မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၁၈)

20/09/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

တပိုင်တနိုင်တောင်သူများ လွယ်လွယ်ကူကူစိုက်နိုင်သော ကြီးထွားမြန်ဆေးဖက်ဝင်အပင်တွေ အရည်အသွေး ကောင်းစေဖို့ အလားအလာကောင်းသည့် အေအမ်အက်မှို သုံးကြစို့..

အလားအလာကောင်းသည့် အေအမ်အက်မှို၏ အရည်အချင်းများကို လေ့လာကြရအောင်..

* မိုက်ကိုရိုက်ဇာမှို၏ ဇီဝမြေသြဇာ မှိုမျိုးစအဖြစ်သုံးရန် ရွေးချယ်ခြင်း

 

အာဘာစကူလာ မိုက်ကိုုရိုက်ဇာမှို၏ မှိုမျိုးစအဖြစ်သုံးသင့်သော အရည်အချင်းနှင့် ဂေဟစနစ်တွင် လုပ်ဆောင်ချက်

မြေထဲမှ ဖော့စပရပ်စ်ကို စုပ်ယူပြီး အပင်သို့ပို့ပေးခြင်းနှင့်ဆက်နွှယ်သောမိုက်ကိုရိုက်ဇာ၏အရည်အချင်း

  • က။ ပြင်ပနေမှိုမျှင်ထွက် ထုထည်များ များရမည်။
  • ခ။ ပျံ့နှံ့မှု ကောင်းရမည်။
  • ဂ။ မြေထဲမှ ဖော့စပရပ်စ်ကို စုပ်ယူမှုကောင်းသည်။
  • ဃ။ အမြစ်စွဲအားမြန်သည်။

အမြစ်စွဲအားမြန် ကောင်းစေသော လုပ်ငန်းများ

  • က။  မှန်ကန်သောဖော့စပရပ်စ်အမျိုးအစား၊ အချိုးအစား
  • ခ။  ယှဉ်ပြိုင်စွမ်း ကောင်းရမည်။
  • ဂ။ မြေအရည်အချင်း
  • ဃ။ လက်ခံပင်
  • င။ မြေထဲတွင် အခြားအကျိုးပြု သက်ရှိများ

အပင်အထွက်ကောင်းစေသောစွမ်းရည်နှင့် ဆက်နွှယ်သောမိုက်ကိုရိုက်ဇာ၏ အရည်အချင်း

  • က။ မြေထဲမှ ဖော့စပရပ်စ်ကို စုပ်ယူပြီး အပင်သို့ပို့ပေးရာတွင် အပင်လိုအပ်ချက်အတိုင်း ပို့နိုင်ခြင်း
  • ခ။ အမြစ်စွဲအားမြန် ကောင်းသည်။

မြေတွင်ကြာရှည် အသက်ရှင်ရပ်တည်မှု စွမ်းရည်

  • က။ အသက်ရှင်ရပ်တည် Persist ဖြစ်မှု ကြာရမည်။
  • ခ။ ပြင်ပနေမှိုမျှင်ထွက်ထုထည်များများရမည်၊ စွမ်းရည်မြင့်ရမည်။

မြေတွင်ပြန်လည်ရှင်သန်မှု

  • က။ နောက်နှစ် ရာသီဥတုပြောင်းသွားလျှင် ပြန်လည်ရှင်သန်နိုင်ရမည်။
  • ခ။ မိုက်ကိုရိုက်ဇာ၏ မျိုးအစိတ်အပိုင်းများသည် နောက်ရာသီတွင် ပြန်လည်ရှင်သန်နိုင်ရမည်။

မိုက်ကိုရိုက်ဇာမှိုမျိုး ကျယ်ကျယ်ပြန့်ပြန့်ထုတ်နိုင်ခြင်း

  • က။ မှိုမျိုးစ အရေအတွက် များရမည်။
  • ခ။ မှိုမျိုးစများသည် ခြောက်သွေ့ဒဏ်ခံရမည်။
  • ဂ။ မှိုမျိုးစများသည် ကြာရှည်ရပ်တည်နိုင်ရမည်။

ဝါစိုက်ခင်းတွင် အလားအလာကောင်းသည့် အေအမ်အက်မှို၏ အကျိုးသက်ရောက်မှု (Soe and Mya ၂၀ဝ၅) 

တပိုင်တနိုင်တောင်သူများ ဆေးဘက်ဝင်အပင်တွေ အရည်အသွေးကောင်းအောင် အလားအလာကောင်း သည့် အေအမ်အက်မှို ဘာကြောင့် သုံးသင့်သလဲ..

