ပဲတောင့်ရှည်တွင်ကျရောက်တတ်သော ရောဂါများ(၁)

21/10/2020 13:45 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

၁။ ဖားဥမှိုရောဂါ 

ရောဂါလက္ခဏာများ

  • ပဲပင်၏ မည်သည့်အရွယ်တွင်မဆို ရောဂါကျရောက်သည်။ 
  • ရောဂါစကျသည်နှင့် အရွက်များပေါ်တွင် အဖြူရောင် ပေါင်ဒါအမှုန့်များကို တွေ့ရသည်။ 
  • သေးငယ်သော အဖြူရောင် ပေါင်ဒါအကွက်ကလေးများ အရွက်များပေါ်တွင် ပထမဦးစွာ ပေါ်လာသည်။ 
  • ရောဂါကျရောက်နေသော အရွက်များသည် ခရမ်းရောင်သို့ပြောင်းသွားပြီး နောင်တွင် သေသွားသည်။ 
  • ရောဂါကျရောက်မှု ပြင်းထန်ပါက ပင်စည်များ၊ ရွက်နုများနှင့် အသီးများတွင် အဖြူရောင်ပေါင်ဒါမှုန့်ဖြင့် ဖုံးအုပ်ထားသည်။ 

ကာကွယ်နှိမ်နင်းခြင်း

  • ရောဂါစကျသည်နှင့် (၁၀) ရက်ခြားတစ်ခါ တမာစေ့ခွံစစ်ကျရည် ၅% သို့မဟုတ် တမာဆီ ၃% ကို (၂) ကြိမ်ပက်ဖျန်းပါ။ 
  • ယူကလစ်အရွက်စစ်ကျရည် ၁၀% ကို ရောဂါစကျသည့်အကြိမ် တစ်ကြိမ်နှင့် နောက် ၁၀ ရက်ခြားတွင် တစ်ခါထပ်ခါဖျန်းပါ။ 
  • ကာဘင်ဒါဇင် (Carbendazim) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်းအသုံးပြုပါ။ 

၂။ သံချေးမှိုရောဂါ

ရောဂါလက္ခဏာများ 

  • ရောဂါလက္ခဏာသည် အများအားဖြင့် အရွက်၏အောက်ဖက်မျက်နှာပြင်ဖက်တွင် နီညိုရောင် စက်ဝိုင်းကွက်များအဖြစ်ပေါ်လာပြီး ပဲသီးများတွင် အကျနည်းပြီး ပင်စည်များတွင် ပြန့်ကျဲကျဲရှိသည်။ 
  • အရွက်များတွင် ဆိုးဝါးစွာကျပါက ပဲရွက်၏မျက်နှာပြင်နှစ်ဖက်စလုံးတွင် သံချေးမှိုစုများဖြင့် အပြည့်ဖုံးထားသည်။
  • အရွက်များတွန့်ရှုံံ့ပြီး အရွက်များကြွေကျခြင်းကြောင့် အထွက်လျော့နည်းစေသည်။

ကာကွယ်နှိမ်နင်းခြင်း 

  • မန်ကိုဇက်ဘ် (Mancozeb) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာပါအတိုင်း အသုံးပြုပါ။ 

၃။ ဖျူစေရီယမ်ပင်ညှိုးရောဂါ

ရောဂါလက္ခဏာများ 

  • ကနဦးတွင် အရွက်များသည် ဖျော့တော့ပြီး လျော့ရဲကာ တွဲလျောင်းကျနေပြီး အကျိုးဆက်အားဖြင့် အများကြီးညှိုးနွမ်းသွားသည်။ 
  • အောက်ခြေမှအထက်ထိ တစ်ဖြေးဖြေး သို့မဟုတ် ရုတ်တရက်ညှိုးနွမ်းသွားသည်ကို တွေ့ရသည်။ 
  • ရက်အနည်းငယ်အတွင်း အပင်တစ်ပင်လုံး ညှိုးနွမ်းသွားကြသည် သို့မဟုတ် သေသွားကြသည်။ 
  • ဤရောဂါကို ပဲခင်းထဲတွင် အကွက်လိုက်တွေ့ရသည်။  
  • အနက်ရောင်အစင်းများကို မြေကြီးအောက် ပင်စည်၏အခေါက်နှင့် ရေသောက်မြစ်ကို ဖယ်ကြည့်သောအခါ တွေ့ရသည်။ 
  • ရောဂါကျပင်စည်တွင် မှိုမျှင်စုများဖြင့်ပိတ်နေသောအစာကြောကို အစာကြောအညိုရောင်သန်းခြင်းဖြင့် မြင်တွေ့နိုင်သည်။ 
  • ဤရောဂါသည် မြေဆောင်ရောဂါဖြစ်သည်။   

ကာကွယ်နှိမ်နင်းခြင်း

  • မျိုးစေ့တစ်ကီလိုဂရမ်လျှင် ကာဘင်ဒါဇင်  (Carbendazim) သို့မဟုတ် သိုင်ရမ် (Thiram) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။ 
  • တစ်ဧကလျှင် တမာကြိတ်ဖတ် ၆၀ ကီလိုဂရမ်နှုန်း မြေကြီးထဲထည့်ပါ။ 
  • ရေတစ်လီတာလျှင် ကာဘင်ဒါဇင် (Carbendazim) ကို ဆေးဘူး/အိတ်ပါ အညွှန်းစာ အတိုင်း ရောစပ်ကာ ရောဂါကျနေရာအား ရွှဲရွှဲစိုအောင် ပက်ဖျန်းပါ။ 

၄။ ဒေါင်းနီးရွက်ခြောက်ရောဂါ

ရောဂါလက္ခဏာများ

  • အရွက်များပေါ်တွင် အဝါရောင်စက်ပြောက်ငယ်များကိုတွေ့ရသည်။
  • အရွက်များ၏အောက်ဖက်မျက်နှာပြင်တွင် ပန်းရောင်မှိုများကို မြင်ရသည်။
  • ရွက်အိုများသေသွားကြသည်။ 

ကာကွယ်နှိမ်နင်းခြင်း

  • ပဲတောင့်ရှည်ခူးဆွတ်ပြီးချိန်တွင် အပင်အကြွင်းအကျန်များကို ဖျက်ဆီးပါ။
  • စိုက်ခင်းထဲက အပင်များကို ဖယ်ရှားပါ။ 
  • အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
  • Metalaxyl + Chlorothalonil (မက်တာလာဇီ + ကလိုရိုသာလိုနေးလ်)
  • Metalaxyl (မက်တာလာဇီ)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်