မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၇)

13/09/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

တပိုင်တနိုင်စိုက်ပျိုးရေးဆိုင်ရာနည်းများဖြင့် ဇီဝမြေသြဇာအရင်းအမြစ်အာဘာစကူလာမိုက်ကိုရိုက်ဇာအကျိုးပြု သဟဇီဝန ဖြစ်စဉ်ကိုတိုးစေခြင်း

သဘာဝဇာတိသား အေအမ်အက်ဖ်မှို မျိုးစများ စုဆောင်းရန် အခြေခံကျသော ကွင်းအချက်အလက်များ မှတ်တမ်းပြုခြင်း


ကွင်းတည်နေရာ- မြန်မာနိုင်ငံ၊ ပြင်ဦးလွင်မြို့ ဒိုးကွင်ကော်ဖီခြံ (မြ ၂၀၁၆)

 

 

စိုက်စနစ် မှတ်တမ်းများကောက်ယူခြင်းနှင့် သုတေသနအကျဉ်းချုပ်

ကွင်းတည်နေရာ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့ ဒိုးကွင်ကော်ဖီခြံပတ်ဝန်းကျင်တွင် ကော်ဖီခြံများသာ ရှိသည်။

လက်ခံပင် - ကော်ဖီ (coffea arabicola )၊ အေအမ်အက်ဖ်၏ ထာဝရလက်ခံပင်

အေအမ်အက်မှို- Glomus manihot(1),Glomus etunicatum,Glomus fasciculatum,Glomus intraradices

 

 

ပျိုးပင်အဆင့်တွင် ကြိုတင်ထိုးသွင်းခြင်းဖြင့် ဆီလျော်အတွဲညီသော လက်ခံပင်/အေအမ်အက်ဖ်မှို / စိုက်ပျိုးမြေ/ မျိုးစအတွဲ အသုံးပြုထားသည့် အခင်းဖြစ်သည်။  

စိုက်ပျိုးမြေသည် ပီအိပ်ချ် ၅.၅၄ ရှိပြီး ဖော့စပရပ်ပါဝင်မှုနည်းသော (၁ ဟက်တာလျှင် ၃၇.၅၂  ကီလိုဂရမ်) မြေကို ၄ ဆ : နွားချေး ၁ ဆ ရောသည်။ အခြေခံဖော့စပရပ်အဖြစ် ကျောက်မှုန့်မြေသြဇာကို ၁ ဟက်တာလျှင် ၆၀ ကီလိုဂရမ် ထည့်ခဲ့သည်။

ပျိုးမြေတွင် မြေအခြေခံမှိုမျိုးစ ၁၀ဝ ဂရမ် (ပျိုးမြေ၏ ၅%) ကို မြေထဲတွင် ၅ စင်တီမီတာအနက် စိုက်ကျင်းဖော်ပြီး ထည့်ပါသည်။ မှိုမျိုးစထည့်ပြီးမှ အပေါ်ကနေ မြေအနည်းငယ် (၁၀ဝ) ဂရမ် ထည့်ပါသည်။ ၎င်းအပေါ်မှ ကော်ဖီမျိုးစေ့ကို စိုက်ပါသည် (ပုံ ၈.၁)။ 

ပျိုးသက်(၅)လသားနှင့် (၈)လသားတွင် အပင်ခြောက်အလေးချိန် ၊ ဖော့စပရပ်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဇင့်၊ ဖဲရပ်စ်နှင့် ကယ်လစီယမ် စုပ်ယူမှုကို တိုင်းတာသည်။ 

အရေးကြီးသော အေအမ်အက်မှို၏ ဇီဝကမ္မဆိုင်ရာ ပြင်ပမှိုမျှင်များ၊ စပိုးများဖြစ်ပေါ်မှုကို ထည့်သွင်းစဉ်းစားထားပါသည်။  

မှိုမျိုးထိုးသွင်းပြီး ၄၅ ရက်မှ ၆၀ ရက်ထိ ပြင်ပမှိုမျှင်များ ကောင်းစွာကြီးထွားပြီး မှိုစပိုးများ ထုတ်သဖြင့် မိုက်ကိုရိုက်ဇာမှို ကွန်မြူနတီကို မထိခိုက်အောင် ဆောင်ရွက်ခဲ့ပါသည်။ သိုဖြစ်၍ ၎င်းကြီးထွားကာလအတွင်း ပေါင်းသင်မြေဆွခြင်း မပြုလုပ်ပါ။ 

သဘာဝဇာတိသား အေအမ်အက်ဖ်မှိုများကို ဒေသခံမျိုးစအဖြစ် ပြန်လည်စုဆောင်းရန် ဆောင်ရွက်မှု

