အုန်းရည်နှင့် တွဲဖက်သောက်သုံးခြင်းဖြင့် အာဟာရမြှင့်တင်ပေးနိုင်သော အစားအစာ ၅ မျိုး

05/11/2025 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အုန်းရည်ဟာ အာဟာရဓာတ်များနဲ့ ရေဓာတ်တို့ရဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လန်းဆန်းစေတဲ့ အုန်းရည်မှာဆိုရင် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဆိုဒီယမ်တို့ကဲ့သို့သော သတ္တုဓာတ်များ ပါ၀င်တာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကိုထိန်းပေးထားနိုင်ပြီး ကြွက်သားနဲ့ အာရုံကြောဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးနိုင်တာကြောင့် ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ဆောင်ပြီးတဲ့နောက်မှာ သောက်သုံးသင့်တဲ့ အကောင်းဆုံးသဘာဝဖျော်ရည် တစ်ခုအဖြစ် အသိအမှတ်ပြုထားကြတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဆေးဝါးသုတေသနဂျာနယ်မှ “အုန်းရေ၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ ဆေးဖက်ဝင်ဂုဏ်သတ္တိများနှင့် ရိုးရာအသုံးပြုမှုများအပေါ်  ပြန်လည်သုံးသပ်ခြင်း” အမည်ရှိတဲ့ သုတေသနအရ အုန်းရည်ဟာ ကယ်လိုရီနည်းပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှုမြင့်မားတာကြောင့် အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ အသားရေကို ကျန်းမာကောင်းမွန်စေခြင်းနဲ့ အစာခြေဖျက်ခြင်းကို အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။  အုန်းရေဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ အစာအိမ်အက်ဆစ်ဓာတ်များကို ထိန်းချုပ်ပေးခြင်းနဲ့ သတ္တုဓာတ်များကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးနိုင်တာ ဖြစ်ပါတယ်။ အုန်းရည်ဟာ အာဟာရဓာတ် ပြည့်ဝပြီးသား ဖြစ်ပေမဲ့လည်း အာဟာရတန်ဖိုး ပိုမိုမြင့်မားစေဖို့အတွက် အုန်းရေထဲကို ပေါင်းစပ်ထည့်သွင်းနိုင်သော သဘာဝပါဝင်ပစ္စည်းအချို့လည်း ရှိပါသေးတယ်။ ဒါဆိုရင် အာဟာရဓာတ်တွေ ပိုမိုရရှိစေနိုင်ဖို့ အုန်းရည်နဲ့ ပေါင်းစပ်ပြီး သောက်သုံးလို့ရတဲ့ အစားအစာတွေကို တစ်ချက်လောက် လေ့လာကြည့်ကြရအောင်ပါ....

ချီယာစေ့ (Chia seeds) 

ချီယာစေ့တွေမှာ အမျှင်ဓာတ်၊ အိုမီဂါ-၃ (omega-3) နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် ပူပြင်းလှတဲ့နွေရာသီမှာ ကျွန်ုပ်တို့ရဲ့အစာအိမ်ကို အချိန်ကြာကြာ ပြည့်ဝနေစေမှာဖြစ်ပြီး အစာချေစနစ်ကို အထောက်အကူပြုကာ စွမ်းအင်တိုးတက်စေဖို့ကို ကူညီပေးမှာ ဖြစ်ပါတယ်။ အုန်းရည်မှာ ပိုတက်ဆီယမ် (potassium) နဲ့ မဂ္ဂနီဆီယမ် (magnesium) ကဲ့သို့သော သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာဖြစ်သလို ချီယာစေ့ (chia seeds) တွေဟာ ၎င်းတို့ရဲ့ အလေးချိန်ထက် ၁၀ ဆကျော်အထိ ရေကိုစုပ်ယူနိုင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ပိုမိုကြာရှည်စွာ ထိန်းထားနိုင်ဖို့ ကူညီပေးပါတယ်။ လေ့လာမှုတစ်ခုအရ ချီယာအစေ့တွေမှာ နှလုံးသွေးကြောများကို ကာကွယ်ပေးနိုင်သော အိုမီဂါ-၃ ဖက်တီးအက်ဆစ် (omega-3 fatty acids) များလည်း ကြွယ်ဝစွာပါဝင်နေတယ်လို့ဆိုပါတယ်။ ထို့အပြင် ချီယာစေ့မှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်နေခြင်းက အစာခြေစနစ်ကို အကျိုးပြုပြီး ဂလူးကို့စ် (glucose) ထွက်ရှိမှုကို နှေးကွေးစေကာ ပါဝင်နေသော ပရိုတင်းဓာတ်များဟာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းမှုနဲ့ အာဟာရချို့တဲ့မှုတို့ကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

