မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၆)

28/06/2022 14:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ဇီဝမြေသြဇာထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း - ၁

အပင်စိုက်ရာတွင်မျိုးကောင်းမျိုးသန့်မျိုးစေ့ ရရှိရေးသည် အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါကလည်း မှိုမျိုးစေ့သည်အရေးကြီးသည်။ အကျိုးပြုမှုကောင်းသော အေအမ်အက်ဖ်မှိုမျိုးစေ့များအကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေး တောင်သူများ ကိုယ်တိုင်နားလည်စေရန် ဖေါ်ပြလိုပါသည်။

ဘယ်လို အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစေ့တွေလဲ

၁.၁ အမြစ်တွင်အာဘာစကူလာမိုက်ကိုရိုက်ဇာမှို စွဲကပ်မှု နှင့် စပိုး ဖြစ်ပေါ်ပုံအရ အမျိုးအစားခွဲခြားမယ်ဆိုရင်..

၁.၁ (က) Glomus spp. အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ 

ပုံ ၁.၁ (က) Glomus spp.   

အမြစ်ကောတက်ဆဲလ်လွှာတလျှောက်တွင် မှိုမျှင်များ ဖြောင့်တန်းစွာ ပျံ့နှံ့သည်။ ‘H’  ပုံကိုင်းဖျာသည်။ ရှေ့ရှုရာ ၂ ဘက်သို့ ပျံ့နှံ့သည်။ ဆေးစွဲအား ကောင်းသည် ။ ဗက်စီကယ် (Vesicle) ဘဲဥပုံ ဖြစ်ပြီး အမြစ်၏ ကောတက်ဆဲလ် ၂ ခုကြားတွင်ဖြစ်ပေါ်သည်။ ကြာရှည်တည်နေသည်။ ဖွံ့ဖြိုးလာပါက နံရံထူလာပြီး အလွှာများ ဖြစ်ပေါ်လာသည်။ မှိုမျှင်များ၏ ထိပ်ပိုင်းဖူယောင်လာပြီး စပိုး ဖြစ်လာသည်။

 

၁.၁ (ခ)  Acaulospora spp. အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ

ပုံ ၁.၁ (ခ) Acaulospora spp.

အမြစ်တွင်းသို့ ထိုးဖောက်နေရာရှိ မှိုမျှင်သည် ကိုင်းဖြာသဏ္ဍာန်ရှိသည်။ ကောတက်ဆဲလ်လွှာအပြင်ရှိ မှိုမျှင်များသည် ပုံသဏ္ဍာန် မမှန် ကိုင်းဖြာသည်။ ကွင်းပုံ၊ ရစ်ခွေပုံ ဖြစ်သည်။အမြစ်တွင်းရှိ မှိုမျှင်များသည် နံရံပါးသည်၊ ဆေးစွဲအားနည်းသည်။ တန်းစီနေသော လစ်ပစ်အစက်များက ထင်ရှားသည်။ ဆဲလ်ကြားနေ ဗက်စီကယ်များသည် ဆီပြောက်များနှင့်ပြည့်နေသည်။ ဖွံ့ဖြိုးလာပါက ဖူးယောင်လာသည်။ မှိုမျှင်များ၏ထိပ်ပိုင်းစပိုး ထုတ်သောအိတ်မှ စပိုးဖြစ်လာသည်။ နံရံလွှာများစွာ ပါသည်။

 

၁.၁ (ဂ)  Scutelloaspora spp. အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ဆောက်တည်ပုံ

ပုံ ၁.၁ (ဂ)  Scutelloaspora spp. 

ကွင်းပုံ မှိုမျှင်များသည် အမြစ်တွင်းသို့ ထိုးဖေါက်နေရာတွင်များစွာတွေ့ရသည်။ မှိုမျှင်သည် ကိုင်းဖြာ ပုံစံသည် Acaulospora  နှင့်တူသည်။ ကောတက် ဆဲလ်လွှာရှိ မှိုမျှင်များသည် နံရံထူသည်၊ ဆေးစွဲအား ကောင်းသည် ။ဆဲလ်ကြားနေ ဗက်စီကယ်များကို အမြစ်ထဲတွင် တွေ့ ရလေ့ မရှိပါ။

တံမျက်စည်းပုံ အာဘာစကူးများသည်Glomus တွင်တွေ့ရသည်များထက်ပိုရှည်သည်၊ ပိုထူသည်။ အာဘာစကူးများသည် ရှည်လျားကွေ့ကောက်နေသဖြင့် အစည်းပုံသဏ္ဍာန် ဖြစ်နေသည်။ Substanding hyphae မှိုမျှင်များ၏ ထိပ်ပိုင်း ဖူးယောင်လာပြီး စပိုးဖြစ်လာသည်။ ဆဲလ်တွင်းလွှာများပါပြီး မျိုးပွားဒိုင်းလွှာ (germination shield) ပါရှိသည်။ 

 

၁.၁ (ဃ)  )   Gigaspora spp အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုဆောက်တည်ပုံ  

မိုက်ကိုရိုက်ဇာမှိုများစွဲကပ်ပုံသည်Scutelospora နှင့်တူသည်။ မှိုမျှင်များသည် နံရံထူသည်။

တပိုင်တနိုင် စိုက်ပျိုးရေး တောင်သူများအနေဖြင့် ဤအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစေ့ ၄ မျိုး သိထားလျှင် လုံလောက်ပါပြီ။

ကိုးကား

၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်