မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၆)

28/06/2022 14:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ဇီဝမြေသြဇာထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း - ၁

အပင်စိုက်ရာတွင်မျိုးကောင်းမျိုးသန့်မျိုးစေ့ ရရှိရေးသည် အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါကလည်း မှိုမျိုးစေ့သည်အရေးကြီးသည်။ အကျိုးပြုမှုကောင်းသော အေအမ်အက်ဖ်မှိုမျိုးစေ့များအကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေး တောင်သူများ ကိုယ်တိုင်နားလည်စေရန် ဖေါ်ပြလိုပါသည်။

ဘယ်လို အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစေ့တွေလဲ

၁.၁ အမြစ်တွင်အာဘာစကူလာမိုက်ကိုရိုက်ဇာမှို စွဲကပ်မှု နှင့် စပိုး ဖြစ်ပေါ်ပုံအရ အမျိုးအစားခွဲခြားမယ်ဆိုရင်..

၁.၁ (က) Glomus spp. အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ 

ပုံ ၁.၁ (က) Glomus spp.   

အမြစ်ကောတက်ဆဲလ်လွှာတလျှောက်တွင် မှိုမျှင်များ ဖြောင့်တန်းစွာ ပျံ့နှံ့သည်။ ‘H’  ပုံကိုင်းဖျာသည်။ ရှေ့ရှုရာ ၂ ဘက်သို့ ပျံ့နှံ့သည်။ ဆေးစွဲအား ကောင်းသည် ။ ဗက်စီကယ် (Vesicle) ဘဲဥပုံ ဖြစ်ပြီး အမြစ်၏ ကောတက်ဆဲလ် ၂ ခုကြားတွင်ဖြစ်ပေါ်သည်။ ကြာရှည်တည်နေသည်။ ဖွံ့ဖြိုးလာပါက နံရံထူလာပြီး အလွှာများ ဖြစ်ပေါ်လာသည်။ မှိုမျှင်များ၏ ထိပ်ပိုင်းဖူယောင်လာပြီး စပိုး ဖြစ်လာသည်။

 

၁.၁ (ခ)  Acaulospora spp. အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ

ပုံ ၁.၁ (ခ) Acaulospora spp.

အမြစ်တွင်းသို့ ထိုးဖောက်နေရာရှိ မှိုမျှင်သည် ကိုင်းဖြာသဏ္ဍာန်ရှိသည်။ ကောတက်ဆဲလ်လွှာအပြင်ရှိ မှိုမျှင်များသည် ပုံသဏ္ဍာန် မမှန် ကိုင်းဖြာသည်။ ကွင်းပုံ၊ ရစ်ခွေပုံ ဖြစ်သည်။အမြစ်တွင်းရှိ မှိုမျှင်များသည် နံရံပါးသည်၊ ဆေးစွဲအားနည်းသည်။ တန်းစီနေသော လစ်ပစ်အစက်များက ထင်ရှားသည်။ ဆဲလ်ကြားနေ ဗက်စီကယ်များသည် ဆီပြောက်များနှင့်ပြည့်နေသည်။ ဖွံ့ဖြိုးလာပါက ဖူးယောင်လာသည်။ မှိုမျှင်များ၏ထိပ်ပိုင်းစပိုး ထုတ်သောအိတ်မှ စပိုးဖြစ်လာသည်။ နံရံလွှာများစွာ ပါသည်။

 

၁.၁ (ဂ)  Scutelloaspora spp. အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ဆောက်တည်ပုံ

ပုံ ၁.၁ (ဂ)  Scutelloaspora spp. 

ကွင်းပုံ မှိုမျှင်များသည် အမြစ်တွင်းသို့ ထိုးဖေါက်နေရာတွင်များစွာတွေ့ရသည်။ မှိုမျှင်သည် ကိုင်းဖြာ ပုံစံသည် Acaulospora  နှင့်တူသည်။ ကောတက် ဆဲလ်လွှာရှိ မှိုမျှင်များသည် နံရံထူသည်၊ ဆေးစွဲအား ကောင်းသည် ။ဆဲလ်ကြားနေ ဗက်စီကယ်များကို အမြစ်ထဲတွင် တွေ့ ရလေ့ မရှိပါ။

တံမျက်စည်းပုံ အာဘာစကူးများသည်Glomus တွင်တွေ့ရသည်များထက်ပိုရှည်သည်၊ ပိုထူသည်။ အာဘာစကူးများသည် ရှည်လျားကွေ့ကောက်နေသဖြင့် အစည်းပုံသဏ္ဍာန် ဖြစ်နေသည်။ Substanding hyphae မှိုမျှင်များ၏ ထိပ်ပိုင်း ဖူးယောင်လာပြီး စပိုးဖြစ်လာသည်။ ဆဲလ်တွင်းလွှာများပါပြီး မျိုးပွားဒိုင်းလွှာ (germination shield) ပါရှိသည်။ 

 

၁.၁ (ဃ)  )   Gigaspora spp အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ  

မိုက်ကိုရိုက်ဇာမှိုများစွဲကပ်ပုံသည်Scutelospora နှင့်တူသည်။ မှိုမျှင်များသည် နံရံထူသည်။

တပိုင်တနိုင် စိုက်ပျိုးရေး တောင်သူများအနေဖြင့် ဤအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစေ့ ၄ မျိုး သိထားလျှင် လုံလောက်ပါပြီ။

ကိုးကား

၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်