မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၄)

23/08/2022 14:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်)မှို၏ ဂေဟစနစ်ဆိုင်ရာ အခန်းကဏ္ဍများ  အပိုင်း - ၄

  • ၁။ အပေါ်မြေလွှာ၌ အေအမ်မှိုမျိုးကွဲများစွာ ပွားများသည်သာမက အမြစ်မွှေးရှည်လျား မြေနက်ဆင်းအပင်များ မှီခိုအကျိုးပြုအောက်မြေလွှာ (Sub soil) အေအမ်မှိုမျိုးများကိုလည်း ၂၁ ရာစုတွင် လေ့လာနေကြပြီ ဖြစ်သည်။
  • ၂။ တသမတ်တည်းမဟုတ်သောအမြစ်များ ပျံ့နှံ့မှုကြောင့် အေအမ်အက်ဖ်မှိုများသည် နားနေစပိုးများ၊ သက်တမ်းရှည်မိုက်စီလိယံများ ထုတ်ပြီး ပိုမိုခိုင်မြဲစွာ အချိန်အတော်ကြာရပ်တည်နိုင်သည်။
  • ၃။ မြေစိုင်ခဲဖွဲ့စည်းမှု၊ တည်မြဲမှု၊ ရေရှည်တည်တံ့သောကာကွယ်မှုကို ဖြစ်စေကြောင်းကိုလည်း ဆက်လက်လေ့လာနေကြပြီဖြစ်သည်။
  • ၄။ မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကို အလှည့်ကျစိုက်ပျိုးရေးတွင် ထည်သွင်းစိုက်ခြင်းဖြင့် အောက်မြေလွှာမှိုမျိုးကွဲများ တိုးလာပါမည်။
  • ၅။ ဒါကလည်း အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ သဟဇီဝနပြောင်းလဲမှုဖြစ်စဉ်နှင့်တစ်ခု ဖြစ်သည်။ ဆက်လက်၍အေအမ်မှိုမျိုးကွဲများ၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။
  • ၆။ ဤပြောင်းလဲမှုများသည် အေအမ်အက်ဖ်မှို ပညာပေးလုပ်ငန်းတွင်အသုံးဝင်သလို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများလည်း ကိုယ်တိုင်နားလည်စေရန် ဖေါ်ပြလိုပါသည်။

၄ - အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီ၏ ဆောင်ရွက်ချက်များ (အဆက်)

 

၄.၁ အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီ  

အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီ များစွာရှိသည်။ ၎င်းတို့သည် အပင်နှင့်ပတ်သက်သော ဆောင်ရွက်ချက်များနှင့် ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းများအတွက် ဆောင်ရွက်သည်။

  • (၁) အောက်မြေလွှာသည် ထုထည်မြင့်မားသည်၊  
  • (၂) သိပ်သည်းသည်၊
  • (၃) လေပေါက်နည်းသည်၊ 
  • (၄) အောက်စီဂျင်ပါဝင်မှု ပြင်းအားနည်းသည်။ 

အောက်မြေလွှာသည် အမြစ်များအတွက် သာမန်နီးပါးပတ်ဝန်းကျင် ရှိနေပြီး အေအမ်အက်ဖ်မှိုများအနေဖြင့်လည်း ၎င်း၏အခြေအနေများနှင့် အသားကျနေပြီဖြစ်သည်။

အကြောင်းပြချက်တခုအနေဖြင့်ပြောရမည်ဆိုပါက...

  • အောက်မြေလွှာအာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ကွန်မြူနတီများသည် လေပေါက်ကျဉ်းသောမြေတွင် စွဲကပ်နိုင်သည်။
  • လေမဲ့အနေအထားတွင် ကြံ့ကြံ့ခံနိုင်စွမ်းအား မြင့်သည်။
  • အောက်မြေလွှာတွင် ရှားရှားပါးပါးဖြစ်ပြီး တသမတ်တည်း မဟုတ်သောအမြစ်များ ပျံ့နှံ့မှုကြောင့် အေအမ်အက်ဖ်မှိုများသည် နားနေစပိုးများ၊ သက်တမ်းရှည်မိုက်စီလိယံများထုတ်ပြီး ပိုမိုခိုင်မြဲစွာ အချိန်အတော်ကြာရပ်တည်နိုင်သည်။

၅။ အထူးသဖြင့် Glomalaceae ဝင် မှိုမျိုးများသည် များသောအားဖြင့် ပြင်ပနေ မှိုမျှင်များထုတ်လေ့ရှိပြီး ရပ်တည်သဖြင့် အရေးကြီးသော အချက်တခုကတော့ အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို  ကွန်မြူနတီအများစုသည် Glomus species များ ဖြစ်သည်။ မြေစေးမြေများတွင် အပင်ရှင်သန်ရပါက အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုများသည် အပင်ရှင်သန်ရေးတွင် ပါဝင်ကူညီမှု မြင့်မားလာသည်။ 

အကျိုးပြုမှုများ

(က) အရေးကြီးသောအချက်တခုကတော အောက်မြေလွှာ အေအမ်အက်ဖ်မှို ကွန်မြူနတီများကြောင့် အပင်များက ပြင်းထန်သော အခြေအနေများကို ကြံ့ကြံ့ခံနိုင်လာ (ဒဏ်ခံလာနိုင်) ခြင်းဖြစ်သည်။ 

