နိုင်ငံခြားဈေးကွက်ဝင် ချဉ်ပေါင်ဖာလာ

03/07/2018 10:38 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံသည် ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပါသည်။ ထိုသို့ရေ၊ မြေ၊ သယံဇာတ ပေါကြွယ်ဝသည့်အလျောက် စိုက်ပျိုးဖြစ်ထွန်းသော သီးနှံများမှာလည်း စုံလင်လှပါသည်။ စိုက်ပျိုးရေး ကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ထုတ်လုပ်တင်ပို့ရောင်းချမှု ပိုမိုတိုးတတ်လာစေရန် အရေးကြီးလှပေသည်။

ယခုအခါ စိုက်ပျိုးသီးနှံအမယ်သစ်များအား တိုးတက်စိုက်ပျိုးထုတ်လုပ်၍ ပြည်ပသို့ ပိုမိုတင်ပို့ ရောင်း ချနိုင်ရေးကိုလည်း နိုင်ငံတော်အပိုင်းမှ လိုအပ်သည်များကို ပံပိုး၍ အားပေးဆောင်ရွက်လျှက်ရှိပါသည်။ 

ပြည်ပပို့ကုန်သီးနှံတစ်ခုအနေဖြင့် ပို့ကုန်ပမာဏ မများလှသော်လည်း နိုင်ငံတော်အတွက် ဝင်ငွေတ ဖက်တလမ်းမှ ရှာဖွေပေးလျှက်ရှိသော သီးနှံတစ်ခုမှာ ချဉ်ပေါင်ဖာလာဖြစ်ပါသည်။

ချဉ်ပေါင်ဖာလာနှင့် သက်ဆိုင်သော အကြောင်းအရာများအား သီးခြားဖော်ပြသော စားစောင်များ အများအပြား မရှိခြင်းကြောင့်လည်းကောင်း၊ ရေမြေရာသီဥတုရွေးသော သီးနှံဖြစ်ခြင်းကြောင့်လည်း ကောင်း၊ ချဉ်ပေါင်ဖာလာသီးနှံအား ကျယ်ပြန့်စွာသိရှိမှု အားနည်းလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ ချဉ်ပေါင်ဖာလာအကြောင်းအား လက်လှမ်းမှီသေရွေ့ တင်ပြထားပါသည်။ စိုက်ပျိုးရေး ပညာရှင်များ၊ ရုက္ခဗေဒပညာရှင်များအနေဖြင့် ပိုမိုပြည့်စုံသော စာတမ်းတစ်ခု ထွက်ပေါ်လာစေရန် သုတေသနပြုသင့်သော သီးနှံတစ်ခုဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာအမည်    - ချဉ်ပေါင်ဖာလာ

အင်္ဂလိပ်အမည် - Amomum

ရုက္ခဗေဒအမည် - Amomum xanthioides

မျိုးရင်း          - Zingiberaceae

၁။ မူရင်းဒေသ

ဖာလာမျိုးကွဲများ အများဆုံးပေါက်ရောက်သော အိန္ဒိယနိုင်ငံဟု ယူဆသည်။ ကရင်ပြည်နယ်၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေအချို့ရှိ တောင်ကုန်းတောင်တန်းများတွင် အရိုင်းပင်များအဖြစ် အလေ့ကျ ပေါက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် ရောင်းချမှု အနေဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် သံတောင်မြို့ နယ်ခွဲ တို့တွင် အများဆုံးဖြစ်သည်။ 

၂။ မျိုးကွဲများ

ဒေသအတွင်းတွေ့ရှိရသော မျိုးကွဲများကို အသီး၊ အခွံအရောင်ဖြင့် နှစ်မျိုးခွဲခြားထားပါသည်။ သီးခွံအနီ ရောင်မျိုးနှင့် အစိမ်းရောင်မျိုး တို့ဖြစ်ပါသည်။ အနီရောင်မျိုးသည် အစိမ်းရောင်မျိုးထက် ရွက်ပြား အနည်းငယ် ကျဉ်းမြောင်းပါသည်။ ပွင့်ဖတ်နှင့် ပင်စည်ရိုးတံမှာ အနီရောင်သန်းပြီး အထွက်နှုန်း ပိုကောင်းသည်။ ယခုအခါ အနီရောင်မျိုးအား တို့ချဲ့စိုက်ပျိုးနေသည်ကို တွေ့ရသည်။။

