မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေဩဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း (၂)

31/05/2022 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား
အေအမ်အက်ဖ်မှို အမြစ်စွဲပုံ (Duhamel 2013)

ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် မြေကျန်းမာရေး ကောင်းစေသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ (အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် 

 

 ၂.၁ မှိုထိုးဖောက်ဝင်ရောက်စဉ်အဆင့်

 

ပုံ ၂.၁ (က) မြေကြီးထဲရှိ ပြင်ပနေ မှိုမျှင်သည် ပြောင်းမြစ်ကို ထိုးဖေါက်ဝင်ရောက်စွဲကပ်ပြီး အက်ပီဒါမယ်ဆဲလ် (epidermal cell) များကြားတွင် အပရီဇိုရီယမ် (appresorium) ဖြစ်ပေါ်သည်။ ( x ၄၀ဝ) 

 

ပုံ ၂.၁ (ခ) ပြောင်းမြစ်ကိုထိုးဖောက်ပြီး ၂-၅ ရက်အတွင်း အာဘာစကူးများသည် ကော့တက်ချ်ဆဲလ်များအတွင်း၌ စတင်ဖြစ်ပေါ်သည်။ မှိုသည်လက်ခံဆဲလ်နံရံကို ထိုးဖောက်ပြီးနောက် မှိုမျှင်တစ်မျှင်သည် ကိုင်းဖြာခြင်းဖြင့် အာဘာစကူးများ ဆဲလ်ထဲတွင် ဖြစ်ပေါ်လာသည်။ (x ၄၀ဝ)

 ၂.၂ အမြစ်ထဲသို့ထိုးဖောက်ဝင်ရောက်သောအဆင့်

 

ပုံ ၂.၂ ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၅-၁၀ ရက်တွင်အမြစ်၏ ကော်တီကယ်ဆဲလ်လွှာထဲရှိ   ဆဲလ် တွင်း ၊ ဆဲလ်ကြားမှိုမျှင်နှင့် အစာစုပ်အင်္ဂါများ ထင်ရှားလာသည်။ ( x ၄၀ဝ)

 ၂.၃ အစာစုပ်အင်္ဂါ (arbuscule)နှင့် အစာစုအင်္ဂါ (vesicle ) များဖြစ်ပေါ်သောအဆင့် 

 

ပုံ ၂.၃ (က) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၁၅ ရက် တွင်အမြစ်၏ ကော်တီကယ် ဆဲလ်လွှာ ထဲတွင်  အစာစုပ် အင်္ဂါ နှင့် အစာစုအင်္ဂါ  ဖြစ်ပေါ်ပုံ ( x ၄၀ဝ)

 အစာစုပ်အင်္ဂါများ ပျက်စီးခြင်း

 

ပုံ၂.၃(ခ) ပြောင်းမြစ်တွင် မှိုထိုးသွင်းပြီး ၂၀ ရက်တွင် အမြစ်၏ ကော်တီကယ်ဆဲလ်လွှာထဲတွင် အစာစုပ်အင်္ဂါများ ပျက်စီးနေပုံ  (x ၄၀ဝ)

           အထက်ဖေါ်ပြပါ အဆင့်များမှတဆင့် အာဟာရဓာတ်များသည် အစာစုပ်အင်္ဂါ အာဘာစကူးအမျှင်များကို ဖြတ်သန်းပြီး လက်ခံပင်မှ မှိုထဲသို့လည်းကောင်း (ကာဖွန်)၊မြေကြီးထဲမှ အာဟာရဓာတ်များ (ဖေါ့စပရပ်စ်နှင့် နိုက်ထရိုဂျင်)သည် မှိုမှတဆင့် လက်ခံပင်သို့လည်းကောင်း  အပြန်အလှန်ရွှေ့ပြောင်းခြင်း သဟဇီဝနဖြစ်စဉ် ဖြစ်ပေါ်သည်။ 

          မှိုထိုးသွင်းပြီး ၂၀ ရက်နောက်ပိုင်း သဟဇီဝနဖြစ်စဉ်ကာလတွင် မှိုမျိုးစ (inoclum) အဖြစ်စသုံးနိုင်သည်။ သို့ဖြစ်သဖြင့် အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို စီမံခန့်ခွဲရန် မှို၏ဖွံ့ဖြိုးမှုအဆင့်ဆင့် နှင့် သဟဇီဝနဖြစ်စဉ်ကာလသည် အရေးကြီးသဖြင့် ဇီဝဗေဒကို အခြေခံကျကျ နားလည်ရန်လိုအပ်ပါသည်။

 ကိုးကား

1/  မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

2/  Duhamel M. Evolution of the cooperation and consequences of a decrease in plant   diversity on the root symbiont diversity.Thesis, Research Gate 2013

3/  Sieverding, E. Vesicular-arbuscular mycorrhiza management in tropical agrosystems. Technical cooperation, Federal republic of germany, Eschborn, pp. 23-36 (1990):

 ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်