ရှောက်၊ သံပုရာတို့တွင် ကျရောက်လေ့ရှိသော ပိုးစေးနှဲအကြောင်း

18/12/2020 12:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

        Pseudococcidae မျိုးရင်းဝင်ဖြစ်သည့် ပိုးစေးနှဲကို အာရှတိုက်တွင် စတင်တွေ့ရှိခဲ့ပြီး ထိုမှတစ်ဆင့် အမေရိကားနှင့် ဥရောပတိုက်များ သို့ပျံ့နှံ့သွားခဲ့သည်။ပိုးစေးနှဲသည် အိမ်တွင်းစိုက်ထားသော အပင်များ၊ ဖန်လုံအိမ် အာနိသင်ဖြင့် စိုက်ထားသော အပင်များနှင့် ပူပြီးစိုစွတ်သော ဒေသများတွင်ရှိသော အပင်၏ ပင်ရည်များ စားသုံးကြသော စုပ်စားပိုးများဖြစ်သည်။ထို့အပြင် ပိုးစေးနှဲသည် များပြားလှသည့် အပင်ရောဂါများကို သယ်ဆောင်သူ လည်းဖြစ်သည်။အိမ်အတွင်းတွင် အလှစိုက်ပျိုးထားသော အပင်များကို အဓိက တိုက်ခိုက်သည့် ဖျက်ပိုးဖြစ်သည့် ပိုးစေးနှဲသည် ပျော့ပျောင်းပြီးပန်းရောင်ရှိသည်။သူတို့၏ခန္ဓာကိုယ်ကို ဖယောင်းကဲ့သို့သော အဖြူရောင်များအမွှေးများဖြင့် ဖုံးအုပ်ထားသည်။ ဝါဂွမ်းများဖုံးအုပ်ထားသည် နှင့်လည်းဆင်တူသည်။ ပိုးစေးနှဲ၏အဖြူရောင်ပွရွသော အမွှေးနုများသည် အပူချိန်လွန်ကဲခြင်းနှင့် အစိုဓာတ်ဆုံးရှုံးမှု မဖြစ်စေရန် ကူညီပေးသည်။

       ပိုးစေးနှဲ၏ ဘဝစက်ဝန်းသည် ၇ပတ်မှ၁၀ပတ်အထိကြာမြင့်ပြီး ဉဘဝမှ ပိုးတုံးလုံးဘဝရောက်ရန် ၁ပတ်မှ၂ပတ်အထိကြာသည်။ ပိုးတုံးလုံးဘဝမှ အရွယ်ရောက်ကောင်အဆင့်တွင် ၆ပတ်မှ ၉ပတ်အထိ ကြာမြင့်ပြီး ပိုးစေးနှဲသည် လျင်လျင်မြန်မြန်ဖြင့် မျိုးပွားနိုင်သည်။ ပိုးစေးနှဲအမများသည် အလွန် သေးငယ်လှပြီး တစ်ခါဥလျှင် ၁လက်မအား၁၀၀ပုံပုံလျှင် ၁ပုံ (သို့)၀.၃မီလီမီတာခန့်သာရှိသော အဝါရောင်ဥ (၆၀၀) ကို ဝါဂွမ်းကဲ့သို့သော အဝါရောင်ချည်မျှင်စုကြားတွင် အကာကွယ်လုပ်ပြီး ဥသည်။ ပိုးစေးနှဲအမ များသည် ဥဥပြီး၅ရက်မှ၁၀ရက်အတွင်းတွင်သေလေ့ရှိသည်။ ပိုးစေးနှဲတွင် အထီးသည် တောင်ပံရှိ၍ အမတွင် တောင်ပံမရှိပါ။ ပိုးစေးနှဲမျိုးနွယ်ဝင်အများစုသည် သူတို့၏ခြေထောက်များကို ဘဝတစ်လျှောက်လုံး ထိန်းသိမ်းထားပြီး အနီးအနားတစ်ဝိုက်ကို ခြေထောက်လေးများဖြင့် ရွေ့လျားကြသည်။

      ပိုးစေးနှဲသည် ရှောက်၊သံပုရာ၊သရက်၊မာလကာပင်တို့တွင်ဆိုးရွားစွာကျလေ့ရှိသည်သာမက ရွက်လှပင်၊ ခေါင်းလောင်းပန်းပင်နှင့် ရှားစောင်းပင်စသည့် ပင်စည်ပျော့ပြီး အရည်ရွှမ်းသော အပင်များတွင်လည်း ကျရောက်ဖျက်စီးသည်။ သေးငယ်လှသောပိုးစေးနှဲကို အရွက်ကြောတစ်လျှောက်၊ အသစ်ပြန်လည် ကြီးထွားနေသော အပင်နှင့် အရွက် အဆက် များတွင် ကျရောက်နေသည်ကို အများဆုံးတွေ့ရသည်သာမက အပင်၏နေရာတွင် ကျရောက်နိုင်သည်။