၃။ အပင်ပုံသဏ္ဍန်

အပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး အမြင့် (၃-၇)ပေ ခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ထုလုံးချွန်ပုံ သဏ္ဍာန်ရှိသည်။ ပင်စည်မှ လှံစွပ်ပုံသဏ္ဍာန်အရွက်များသည် ရွက်လွှဲပုံစံ ထွက်ပေါ်သည်။ အရွက် မျက်နှာပြင် နှစ်ဖတ်စလုံးသည် အများအားဖြင့် ပြောင်ချောလျက်ရှိသည်။ ဂျင်းမျိုးရင်းဝင်ဖြစ်၍ မြေ အောက်အမြစ်အဆစ်များမှ အပင်စို့နှင့် အပွင့်ခိုင်အစို့ ထွက်သည်။ အမြစ်များသည် မြေအမျိုးအစား ပေါ် မူတည်၍ မြေအနက်(၆-၁၂) လက်မထိ စူးဝင်ပျံနှံလေ့ရှိသည်။

ပန်းပွင့်များမှာ မျိုးကိုလိုက်၍ အနီရောင်ပွင့်ဖက်နှင့် အဖြူရောင်ပွင့်ဖတ်များ ရှိကြသည်။ အပွင့်များမှာ စုပေါင်းပန်းခိုင်ကဲ့သို့ ရိုးတံတစ်ခုတည်းတွင် ပွင့်ညှာများနှင့် ဆက်စပ်တည်ရှိသည်။ အများအားဖြင့် ပန်းခိုင်၏ထိပ်ပိုင်းရှိ အပွင့်များသာ အသီးတင်လေ့ရှိသည်။ ပန်းခိုင်တစ်ခုတွင် ပန်းပွင့်ပေါင်း (၄-၁၅) ပွင့်ထိ ပါရှိတတ်သည်။ ပန်းခိုင်တစ်ခုသည် ထွက်ပေါ်သည့် အမြစ်အဆစ်မှ ထိပ်ဖျားအထိ ပန်းခိုင် တစ်ခုတွင် ပန်းပွင့်ပေါင်း (၈-၁၃) စင်တီမီတာ ထိရှည်လျားသည်။ ပန်းပွင့်သည် လိင်စုံပွင့်ဖြစ်သည်။ အပွင့်ပုံသဏ္ဍာန်မှာ ဂုံမင်းပွင့်နှင့် ခပ်ဆင်ဆင်တူသည်။  

အသီးခွံမှာ မျိုးကိုလိုက်၍ အနီရောင်နှင့် အစိမ်းရောင်ရှိသည်။ ကြာဆူးကဲ့သို့သော အနည်းငယ်မာသော ဆူးများဖြင့် ဖုံးလွှမ်းထားသည်။ အသီးကို ကန့်လန့်ဖြတ် ပိုင်းကြည့်လျှင် အစေ့အိမ်(၃)ခန်းကို တွေ့ရ မည်။ အစေ့အိမ် တစ်ခုနှင့် တစ်ခုကြား ပါးလွှာသော အမြှေးပါးတစ်ခုဖြင့် ပိုင်းခြားထားသည်။ 

အစေ့အိမ်တစ်ခုတွင် အစေ့(၁၀-၁၈)စေ့ထိ ပါရှိသည်။ အသီးတစ်ခုလုံးတွင် အစေ့(၃၅-၅၄) ထိ ပါရှိ သည်။ အနက်ရောင်ရှိ၍ အများအားဖြင့် ချဉ်ပေါင်စေ့ကဲ့သို့ သုံးမြှောင့်ပုံစံရှိသည်။ အစေ့မှထွက်သော အဆီသည် စူးရှသောမွှေးရနံ့ ရှိပါသည်။ 

Source - စိုက်ပျိုးရေးဦးစီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်