စိုက်ပျိုးရေးနဲ့ ရေ အရည်အသွေး (၂)

24/11/2020 11:45 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

ပုံမှန်မဟုတ်တဲ့ ချဉ်ငံကိန်းများ

        ချဉ်ငံကိန်းဆိုတာက ချဉ်တာနဲ့ ငန်တာကို ညွှန်ပြတဲ့ ဂဏန်းတစ်ခုလို့ ဆိုပေမဲ့လို့ စကားတွေအများကြီး ပြောပါတယ်။ ချဉ်ရင် အက်ဆစ်ဖြစ်ပြီတော့ ငန်ရင် ဆားပေါက်တတ်ပါတယ်။ ဆိုတော့ ချဉ်ရင်လည်း  မကောင်းဘူး၊ ငန်ရင်လည်း မကောင်းဘူး။ 

        ပုံမှန်သုံးနေကြ သွင်းရေမှာဆိုရင် pH လို့ခေါ်တဲ့ ချဉ်ငံကိန်းဟာ (၆.၅) ကနေ (၈.၄) အထိ ရှိပါတယ်။ အဲ့ လောက်ပမာဏ ကိုကျော်လွန်သွားရင်တော့ ပြဿနာတွေ တက်နိုင်ပါတယ်။ အပင်တွေမှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်စုံစုံမရနိုင်တာမျိုး၊ ရနိုင်ပေမဲ့လို့လည်း မျှမျှတတ မရနိုင်တာမျိုးနဲ့ အရလွန်ပြီး အဆိပ်သင့်တာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ 

        သုတေသန ဓာတ်ခွဲခန်းတွေမှာလုပ်ထားတဲ့ စမ်းသပ်ချက်တွေအရဆိုရင် ရှိသင့်ရှိထိုက်တဲ့ ချဉ်ငံကိန်းထက် နည်းနည်းပိုပြီး ငန်နေတဲ့ ရေမှာဆိုရင် ဓာတ်ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်က အရမ်းကို နည်းပါတယ်။ အဲ့လိုရေက သွင်းနေမိလည်း အရမ်ကြီး မသိသာပဲနဲ့ ဆက်ပြီး သုံးလို့ရနိုင်တဲ့ အခြေအနေမျိုး ကို ရနိုင်ပါတယ်။ ဒါပေမဲ့  အဲ့လိုရေတွေ သွင်းထားမိတဲ့ စိုက်ခင်းတွေမှာဆိုရင် အပင်တွေရော မြေတွေကပါ အရမ်းကို မွနေပြီး တိုက်စားမှုတွေ အရမ်းများနိုင်ပါတယ်။ ပိုက်လိုင်းတွေ ဆင်ထားရင် ပိုက်လိုင်းတွေထဲ လျောကျမယ်၊ ရေဖျန်းစနစ် ဆင်ထားရင် အပေါက်တွေ ပိတ်ကုန်ပါမယ်၊  မြေပြင်နေသားနဲ့ အဲ့လိုတွေဖြစ်နေတယ်ဆိုရင် ရေကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ 

        နောက်တစ်ချက်က မြေကြီးရဲ့ ချဉ်ငံကိန်းကိုပါ ပြောင်းလဲပစ်နိုင်ပါတယ်။ မြေကြီးရဲ့ ဓာတ်ပြောင်း နိုင်မှုနဲ့ ခံနိုင်ရည်ရှိမှုအပေါ်မှာ မူတည်ပြီးတော့ အချိန်ကာလက ကြာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြေကြီး ရဲ့ ချဉ်ငံကိန်းကတော့ ထိခိုက်လို့မရပါဘူး၊ လိုချင်တဲ့ လိုအပ်တဲ့ ပမာဏရအောင် ပြင်ကိုပြင်ရပါမယ်။ ရေကိုပြင်ရတာခက်လို့ ရေသွင်းနေတဲ့ မြေကိုပြင်တာပါ၊ ထုံးကတော့ သုံးနေကြ မြေပြင်တဲ့ သွင်းအားစုပါ။ နောက်တစ်ခုကတော့ ကျောက်မှုန့်ပါပဲ။ ကျောက်မှုန့်ကတော့ မြေအားလုံးကို မပြင်နိုင်ပါဘူး၊ သူ့အဓိက လုပ်ငန်းစဉ်က အပင်တွေကို ကယ်ဆီယမ် ထောက်ပံ့ပေးတာပါ။ ဒါပေမဲ့သူက ချဉ်ငံကိန်းမြင့်နေတဲ့ (ငန်နေတဲ့) မြေကြီးတွေကို ပြင်တဲ့နေရာမှာတော့ ကူညီပေးနိုင်ပါတယ်။ 

