မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၂၅)

08/11/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

အလားအလာကောင်းသည့် အေအမ်မှိုမျိုးကွဲများသည် ပြောင်း၊ ကော်ဖီ၊ စပျစ်ပင်များ၏ အပင်ခြောက်အလေးချိန်၊ ဖော့စပရပ်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယံ၊ မင်းဂနိစ် စုပ်ယူမှုကို တိုးစေခြင်း၊ ရေအသုံးချမှုမြင့်စေခြင်း၊ ခြောက်သွေ့ဒဏ် ခံနိုင်သော အရည်အချင်းကို တိုးစေခြင်း စသော ဂုဏ်သတ္တိများ ရှိနေသည်။

မြန်မာနိုင်ငံတွင် သဘာဝအလျောက်တွေ့ရှိရသောဒေသခံမိုက်ကိုရိုက်ဇာမှိုမျိုးများသည် သက်ဆိုင်ရာ လက်ခံပင်အတွက် ခြောက်သွေ့ဒဏ်ခံနိုင်အောင် အကျိုးပြုသည်။  ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် အော်ဂဲနစ်စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်သည်။

 

အသုံးပြုပြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ အကျိုးပြုစွမ်းအားပြဇယား             

 

မြန်မာနိုင်ငံသုတေသနများတွင်အသုံးပြုပြီးသော ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်ဖ်မှို၏ အကျိုးပြု စွမ်းအားပြဇယား (မြ ၂၀၁၆)

 

*MIE = Mycorrhizal inoculation effect 

*Mixture of Glomus spp =  အေအမ်အက်ဖ်မှိုအရော (S. 49) + (S.139) +(S.510)

မြန်မာနိုင်ငံသုတေသနများတွင် အသုံးပြုပြီးသော ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှို၏ အကျိုးပြုစွမ်းအား တွေ့ရှိချက်အပေါ် သုံးသပ်ချက်

အသုံးပြုပြီးသော အေအမ်အက်ဖ်မှို ၅ မျိုး၏ လက်ခံပင်အပေါ် အကျိုးပြုစွမ်းအားပြဇယားအရ ၁၉၉၇–၂၀ဝ၅ ခုနှစ်အတွင်း အသုံးပြုခဲ့သော မိုက်ကိုရိုက်ဇာမှိုမျိုးများအနက်Glomus manihot (၁)နှင့်(၂) သည် အခြားသော မိုက်ကိုရိုက်ဇာမှိုမျိုးကွဲတို့ထက် ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ  ပိုမိုကောင်းမွန်သည်၊ ခြောက်သွေ့ဒဏ် ခံနိုင်အောင် အကျိုးပြုသည်။  ယင်းကဲ့သို့ အကျိုးပြုစွမ်းအား ကောင်းမွန်သဖြင့် Glomus manihot ကိုစနစ်တကျ ထိန်းသိမ်းထားပြီး မိုက်ကိုရိုက်ဇာ မှိုမျိုးစများကို စနစ်တကျ ပွားများအသုံးပြုသင့်ပါသည် (မြ ၂၀၁၆)။

ဇီဝမြေသြဇာအရင်းအမြစ်အေအမ်အက်မှိုသည် စပျစ်သီးနှံအတွက်လည်း ရာသီပြောင်းလဲမှုဒဏ်ကို ကျော်လွှားရန် လက်နက်တခုဖြစ်သည်။

(က) အေအမ်အက်ဖ်မှိုမျိုးစများထိုးသွင်းပါက စပျစ်အထွက်၊  မက်တာဘောလစ်အဆင့် ၊ ရေကိုအကျိုးရှိစွာ အသုံးချမှုများကို တိုးလာစေသည်။ အပင်အမြစ်နှင့်မှိုမျှင်များ ကြီးထွားသောရိုက်ဇိုစဖီးယားဇုန်၏ တည်ငြိမ်မှု၊ဂေဟစနစ် လည်ပတ်မှုများလည်း ကောင်းလာသည်။

အေအမ်အက်မှို ထိုးသွင်းပြီး ခြောက်သွေ့ဒဏ်ကာလ ၄ ပတ်အကြာ ပြောင်းရွှေ့စိုက်စပျစ်ပျိုးပင်များကို စိစစ်ရာတွင်.. 

  • ၁။ ဒြပ်ထုအလေးချိန် တိုးလာသည်၊
  • ၂။ ပရိုလိုင်းပြင်းအား မြင့်လာသည်၊ 
  • ၃။ နေရောင်ဖြင့် အစာချက်နှုန်း မြင့်လာသည်၊
  • ၄။ အီလက်ထရွန် သယ်ပို့မှုနှုန်း မြင့်လာသည်၊ 
  • ၅။ ခြောက်သွေ့ဒဏ် ခံနိုင်သည်။

သဘာဝအေအမ်အက်မှိုသည် စပျစ်သီးနှံအတွက် ပရိုလိုင်းပြင်းအားမြင့်စေပြီး ရာသီပြောင်းလဲမှုဒဏ်ကို ကျော်လွှားခြင်း

 

စပျစ်သီးနှံအတွက် အေအမ်အက်မှို၏ အကျိုးပြုမှုအပေါ် သုံးသပ်ချက်         

  • လက်ခံပင်၏ တုန့်ပြန်မှုသည် မြေဆီလွှာကောင်းမွန်မှု (မြေအမျိုးအစားနှင့် ပီအိပ်ချ် ၆.၅ - ၈.၅) အ  ဆင့်ဆင့်ပေါ်တွင် မူတည်သည်၊
  • စပျစ်လက်ခံပင်နှင့် အေအမ်အက်မှိုအလိုက် ဒြပ်ထုအလေးချိန် တိုးလာခြင်း ကွဲပြားသည်၊
  • မှို၏ထိရောက်သောအစွမ်းရှိမှုကြောင့် ပရိုလိုင်းပြင်းအားမြင့်လာခြင်း၊ အီလက်ထရွန်သယ်ပို့မှုနှုန်း မြင့်လာခြင်းတို့က အပင်၏ခြောက်သွေ့ဒဏ်ခံနိုင်မှုကို တိုးစေသည်။ 
  • မြန်မာနိုင်ငံတွင် သဘာဝအလျောက်တွေ့ရှိရသော ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်မှိုမျိုးများသည် သက်ဆိုင်ရာ လက်ခံပင်တွင်ထိုးသွင်းပါက အပင်များက ခြောက်သွေ့ဒဏ်ခံနိုင်ကြောင်းကိုလည်း တွေ့ရှိရသည်။ ဇီဝမြေသြဇာ မှိုမျိုးစအဖြစ်အသုံးပြုရန် သင့်တော်သည်။ 

ကိုးကား

၁။  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)     

၂။  Begum N, Qin C, Ahanger MA, Raza S, Khan MI, Ashraf M, Ahmed N and Zhang L (2019) Role of Arbuscular Mycorrhizal Fungi in Plant Growth Regulation: Implications in Abiotic Stress Tolerance. Front. Plant Sci. 10:1068. doi: 10.3389/fpls.2019.01068..

၃။  Torres, N., Antolín, M. C., and Goicoechea, N. (2018a). Arbuscular mycorrhizal symbiosis as a promising resource for improving berry quality in grapevines under changing environments. Front. Plant Sci. 9:897. doi: 10.3389/fpls.2018. 00897.

၄။  Valentine, A., Mortimer, P., Lintnaar, M., and Borge, R. (2006). Drought responses of arbuscular mycorrhizal grapevines. Symbiosis 41, 127–133. doi: 10.3390/ jof7090686. 

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်