သံပရာရည် (Lemon juice) 

အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ် စတဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပြီး သံပရာရည်မှာတော့ ဗီတာမင် စီ နဲ့ ရေဓာတ်ကို ပံ့ပိုးပေးတဲ့ အင်ဇိုင်းတွေ ပေါများစွာပါဝင်နေတာ ဖြစ်ပါတယ်။ သံပရာသီးဟာ အက်ဆစ်ဓာတ်ရှိပြီး ၎င်းကိုအစာအိမ်အတွင်း ချေဖျက်ပြီးတဲ့နောက်မှာ အယ်လ်ကာလိုင်း (alkalizing) အာနိသင်ကို ရရှိစေပါတယ်။ အဲ့ဒီနောက် အယ်လ်ကာလိုင်း အာနိသင်ရှိတဲ့ အုန်းရည်နဲ့ ထပ်မံပေါင်းစပ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ pH ဓာတ် (သွေးထဲမှာရှိသော အချဉ်ဓာတ် သို့မဟုတ် အယ်ကာလီဓာတ် ပမာဏ) ကို မျှတစေပြီး အက်ဆစ်ဓာတ်များကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင်စီ (vitamin C) ပါဝင်မှု မြင့်မားခြင်းဟာ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးပြီး ကိုလာဂျင် (collagen) ဓာတ်ပေါင်းစပ်မှုကို အားပေးသလို ဓါတ်တိုးဆန့်ကျင်မှုကိုလည်း ကူညီပေးတယ်လို့ ဆိုပါတယ်။ ထို့အပြင် ဆစ်ထရစ်အက်ဆစ် (citric acid) ဟာ ဆီးထဲမှာရှိတဲ့ ဆစ်ထရိတ် (citrate) ဓာတ်ကို မြှင့်တင်ပေးခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သလို သွေးအားနည်းရောဂါကို တိုက်ဖျက်ဖို့ရာအတွက် သံဓာတ်စုပ်ယူမှုကိုလည်း အားကောင်းစေတာ ဖြစ်ပါတယ်။ 

ပျားရည်စိမ်း (Raw honey) 

အာယုဗေဒ (Ayurveda) ဆေးပညာအရ ပျားရည်စိမ်းနဲ့ အုန်းရည်ကို ရောစပ်သောက်ခြင်းက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ကျွမ်းကျင်သူများရဲ့ အဆိုအရ ပျားရည်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အင်ဇိုင်းများနဲ့ အဏုဇီဝပိုးမွှားများကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိများ ကြွယ်ဝစွာပါဝင်နေတာ ဖြစ်ပါတယ်။ ပျားရည်စိမ်းကို အုန်းရည်မှာပါဝင်တဲ့ သတ္တုဓာတ်များနဲ့ ရောစပ်လိုက်တဲ့အခါ ရောဂါကူးစက်မှုများကို တိုက်ဖျက်ပေးနိုင်သလို ကိုယ်ခံအား ကောင်းမွန်စေရန်လည်း အထောက်အပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် အုန်းရည်မှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ကဲ့သို့သော သတ္တုဓာတ်တွေပါဝင်နေပြီး ပျားရည်စိမ်းမှာတော့ သဘာဝသကြားဓာတ် (ဂလူးကို့စ် + ဖရပ်တို့စ်) များ ပါဝင်နေခြင်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို အမြန်တိုးတက်စေနိုင်တာ ဖြစ်ပါတယ်။ 