        ငန်တဲ့ရေ ချဉ်တဲ့ရေတွေကိုသွင်းပြီးစိုက်လို့ တိုက်ရိုက်ထိခိုက်တဲ့ အရာတွေကတော့ သွင်းရေရဖို့ ဆင်ထားတဲ့ ပိုက်လို ရေစက်လို  ပစ္စည်းတွေဖြစ်ပါတယ်။ ကိုယ့်ဒေသ က ရေက အဲ့လိုဖြစ်တတ်တယ်ဆိုရင်တော့ ရေသွင်းဖို့ ဆင်မဲ့ပစ္စည်းတွေကို ကောင်းကောင်းရွေးချယ််သင့်ပါတယ်။ 

အနည်ကျမှု

         ပုံမှန်သွင်းနေ သုံးနေတဲ့ ရေမှာ ပျော်ဝင်နေတတ်ကြတဲ့ ကယ်စီယမ်၊ ဘိုင်ကာဘွန်နိတ်၊ ဆာလဖိတ် စတဲ့ ပျော်ဝင်ဆားတွေကြောင့်မို့ လောင်းလိုက်ရင် အရွက်တွေ အသီးတွေမှာ အဖြူကွက်လေးတွေလို ဖြစ်တတ်တာမျိုး တွေ့ဖူးကြမှာပါ။ အဲ့လိုဖြစ်တတ်တာက ပုံမှန်အချိန်တွေမှာ ဘာမှမဖြစ်ပေမဲ့လို့ ဈေးကွက်ထဲကို သွင်းတော့မဲ့အချိန်ဆိုရင်တော့ ပြဿနာ ရှိနိုင်ပါတယ်။ ဥပမာ ပန်းသီးလိုမျိုး သစ်တော်သီးလိုမျိုးမှာ အဲ့လို အကွက်ပါသွားရင် ဈေးကွက်ထဲဝင်ဖို့အတွက် အက်ဆစ်နဲ့ပြန်ဆေးရပါတယ်။ အဲ့လိုနည်းက ဈေးကြီးပါတယ်။ ကုန်ကျစရိတ်များပါတယ်။ မဆေးဘူးဆိုရင်လည်း မလှပြန်တော့ပါဘူး၊ 

        နောက်တစ်ခုကတော့ အစက်ချ ရေသွင်းစနစ်တွေမှာ အနည်ထိုင်တာတွေက အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဘယ်က စသလဲဆိုတော့ စိုက်ခင်းသုံးတဲ့ရေမှာ ထုံးပါနေတယ်၊ နောက် ဘိုင်ကာ ဘွန်နိတ်နဲ့ ဆာလဖိတ် ဆိုတဲ့ ကျောက်မှုန့် ကလည်း ရောပါနေတယ်ဆိုရင် ရေဖျန်းစနစ်ဖြစ်ဖြစ် အစက်ချ စနစ်မှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က စိုထိုင်းဆ (၃၀)လောက်မှာ စပြီး ပြဿနာတက်ပါတယ်။ စိုထိုင်းဆ က နည်းတဲ့အတွက် အငွေ့ပျံံတာတွေဖြစ်ပါတယ်၊ ရေငွေ့တွေပျံတော့ ဆားတွေကျန်ပြီး ဆားပေါက်လာပါတယ်။ အစက်ချ ဆို ရေပေါက်က ပိတ်ပြီ။ ရေဖျန်းစနစ်ဆိုလည်း ရေဖျန်းခေါင်းမှာ ချေးကပ်ပြီး အပင်တွေက ရေ ငတ်တော့မှာပါ။ 

