြည် လုံလုံလောက်လောက်မရရှိသော အပင်များနှင့် အရိပ်ကျခံရသောအပင်များသည် အစာချက်လုပ်မှုနည်းသဖြင့် တဖြည်းဖြည်း အရွက်များဝါလာစေသည်။ အရိပ်ကျရောက်သောအပင်များသည် အရွက်ဝါဖျော့ (သို့မဟုတ်) အရွက်ဝါများဖြင့် သေးသွယ်ကာ ဘေးအတက်မထွက်ဘဲ ကြီးထွားသည်။ 

    အပူချိန်ပြင်းအားများသော အပင်များတွင်လည်း အရွက်အတွင်းရှိ အစိမ်းရောင်ကလိုရိုဖီးလ်များပျက်စီးကာ အစာချက်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး နေလောင်မှုများကို ဖြစ်ပေါ်စေသည်။

ပိုးမွှားရောဂါ

    အပင်အရွက်ဝါခြင်းကို ဖြစ်ပေါ်စေသော ပိုးမွှားရောဂါများစွာရှိပါသည်။ သို့သော် မြန်မာနိုင်ငံတွင် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါသည် ဆိုးရွာစွာကျရောက်လျက်ရှိသည်။ အပင်၏ ဆဲလ်ရည်များကို စုပ်စားသော ပျပိုး၊ ယင်ဖြူ၊ လှေးပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ ပိုးစေးနှဲ စသော စုပ်စားပိုးများသည် အဝါရောင်မိုစေ့ဗိုင်းရပ်ကို သယ်ဆောင်လာသည်။ ပိုးမွှားများ ကျရောက်ပြီးပါက အပင်အညွှန့်ထိပ်ဖျားမှစတင်၍ အဝါရောင်များစတင်ပြီး တဖြည်းဖြည်း တစ်ပင်လုံးပျံနှံ့စေကာ အဝါရောင်မိုစေ့ရောရောဂါကို ဖြစ်စေသည်။ အဝါရောင်မိုစိမ့်ရောဂါသည် ကုသရန်ခက်ခဲသဖြင့် ပိုးမွှားများမကျမီကပင် ကာကွယ်ထားသင့်သည်။ တစ်ပင်နှင့်တစ်ပင် ကူးစက်မှုမြန်သဖြင့် ကျရောက်နေသောအပင်များကို အမြန်နှုတ်ပစ်ရန် အရေးကြီးသည်။ ရုံးပတီ၊ တိုင်ထောင်ပဲ၊ ခရမ်းချဥ်၊ ခရမ်း၊ ငရုတ်၊ သခွား၊ ပဲမျိုးရင်းဝင်ပင်များတွင် ကျရောက်မှုများသည်။ 

အပင်အာဟာရချို့တဲ့မှု

    အပင်များသည် အဓိကအားဖြင့် အာဟာရ (၁၇) မျိုးလိုအပ်ပါသည်။ အပင်အာဟာရ(၁၇)မျိုးထဲမှ နိုက်ထရိုဂျင်(nitrogen)၊ အိုင်းယွန်း(iron) ၊ ဇင့် (zinc) နှင့် မန်းဂနိစ်(manganese) အာဟာရဓာတ်များချို့တဲ့ပါက အရွက်ဝါခြင်းကို ဖြစ်စေပါသည်။ အပင်အာဟာရချို့တဲ့ခြင်းမှာ မြေဆီလွှာထဲတွင် အာဟာရဓာတ်နည်းပါးခြင်းနှင့် မြေကြီး၏ မြေချဥ်ငံကိန်း( soil pH) မြင့်မားခြင်းကြောင့် ဖြစ်စေသည်။ 

နိုက်ထရိုဂျင်( nitrogen)

    နိုက်ထရိုဂျင်ချို့တဲ့ခြင်းသည် မြေဆီလွှာထဲတွင် ပိုတက်ဆီယမ်(potassium)၊ ဇင့် (zinc) ၊ မန်းဂနိစ်(manganese) နှင့် ကလိုရိုဒ် (chloride) အာဟာရများ မြင့်မားနေခြင်းကြောင့် ဖြစ်ပေါ်နိုင်သည်။ ထို့ပြင် မြေကြီးချဥ်ငံကိန်း (soil pH) မြင့်နေခြင်းနှင့် နိုက်ထရိုဂျင်အာဟာရ နည်းပါးနေခြင်းကြောင့်လည်း ဖြစ်ပေါ်စေသည်။ နိုက်ထရိုဂျင်အာဟာရချို့တဲ့ပါက အောက်ဆုံးရှိ အရွက်ရင့်များမှစတင်ဝါလာပြီး တဖြည်းဖြည်းအရွက်နုများဝါလာကာ တစ်ပင်လုံး အရွက်ဝါစေသည်။ အပင်ကြီးထွားမှုလည်း နှေးသွားသည်။

အိုင်းယွန်း(iron)

    မြေချဥ်ငံကိန်း ၆.၅ မှ ၆.၇ ထက်မြင့်သော မြေများတွင် သံဓာတ်များသည် ပျော်ဝင်မှုနည်းပြီး အပင်မှရရှိနိုင်မှု နည်းပါးလာသည်။ ထို့ပြင် ကယ်လ်ဆီယမ်(calcium)၊ ဇင့်(zinc)၊ မန်းဂနိစ်(manganese)၊ ဖော့စဖော့ရပ်စ်(phosphorus) နှင့် ကော့ပါး( copper) စသည့် ဒြပ်စင်များ မြင့်မားနေပါက အိုင်းယွန်း(iron) ချို့တဲ့မှု့ ဖြစ်ပေါ်နိုင်သည်။ အိုင်းယွန်းသည် အစာချက်လုပ်ပေးသော အစိမ်းရောင်ကလိုရိုဖီးလ်(chlorophyll) ထုတ်လုပ်ပေးသဖြင့် ချို့တဲ့သွားပါက အရွက်ဝါခြင်းကို ဖြစ်စေသည်။ သံဓာတ်ချို့တဲ့ပါက အရွက်နုများမှ စတင်ဝါလာပြီး တဖြည်းဖြည်း အရွက်ရင့်များ ဝါလာစေသည်။

ဇင့်(zinc)

    ဇင့်အာဟာရချို့တဲ့ပါက အရွက်နုများ၏အရွက်အလယ်ကြောများ စတင်ဝါလာသည်။ အရွက်များအပေါ်၌ အရောင်ပျက်နေသော အကွက်အပြောက်များကို တွေ့ရပြီး တဖြည်းဖြည်း ကြေးဝါရောင်ပြောင်းလာသည်။ အဝါရောင်အပင်အညွှန့်များသည် အဆစ်တိုလာကာ ပင်စည်ဘက်သို့ကွေးလိမ့်နေမည်။

မန်းဂနိစ်(manganese)

    မန်းဂနိစ်ချို့တဲ့ခြင်းသည် ရေသွင်းရေထုတ်မကောင်းသော မြေများ၊ မြေချဥ်ငံကိန်းမြင့်သောမြေများ၊ အော်ဂဲနစ်ပစ္စည်း ပါဝင်မှုများလွန်းသောမြေများတွင် ဖြစ်ပေါ်နိုင်သည်။ မန်းဂနိစ်ချို့တဲ့လာပါက အရွက်ကြောများကြားတွင် အဝါရောင်ကွက်ကြားများ ဖြစ်ပေါ်စေသည်။ အညိုရောင်အကွက်များကိုလည်း တွေ့ရသည်။

References:  extension.illinois.edu

extension.umd.edu

plagron.com

en.m.wikipedia.org

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်