ပူစီနံရွက် (Mint leaves) 

ပူစီနံနဲ့ အုန်းရည်တို့ကို ပေါင်းစပ်လိုက်ခြင်းဟာ လန်းဆန်းစေတဲ့ ဖျော်ရည်တစ်မျိုးကို ရရှိစေရုံသာမက ခန္ဓာကိုယ်ကို အေးမြစေခြင်း၊ အစာခြေစနစ်ကို မြှင့်တင်ပေးခြင်းနဲ့ အဆိပ်အတောက်များ ဖယ်ရှားပေးခြင်းတို့ကိုပါ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ပူစီနံအရွက်ဟာ အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးနိုင်ပြီး အုန်းရည်ကတော့ အစာအိမ်ကို ပျော့ပျောင်းစေကာ လေထိုး၊ လေအောင့် ပြဿနာများကို လျှော့ချပေးနိုင်ပါတယ်။ ပူစီနံအရွက်မှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တို့ကို ဆန့်ကျင်နိုင်သော ဂုဏ်သတ္တိများပါရှိပြီး ၎င်းကို အုန်းရေနဲ့ ရောစပ်လိုက်တဲ့အခါ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်ပြီး ခံတွင်းကျန်းမာရေးကိုလည်း အထောက်အကူပြုစေနိုင်ပါတယ်။ 

ဆားမဲ (Black salt) 

အုန်းရည်မှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်သလို ဆားမဲမှာ ဆိုဒီယမ်၊ သံဓာတ်နဲ့ ဆာလဖာကဲ့သို့သော ဓာတ်များကို ဖြည့်စွက်ပေးတာကြောင့် ၎င်းဟာလည်း သတ္တုဓာတ်များကြွယ်ဝတဲ့ ဖျော်ရည်တစ်မျိုး ဖြစ်ပါတယ်။ ထို့အပြင် ဆေးပညာအရ ဆားမဲဟာ အစာစားချင်စိတ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်ကြောင့် အုန်းရည်နဲ့ တွဲဖက်သောက်သုံးလိုက်တဲ့အခါ အစာခြေစနစ် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။

*မူရင်းဆောင်းပါးမှာ မပါဝင်ပေမဲ့ ဆားမဲ အကြောင်းကို စာဖတ်သူတွေအတွက် ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ ဆားမဲဆိုတာဟာ ထူးခြားသော ဆာလဖာဓာတ်ပါရှိပြီး မီးပြင်းနဲ့အပူပေးထားသော ဟိမဝန္တာဒေသထွက် သဘာဝကျောက်ဆားတစ်မျိုးဖြစ်ကာ ဆာလဖာနဲ့ သံဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကြက်ဥကဲ့သို့သော ထူးခြားတဲ့ အနံ့၊ အရသာ ပါရှိတာဖြစ်ပါတယ်။ ဟိမဝန္တာအနီးတစ်ဝိုက်ရှိ ဒေသများမှာ တူးဖော်ရရှိသော ဆားမဲဟာ တောင်အာရှဟင်းလျာများထဲမှာ အသုံးများတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ကြက်ဥအရသာကို တုပဖို့ရာအတွက် သားသတ်လွတ် ဟင်းလျာတွေမှာ ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်။ ထို့ပြင် အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေတယ်လို့ ယူဆရတာကြောင့် ဆေးပညာတွေမှာလည်း အသုံးပြုကြတယ်လို့ ဆိုပါတယ်။ 

Ref:  https://timesofindia.indiatimes.com/life-style/food-news/5-foods-to-combine-with-coconut-water-to-boost-its-nutritional-value/photostory/123991577.cms?picid=123991630 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်