        သူတို့ ပျော်ဝင်နှုန်းက များနေတယ်ဆိုရင် အငွေ့ပျံပြီး ကျန်ခဲ့တဲ့ ဆားတွေက ရေမှာ ပြန်မပျော်နိုင် တဲ့ ဆားတွေအဖြစ် အနယ်ကျကျန်ခဲ့မှာပါ၊ အဲ့လိုဆိုရင်ခေါင်းတွေ ပိတ်ပြိးတော့ ရေဖိအား များများလိုအပ် လာပါတယ်။ တစ်ခုလုံးဖြုတ်ပြီး ပြန်ဆေးဖို့ကလည်း အဆင်မပြေနိုင်တော့ စနစ်တစ်ခုလုံး ကျဆုံးသွားတာ မျိုးတွေဖြစ်နိုင်ပါတယ်၊ 

        ဘယ်လို စီမံခန့်ခွဲသင့်သလဲဆိုတော့ ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားရဲ့ ပြင်းအား က ဘယ်လောက်ရှိ နိုင်သလဲ ဆိုတာရယ်၊ ဘယ်လို ရေပေးစနစ်မျိုးကို သုံးမလဲဆိုတဲ့ အပေါ်မှာ အများကြီး မူတည်ပါတယ်။ နည်းလမ်းတစ်ခုကတော့ ရေပေးတဲ့ စနစ်မှာ အက်ဆစ်ထည့်ပေးပြီး ဘိုင်ကာဗွန်နိတ်တွေကိုလျော့ချကြတာ ပါ။ အဲ့လို ထည့်ပေးရင် ထုံးအနယ်ကျတာကိုလည်း သက်သာစေပါတယ်။ သူက ဖန်လုံအိမ် Greenhouse တွေမှာ အများဆုံး သုံးကြပါတယ်။ 

ရေဖျန်းစနစ်တွေတပ်ထားရင်တော့ 

        (က) ညဖက်မှာ ရေဖျန်းပါ၊ စိုထိုင်းဆ များချိန်ဖြစ်တာကြောင့် အငွေ့ပျံ အနယ်ကျနှုန်း လျော့အောင်ဖြစ်ပါတယ်။ 

        (ခ) ရေဖျန်းခေါင်းလည်တဲ့ လည်နှုန်းကို မြန်ထားပေးပါ။ အနယ်လေးတွေ ကပ်နေရင်တောင် ရေအားနဲ့ လည်အားနဲ့ ပါသွားအောင်လို့ဖြစ်ပါတယ်။ 

        (ဂ) ရေသွင်းတဲ့ အကြိမ်ရေကို လျော့ချပါ။ 

        ကုန်ကျစရိတ်လည်း သက်သာတဲ့ နည်းပါ။ တစ်ချို့အခြေအနေတွေမှာတော့ ဒီနည်းက အဆင်ပြေချင်မှလည်း ပြေပါလိမ့်မယ်။ ရေထဲမှာ ဆားပျော်ဝင်နှုန်း အရမ်းများနေတယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးပေါ့။ 

ဆင်ခြင်ကြံဆပြီး နည်းပြောင်းသင့်ရင် ပြောင်းရမှာပေါ့လေ။ 

စီးပွားရေးလုပ်ငန်းရှင် တောင်သူဦးကြီးများ အကျိုးထူးကြပါစေ။

Reference

http://www.fao.org/3/t0234e/T0234E06.htm#ch5.1

        ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်