(ခ) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို  ဖိုင်လိုတိုက် (phylotype) များသည် ကြီးမားသောအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီးအပင်အတွက် အကျိုးရှိသောကာဖွန်ရစေကာ ကိုယ်စားပြုသက်တမ်းရှည်မှိုမျှင်များထုတ်ပြီး သဟဇီဝနဖြစ်စဉ်ကို ဆက်သည်။ 

(ဂ) အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီများအနက် ကြီးထွားမှုနှေးကွေးသော ကွန်မြူနတီများသည် အစ ကနဦးဖြစ်ပြီး ချက်ချင်းအကျိုးပြုမှု နည်းသည်။ သက်တမ်းရှည်ကွန်မြူနတီများသည် အကျိုးပြုမှု ပိုထိရောက်သည်။ အေအမ်အက်ဖ်မှို များ၏ စပိုးများသည် မြေအနက်အလိုက် ပွားများမှု လျော့နည်းလာသည်။ သို့သော် အပင်မျိုးကွဲများ၊ အေအမ်အက်ဖ်မှို မျိုးကွဲများဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်သည်။ 

(ဃ) အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီများသည် အပင်မှပံ့ပိုး၍ မှိုများမှရသော ကာဖွန်ယူနစ်တိုင်းပေါ် မူတည်ပြီး အပင်အတွက် ပြန်လည်အကျိုးပြုမှုသည် အပေါ်မြေလွှာ အေအမ်အက်ဖ်မှိုများထက် ပိုမြင့်သည်။ သို့ဖြစ်၍ အောက်မြေလွှာ အေအမ်အက်ဖ်မှိုကွန်မြူနတီများသည် မြေဖွဲ့စည်းပုံ အမျိုးမျိုးတွင် အရေးကြီးသော ခိုင်မာသော အခန်းကဏ္ဍမှာ ပါဝင်နေသည်။

(င) အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီများသည် မင်နရယ်များ မိုးရေဖြင့် လျှောကျစီးဆင်းသွားခြင်းကို.. 

  • (၁)အပင်အသက်ရှူနှုန်းတိုးလာခြင်း (increased respiration)    
  • (၂)မြေသားဖွဲ့စည်းမှု တည်ငြိမ်အခြေကျစေခြင်း (soil stabilization
  • (၃)မြေငွေ့၊ ပင်ငွေ့ပျံခြင်းနှင့် ယိုစီးမှုကိုတိုးစေခြင်း (enhanced evapotranspiration and exudation) စသည့် လမ်းကြောင်းများမှတဆင့် ထိန်းပေးသည်ဟုဆိုသည်။

အောက်မြေလွှာ အေအမ်အက်ဖ်မှိုကွန်မြူနတီများကြောင့် အပင်များက ပြင်းထန်သောအခြေအနေကို ကြံ့ကြံ့ခံနိုင်သည်ဟူသော အချက်အတွက် သုတေသနတွေ့ရှိချက်

 

 

၄.၃ ပြောင်း၊ မြက်နှင့် စပျစ်စိုက်ခင်းများရှိ အောက်မြေလွှာတွင် အေအမ်အက်ဖ်မှို မျိုးကွဲများရှိကြောင်းကို  မျိုးကွဲအညွှန်းအမြင့်ဖြင့် ပြခြင်း သုတေသနတွေ့ရှိချက်    

ထယ်ပါးပါးထိုးထားသော ပြောင်းခင်းများ၏ ထယ်ထိုးလွှာအောက်မြေလွှာ (၂၀-၃၅ နှင့် ၃၅-၅၀ စင်တီမီတာ) အနက်တွင်  အေအမ်အက်ဖ်မှို မျိုးကွဲများ၏ မျိုးကွဲအညွှန်းသည်  မြက်ခင်းများ၏ မျိုးကွဲအညွှန်းကဲ့သို့ မြင့်သည်။ စပျစ်ခင်းများတွင် ထယ်ထိုးလွှာအောက်မြေ (၂၀-၃၅ စင်တီမီတာ)တွင်သာ အေအမ်အက်ဖ်မှို မျိုးကွဲအညွှန်းကောင်းသည်။ ဤတွေ့ရှိချက်သည် စိုက်ကွင်းမြေပြုပြင်မှု ထယ်ရေး လျှော့ချခြင်း၏ အေအမ်အက်ဖ်မှို မျိုးကွဲများလာစေသော ခိုင်မာသည့် တွေ့ရှိချက် ဖြစ်သည်။

အေအမ်အက်ဖ်မှို မျိုးကွဲအညွှန်း

ကိုးကား 

 

Oehl F. et al.Community structure of arbuscular mycorrhizal fungi at different soil depths in extensively and intensively managed agroecosystems. 09 December 2004 https://doi.org/10.1111/j.1469-8137.2004.01235.x

Sosa-Hernández MA, Leifheit EF, Ingraffia R and Rillig MC Subsoil Arbuscular Mycorrhizal Fungi for Sustainability and Climate-Smart Agriculture: A Solution Right Under Our Feet? Front. Microbiol. 10:744 (2019). doi: 10.3389/fmicb.2019.00744

Srivastava P., Saxena B. and Giri B. Arbuscular Mycorrhizal Fungi: Green Approach/Technology for Sustainable Agriculture and Environment. Mycorrhiza - Nutrient Uptake, Biocontrol, Ecorestoration pp 355-386. 2017.

Wei et al. The Role of Arbuscular Mycorrhiza Fungi in the Decomposition of Fresh Residue and Soil Organic Carbon: A Mini‐Review. Soil Science Society of America Journal 83(3) · January 2019

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်