ကြက်သွန်မျိုးကွဲများတွင် အေအမ်အက်မှို Glomus Fasciculatum အရောနှင့် တမျိုးတည်းထိုးသွင်းခြင်းဖြင့် မိုက်ကိုရိုက်ဇာထိုးသွင်းခြင်းအကျိုးသက်ရောက်မှု% တိုးလာခြင်း

အေအမ်အက်ဖ် ထိုးသွင်းခြင်းဖြင့် ကြက်သွန်အရည်အသွေး ကောင်းစေသော ကျန်းမာရေးအထောက်အကူပြု အင်ဇိုင်းသတ္တိ တိုးလာခြင်း

သုံးသပ်ချက်

အေအမ်အက်ဖ်မှို၏ မှိုမျိုးစအဖြစ်သုံးသင့်သော အရည်အချင်း နှင့် ဂေဟစနစ်တွင် လုပ်ဆောင်ချက်ကို တိုင်းတာသောနည်းတနည်းမှာ မိုက်ကိုရိုက်ဇာထိုးသွင်းခြင်းအကျိုးသက်ရောက်မှု% (MIE) ဖြစ်သည်။

ဝါသုတေသနစိုက်ခင်းတွင်အေအမ်အက်ဖ်မှိုအမျိုးမျိုး  ထိုးသွင်းခြင်း အကျိုးသက်ရောက်မှု % ကို ဖေါ်ပြထားသည်။

ဝါပင်များအတွက် မှိုမျိုးစအဖြစ် သုံးနိုင်သောအေအမ်အက်ဖ်မှိုသည်Glomus Fasciculatum မှိုမျိုးသည်ဖြစ်သည်။ ဝါခင်းမှစုဆောင်းရရှိထားသော ဇာတိသားမှိုမျိုးဖြစ်သည်။ ၎င်းကို အခြားသီးနှံများ ရာဘာ၊ ပဲတီစိမ်း၊ မြေဆီထိန်းပဲများတွင်လည်း စမ်းသပ်ထားသည်။ 

ဆေးဖက်ဝင် ကြက်သွန်မျိုးကွဲများတွင် Glomus Fasciculatum မှိုမျိုးအပါအဝင် အေအမ်အက်မှိုအရော ထိုးသွင်းခြင်းဖြင့် ကျန်းမာရေးအထောက်အကူပြု အင်ဇိုင်းတိုးလာခြင်း၊ အမြစ်စွဲရာခိုင်နှုန်းအပေါ် အကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရသည်၊ 

ဖေါ်ပြပါ သီးနှံပင်များတွင်Glomus Fasciculatum  မှိုမျိုးသည် ဇာတိသားအေအမ်အက်ဖ်မှိုမျိုးအဖြစ် သဘာဝ အတိုင်းရှိနေပြီး အပင်များအပေါ် အကျိုးသက်ရောက်မှု ရှိသည်။

ကိုးကား

၁။  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆) 

၂။  Abbott LK.  Robson AD. and Gazey C. Selection of inoculant arbuscular mycorrhizal fungi. Methods in Microbiology V 24:1-21 (1992).

၃။ Govindu D. Duvva A. and Podeti S.Mycorrhizae Applications in Sustainable Forestry

    In: Mycorrhizal Fungi.Edited by Ramalingam Radhakrishnan. November 25th, 2020. DOI: 10.5772/intechopen.94580

၄။ Golubkina N. et al.Prospects of Arbuscular Mycorrhizal Fungi Utilization in Production of Allium Plants. Plants 2020, 9, 279; doi:10.3390/plants9020279

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်