ကင်းပုံ

30/01/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မြန်မာအမည် - ကင်းပုံ

အင်္ဂလိပ်အမည် - Wild Snake Gourd

ပုံသဏ္ဌာန် - အမြဲစိမ်း သစ်ပျော့နွယ်ပင်ဖြစ်သည်။ ပင်စည်သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။

အရွက် - ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်းမှ ထွက်၏။ အဝိုက် ၃ဝိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ထောင့် ပါပြီး ဘေးအဝိုက် ၂ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည်။ ရွက်ပြားပါး၍ ချောမွတ်သည်။ ရွက်နားလှိုင်းတွန့် အနည်းငယ်ရှိ၏ ။ ရွက်ညှာ အလွန်ရှည်သည်။

အပွင့် _ ရွက်ညှာထွက်သည်။ အဖြူရောင်ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင် သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။

အသီး - လုံး၍ ရှည်မျှောမျှောရှိသည်။ ၂ လက်မကျော်ခန့်ရှည်သည်။ အခွံပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်များ ရှိ၏ ။ မှည့်သောအခါ လိမ္မော်နီရောင်ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော၊ မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။

ပေါက်ရောက်သည့် ဒေသ။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။

အသုံးပြုသည့် အစိတ်အပိုင်း။ ပဥ္စငါးပါး၊ အရွက်၊ အသီး၊ အမြစ်။

အာနိသင်။ မြန်မာ့ဆေးကျမ်းများအလိုအရ ကင်းပုံသည်သည် ခါး၏ ။ သလိပ်သည်းခြေကို နိုင်၏ ။ဝမ်းကို သက်စေသည်။ အရွက်သည် ဖန်၏။ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိး၊ သွားများတည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လန်းဆန်းစေသည်။

အသုံးပြုမှု

ပဥ္ဏငါးပါး- ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။

အရွက် - ၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။

             ၂။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။

             ၃။ ကင်းပုံရွက်ကို သန်ကျဆေးဖျော်စပ်ရာ၌ သုံး၏ ။

             ၄။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏ တို့ပေးလျှင် ရေယုန်နာပျောက်ကင်းသည်။

             ၅။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက် ဖော်ဆပ်ထားသောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အသီး - ကင်းပုံသီးကို သားသည်မိခင်များ နို့ထွက်စေရန်နှင့် လေရောဂါ၊ သွေးဖောက်ပြန်သောရောဂါ၊ ပန်းနာ ချောင်းဆိုးရောဂါများ၌ အသုံးပြုသည်။

အမြစ် - အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့်အနက် ဆေးဖက်တွင် အခါးအသုံးများသည်။

ဆေးဖက်ဝင်အပင်လေးတွေအကြောင်းကို အပတ်စဥ် ကြာသပတေးနေ့တိုင်းမှာ စောင့်မျှော်ဖတ်ရှူ့နိုင်ပါတယ်နော်

ကိုးကား- မြန်မာ့ဆေးဝါးပင်များ

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်