မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၂၀)

04/10/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

 

ရှားစောင်းလက်ပတ် Aloe vera, Aloe

ရှားစောင်းလက်ပတ်ပင်နှင့် အေအမ်အက်မှို၏ ပတ်ဝန်းကျင်မိတ်ဖက်ဖြစ်စဉ်သည် ဆေးဖက်ဝင်အပင်မှ ကျန်းမာရေးအကျိုးပြု ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းကို ပိုထုတ်စေနိုင်သဖြင့် အရည် အသွေး ပိုကောင်းစေသည်။

ရှားစောင်းလက်ပတ် စစ်ထုတ်ရေအကြမ်းသည် အပင်ရောဂါသက်ရှိမှိုကို ဟန့်တားသော ဆန့်ကျင်အစွမ်း သတ္တိရှိသည်။

ရှားစောင်းလက်ပတ် အရည်အသွေးများ

ရှားစောင်းလက်ပတ်သည် အိုးဖြင့်စိုက်ရလွယ်သည်။ ကြီးထွားမြန်သည်။ ရာသီကြမ်းခံနိုင်သည်။

အိမ်ခြံတွင် စိုက်ထားသဖြင့် ရှားစောင်းလက်ပတ်ဂျယ်လီကို အသားအရေ ထိန်းသိမ်းရန်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွယ်အကူသုံးနိုင်သည်။ 

ရှားစောင်းလက်ပတ်တွင် အလိုအင်း(aloin) ပါဝင်သဖြင့် ဆေးဖက်ဝင်သည်။

ရှားစောင်းလက်ပတ်မှထုတ်သော ပစ္စည်းကို..

  •      (၁) အိုးစိုက်အခြားအပင်တွင်ကျသောရောဂါဖြစ်စေသက်ရှိမှိုများ ဟန့်တားရန်။
  •      (၂) ဟင်သီးဟင်းရွက် ရွက်ဖျန်းအားဆေးရည်အဖြစ်လည်း တပိုင်တနိုင်မှတဆင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထားသည်အထိး အသုံးပြုနိုင်သည်။

သတိပြုရမည့်အချက်များလည်း အရေးကြီးသည်။

ရှားစောင်းလက်ပတ်၏ လူများအတွက် ကျန်းမာရေး

  • သွေးတွင်းအဆီဓာတ်ကျစေသည်၊
  • အစာအိမ်အချဉ်ဆန်တက်ခြင်း၊အစာမကြေခြင်းကို သက်သာစေသည်၊
  • သွားဖုံးကျန်းမာစေသည်၊
  • နှလုံးနှင့် သွေးစီးဆင်းခြင်းကောင်းစေသည်၊
  • အဆစ်အမြစ်ရောင်ခြင်း သက်သာစေသည်၊
  • ဆီးမှန်စေသည်၊
  • ဝမ်းဗိုက်အဆီလျော့ကျစေသည်၊

    (ကိုးကား- သမားတော်တိုင်းရင်းဆေး)

အေအမ်အက်မှိုထိုးသွင်းခြင်း၏ ကျန်းမာရေးအကျိုးပြု ဒုတိယအစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းတိုးခြင်း

ဇယား (၁) အဆက်

 

ရှားစောင်းလက်ပတ်တွင် အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း

  • အိုးစိုက်အတွက် ပလတ်စတစ် အိုး ၁၅ x ၁၂ စင်တီမီတာတွင် ပိုးသန့်ပြီးမြေ ၁၂၀ဝ ဂရမ် ဖြည့်သည်။
  • ပျိုးပင် သို့မဟုတ် ပြောင်းရွေ့ပင်သို့ အေအမ်အက်ဖ်မှို ထိုးသွင်းရာတွင် တပင်လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၁၀ ဂရမ်) ကို အပင်ခြေနားတွင် ထည့်ပါသည်။
  • မြေအနည်းငယ်ထည့်သည်။ မျိုးစေ့စိုက်သည်။ မြေဖုံးသည်။
  • ၁၂ လသားတွင် အပင်များကို စိစစ်သည်။

သတိပြုရမည့်အချက်

  • ရှားစောင်းလက်ပတ်ပင်သည် အေအမ်အက်မှိုကို မှီခိုမှု အသင့်အတင့်သာ ရှိသည်။
  • သဘာဝအေအမ်အက်မှိုမျိုးကွဲများ၏ အမြစ်စွဲလွယ်ကူသည်။ ၄၀-၅၀% ရှိသည်။
  • အေအမ်အက်မှိုအရောကို ထိုးသွင်းပါက ပိုအကျိုးရှိသည်။

အေအမ်အက်မှို ၂ မျိုး ထိုးသွင်းခြင်း၏ ရှားစောင်းလက်ပတ်ပင် အပင်ခြောက်အလေးချိန်၊ အန်တီအောက်ဇီးဒန့်နှင့် အနည်းလိုဇင့်ဓာတ် တိုးလာခြင်း 

(Mota-Fernández et al.2011)