ပြင်ဦးလွင် ပွေးတောင် ကော်ဖီသုတေသနခြံတွင် အေအမ်အက်ဖ် မှိုမျိုးကွဲအမျိုးမျိုးကို ကော်ဖီပျိုးပင်များတွင် ထိုးသွင်းခြင်းဖြင့် ပျိုးပင်များ၏ ကြီးထွားမှုနှင့် အာဟာရဓာတ်စုပ်ယူမှု တိုးတက်လာခြင်းသုတေသနကို မြင့်နှင့်အဖွဲ့က ၂၀ဝ၂ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပါသည်။

၎င်းအခင်းမှ ၂၀ဝ၃ ခုနှစ် ကွင်းအခြေအနေတွင် ထိရောက်အကျိုးရှိပြီး စီးပွားဖြစ်ထုတ်ထားသော မှိုမျိုးစကို ပြန်လည် စုဆောင်း၊ဆက်လက်အသုံးပြုသည့် သုတေသန ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ စုနှစ်ကျော်ကာလက အေအမ်အက်ဖ်မှိို၏ အပင်ကြီးထွားစေခြင်း၊ မြေကျန်းမာစေခြင်း၊ သက်ရှိသက်မဲ့ ဖိနှိပ်မှုဒဏ် တွန်းလှန်ခြင်းများ၊ ပဲပင် ပင်စည်နာရောဂါများကို သုတေသနများစွာ ပြုလုပ်ခဲ့သည်။

ကွင်းအချက်အလက်များမှတ်တမ်းပြုထားသည့် မှိုမျိုးထိုးသွင်းကော်ဖီခြံမှ သဘာဝဇာတိသား အေအမ်အက်ဖ်မှိုမျိုးစများ ပြန်လည် စုဆောင်းပြီး ဆက်လက်ဆောင်ရွက်နိုင်ခဲ့သော သုတေသန

သုတေသန (၁) -သဘာဝဇာတိသား အေအမ်အက်ဖ်မှိုမျိုးများအနက် မြန်မာနိုင်ငံ ရာသီဥတုနှင့် ကိုက်ညီပြီး အကျိုးပြုမှု အားကောင်း သော ဒေသခံမှို ၂ မျိုးကို စမ်းသပ်တွေ့ရှိခြင်း

မိုက်ကိုရိုက်ဇာအပေါ်မှီခိုမှု (Relative mycorrhizal dependency, RMD) အခြေခံသော တွေ့ရှိချက်များ

  • (က) သဘာဝဇာတိသား အေအမ်အက်ဖ်မှိုမျိုးများအနက် မြန်မာနိုင်ငံရာသီဥတုနှင့် ကိုက်ညီပြီး အကျိုးပြုမှုအားကောင်းသော ဒေသခံမှို ၂ မျိုးကို စမ်းသပ်တွေ့ရှိသည်၊
  • (ခ)  မှို ၂ မျိုးကို ရောသုံးပါက ပဲပင်မှ မိုက်ကိုရိုက်ဇာအပေါ် မှီခိုမှု ပိုကောင်းလာသည်၊
  • (ဂ)  ပဲတီစိမ်းပင်များ၏ ချားကိုးပင်စည်ပုတ်ဖြစ်ပွားမှုအညွှန်း အနည်းဆုံးဖြစ်ကြောင်း ဆက်လက်တွေ့ရှိသည်။

သုတေသန (၂) အေအမ်အက်ဖ်မှိုအမျိုးမျိုး၏ ပဲတီစိမ်း ရေဆင်း-၁၁ ပင်များ၏ ချားကိုးပင်စည်ပုတ် (charcoal rot) ရောဂါအပေါ် အကျိုးသက်ရောက်မှု (ဝင်းနှင့် မြ၂၀ဝ၈)

 

တွေ့ရှိချက်များ

  • (က) အေအမ်အက်ဖ်မှို ၂ မျိုးအရောသည် ပဲတီစိမ်း ရေဆင်း-၁၁ ပင်များ၏ ချားကိုးပင်စည်ပုတ်ရောဂါ  ဖြစ်ပွားမှုအညွှန်း အနည်းဆုံးဖြစ်သည်။ 
  • (ခ)  မှိုမျိုးထိုးသွင်းကော်ဖီခြံမှ သဘာဝဇာတိသား အေအမ်အက်ဖ်မှို မျိုးစများပြန်လည်စုဆောင်းအသုံးပြုရာတွင် ဒေသခံ မှိုမျိုးစိတ်အတွဲ (Glomus fasciculatum and G. intraradicesသည် အကောင်းဆုံးဖြစ်သည် ။

ကိုးကား

မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)  

Oruru M B andNjeru E M Upscaling Arbuscular Mycorrhizal Symbiosis and Related Agroecosystems Services in Smallholder Farming Systems. BioMed Research International Volume 2016, Article ID4376240,12pages doi.org/10.1155/2016/4376240

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်