       ပိုးစေးနှဲသည်ကြီးထွားမှုရပ်တန့်နေပြီး အားနည်းသော အပင်၊ အရွက်ဝါပြီးညှိုးခြောက်နေသော အပင်တို့ကို တိုက်ခိုက်ဖျက်စီးသည့် အတွက်ကြောင့် အပင်များကို သေစေနိုင်သည်။ ပိုးစေးနှဲသည် ပင်ရည်ကိုစုပ်စားနေစဉ်အတွင်းအပင်ထဲကို အဆိပ်ရည်ထိုးသွင်းသည့် အတွက်ကြောင့် အပင်အားပုံပျက်ခြင်းများဖြစ်ပေါ်စေနိုင်သည်။ ပိုးစေးနှဲသည် သစ်ရွက်နှင့်ပင်စည်များပေါ်တွင် ချိုမြစေးကပ်သည့်အရာ honeydew ကို စစ်ထုတ်သည့်အတွက်ကြောင့် ကြပ်ခိုးမှိုများကြီးထွားရန် အားပေးသည်။ စိုက်ပျိုးသီးနှံပင်များတွင် ပုရွက်ဆိတ်များရှိသည်နှင့် ပိုးစေးနှဲရှိကြောင်းသိရှိနိုင်သည်။ 

      သို့သော် တခြားစုပ်စားပိုးများရှိနေလားဆိုသည်ကိုလည်းသေချာအောင်ကြည့်သင့်သည်။ အချို့သောပိုးစေးနှဲများက အမြစ်များကို စားသောက်ဖျက်စီးတတ်သည်။ အမြစ်မွှေးလေးများစားခံရခြင်း၏ အကျိုးဆက်သည် အရွက်များအဝါရောင်ဖြစ်လာခြင်း၊ညှိုးခြောက်လာခြင်း၊ကြီးထွားမှုရပ်တန့်သွားခြင်း နှင့် ပန်းပွင့်မှုနည်းသွားခြင်း ကိုဖြစ်စေသည်။ပိုးစေးနှဲသည်လျှင်လျှင်မြန်မြန်ဖြင့် မတိုက်ခိုက်သော်လည်းမွှားပင့်ကူကျသကဲ့သို့ပင် အကြီးအကျယ် ပျက်စီးနိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

      ပိုးစေးနှဲမကျရောက်စေရန်မြေဩဇာအများအပြားကျွေးခြင်းကို ရှောင်ရှားသင့်သည်။ အကယ်၍ပိုးစေးနှဲ ကျရောက်လာပါကပိုးကျနေသည့် အကိုင်းအား ဝါဂွမ်းထဲတွင်အရက်အနည်းငယ်ထည့်ကာ ပွတ်တိုက်ခြင်းဖြင့် ပိုးစေးနှဲအား သတ်နိုင်သည်။ ထို့အပြင်ဘေဘီမိုင်းဆပ်ပြာရည်အနည်းငယ်နှင့် ရေ တစ်လီတာကိုရောကာ သဘာဝပိုးသတ်ဆေးရည်အဖြစ်အသုံးပြုနိုင်သည်။အချို့သောအပင်များသည် ဆပ်ပြာရည်နှင့်ထိတွေ့မိပါက သေစေနိုင်သည့်အတွက်ကြောင့် အပင်တစ်ခုလုံးကိုမဖြန်းခင် အရွက်အနည်းငယ်အားစမ်း၍ဖြန်းသင့်သည်။ တတမာပိုးသတ်ဆေးကို အသုံးပြုလိုပါကလည်းအသုံးပြု၍ရသည်။လိပ်ခုံးကျိုင်းနှင့်ဇာတောင်ပိုးသည် ပိုးစေးနှဲကိုစားသုံးသည့် အကျိုးပြုပိုးများကိုမွေးမြူခြင်းဖြင့် ပိုးစေးနှဲကိုကာကွယ်နိုင်သည်။

       ကပ်ပါးနကျယ် သည်လည်းပိုးစေးနှဲကိုဒုက္ခပေးသည့်သက်ရှိဖြစ်သည်။ဓာတုပိုးသတ်ဆေးများအသုံးပြုလိုပါက ထိသေ၊ပင်လုံးပြန့် အုပ်စုမှဆေးများကို အသုံးပြုနိုင်သော်လည်း သဘာဝပိုးသတ်ဆေးများကို ပထမဦးစွာအရင် အသုံးပြုဖို့အကြံပေးပါရစေ။

Reference:

https://getbusygardening.com/how-to-kill-mealybugs/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်