ရှားစောင်းလက်ပတ်၏ စစ်ထုတ်ရည်အကြမ်း၏ အပင်ရောဂါသက်ရှိမှိုကို ဟန့်တားသော ဆန့်ကျင် အစွမ်းသတ္တိ စစ်ထုတ်ရေကြမ်း (အပူ) ပြင်းအား လျှော့ချပြင်ဆင် အသုံးချနည်း (Dar et al 2018)

  • အရွက် ၁၀ဝ၀ ဂရမ် (၆၂.၅ကျပ်သား) ကို ပိုးသန့်ရေနှင့်ဆေးသည်။ (အပိုင်းများဖြတ်ပါ)
  • ပိုးသန့်ရေ ၁၀ဝ၀ မီလီလီတာ (ရေသန့်ဗူး ၁ဗူး)တွင် ဖျော်ပြီး ကြိတ်ဆုံတွင် ကြိတ်ပါ။
  • အနည်များနှံ့အောင် ၅ မိနစ်ခန့်မွှေပြီး၂ လွှာပါသော မတ်စ်လင် (muslin) အဝတ်စနှင့် စစ်သည်။ ဖြစ်နိုင်ပါကWhattman’s filter paper No. 1 နှင့် ထပ်၍စစ်သည်။
  • စစ်ကျရေကို  လှည့်စက်တွင် ၅၀ဝ၀ အာပီအမ်ဖြင့် ၁၅ မိနစ်လှည့်သည်။ ရရှိသောအရည်သည် စံဖျော်ရည်ဖြစ်သည်။
  • စံဖျော်ရည်ကို ၂၅%၊ ၅၀% နှင့် ၁၀ဝ% ရအောင် ပေါင်းခံရည်ဖြင့် ဖျော်သည်။

သတိပြုရန်အချက် 

  • စစ်ထုတ်ရည် ထုတ်နည်းမှန်ကန်ရန် လိုသည်။
  • အရည်ပျော်ရေဆောလဗန့်အဖြစ် ရေ (အအေး၊အပူ)၊ အယ်ကိုဟော၊ မီသနော၊ အီသနော သုံးနိုင်သည်၊ 
  • ဇီဝမှိုသတ်ဆေးကိုသုံးပါလျှင် လက်ခံပင်အလိုက် သုံးသောနှုန်းမှန်ကန်ရန် လိုသည်၊
  • ခိုင်မာသောဓါတ်ခွဲခန်း စမ်းသပ်ချက်အဖြေများသည် တပိုင်တနိုင် အသုံးချမှုအတွက် ထောက်ကူသည်၊ထိရောက်သည်။
  • ပိုးသန့်ရေ/ပေါင်းခံရည်အစား သာမန်ရေကိုသုံးနိုင်သည်၊
  • လှည့်စက်မရှိပါက စနစ်တကျ မွှေပါ၊
  • မတ်စ်လင်အဝတ်စအစား ပိတ်ပါးစသုံးနိုင်သည်၊ 

အပင်ရောဂါဖြစ်စေမှိုကို ဟန့်တားနိုင်စွမ်းတွေ့ရှိချက် 

ရှားစောင်းလက်ပတ် စစ်ကျရည်သည် စပါးကွင်း စမ်းသပ်ကွက်များတွင် ကျရောက်သော စပါးဂုတ်ကျိုးရောဂါ၏ရောဂါကျမှု (ရောဂါကျ အညွှန်း) ကျဆင်းစေခြင်းစမ်းသပ်ချက် 

 

 

တွေ့ရှိချက်

ကွင်းစမ်းသပ်ကွက် စိုက်စပါးများတွင် ရှားစောင်းလက်ပတ်စစ်ကျရည်ကို ပြင်းအားအမျိုးမျိုး ဖျန်းပါက ကျ ရောက်သော စပါးဂုတ်ကျိုး၏ရောဂါအညွှန်းကို ကျဆင်းစေသည်။ 

ကိုးကား

- Agbowuro G.O.et el. Evaluation of different aqueous plant extracts against rice blast disease fungus (Magnaporthe oryzae). Ife Journal of Science vol. 22, no. 3 (2020)

- Aishwath OP. and  Tarafda JC. Organic farming in medicinal and aromatic plants ResearcGate 08 January 2017

- Dar MS et al. In-vivo investigation on antifungal properties of leaf extracts of certain medicinal plants through seed treatment and foliar sprays against rice blast disease (Magnaporthe grisea) in Kashmir, India. Annals of Agrarian Science 16 (2018) 267–271

- Mota-Fernández F. et al Effect of arbuscular mycorrhizal fungi and phosphorus concentration on plant growth and phenols inmicropropagated Aloe vera L. plantlets. Journal of Medicinal Plants Research Vol. 5(27), pp. 6260-6266, 23 November, 2011

- DOI: 10.5897/JMPR11.271

- Tawaraya  K. Turjaman K. and Ekamawanti HA. Effect of Arbuscular Mycorrhizal

- Colonization on Nitrogen and Phosphorus Uptake and Growth of Aloe vera L.HortScience 42(7):1737–1739. 2007.

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်