မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၉)

19/07/2022 17:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

ဇီဝမြေသြဇာ ထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း (၄)

ပုံ ၄ မော်ဒယ်အေအမ်အက် (မိုက်ကိုရိုက်ဇာမှို) ၏ဂေဟစနစ်ဆိုင်ရာ တာဝန်များကွင်းဆက် (မြ ၂၀၁၆)

အပင်စိုက်ရာတွင်မျိုးကောင်းမျိုးသန့်ရရှိရေးသည်အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါက ဈေးကွက်ဝင် မှိုမျိုးများ ဖြစ်လာသည့် အကျိုးပြုမှုကောင်းသော မှိုမျိုးကောင်းများ၏ မျိုးစေ့များ ဝယ်ယူရန် လိုအပ်မည်ဖြစ်သည်။

အေအမ်အက်ဖ်မှိုမျိုးစဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်ပေါ် တွင် ပြောင်းလဲလာသည့် မော်ဒယ်မှိုမျိုးစိတ်များ (Sieverding et al 2014) သည် အကျိုးပြုမှု ကောင်းသည်။ ၎င်း၏အကျိုးပြုမှုသည် သီးနှံစိုက်မြေ၊ လက်ခံပင်များနှင့် ဆက်စပ်နေသည်ကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်နားလည်စေရန် ဆက်လက်ဖော်ပြလိုပါသည်။

၄.၁ အေအမ်အက်ဖ်မှိုမျိုးစ ဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်ပေါ်တွင် အမည်ပြောင်းလဲလာသည့် မော်ဒယ်မှိုမျိုးစိတ်များ (Sieverding et al 2014)

၄.၂ ဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်ပေါ်တွင်ပြောင်းလဲလာသည့် မော်ဒယ်မှိုမျိုးစိတ် လက္ခဏာများ    

သိပ္ပံနှင့်စီးပွားရေးရှုထောင့်တွင် R. intraradices and R. irregulare (e.g., Stockinger et al. 2014) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ၂ မျိုးသည်အဓိကမျိုးစိတ်   (key species)များ ဖြစ်သည်။ Glomus မှိုမျိုးစိတ်၏ အမျိုးအစား ခွဲခြားမှုဆိုင်ရာ လက္ခဏာများမှာ အစာစုအင်္ဂါနှင့် လိင်မဲ့ နားနေစပိုးများစွာကို အမြစ်ထဲနှင့် အမြစ်ပြင်ပ၊ အမြစ်ဇုန်များတွင်ထုတ်သည်။ လိင်မဲ့စပိုးများသည် substanding hyphae  မှဖြစ်ပေါ်သည်၊ ဆဲလ်နံရံလွှာ ၂-၃ လွှာ (၅ လွှာထိ ကွဲကွဲပြားပြား) ရှိသည်။ ဆဲလ် နံရံထူသည်။

၄.၃  ဘိုင်အိုချာနှင့် စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုတို့၏ ပူးတွဲအကျိုးပြုမှု 

      အထက်ဖေါ်ပြပါ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို မျိုးစိတ်များသည် အကျိုးပြုစွမ်းအား မြင့်မားသည့် မှိုမျိုးစိတ်များ (မြ ၂၀၁၆) ဖြစ်သည်။ ၎င်းတို့ကို ရေရှည်တည်တံ့သောစိုက်ပျိုးရေးတွင် ဂေဟစနစ်တိုးတက်ရေးဆိုင်ရာ လုပ်ဆောင်မှုကောင်းသောမျိုးများအဖြစ်သုံးကြသည်။ စီးပွားဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ်မှိုမျိုးစ (commercially available AM fungal products) များကို  ဘိုင်အိုချာနှင့် ပူးတွဲပြီး မြေကြီးအရည်အသွေးတိုးတက်စေရန် (Soil quality improvement, Gujre et al 2021) အကျိုးပြုမှုများတွင် အသုံးပြုနိုင်သည်။ ၂၁ ရာစုပိုင်းတွင် ကာဖွန်ကြွယ်ဝသော ပစ္စည်းတမျိုးဖြစ်ပြီး၊ ဘိုင်အိုမတ်စ်ဖြစ်သော စိုက်ပျိုးရေးနှင့် စက်ရုံထွက် အလေအလွင့်များကို မီးသင့်စေခြင်းမှ ရှိသည့် ဘိုင်အိုချာကို စိုက်ပျိုးရေးတွင် အသုံးချမှု များလာသည် (ပုံ ၄.၃)။

ပုံ ၄.၃ မြေအရည်အသွေး တိုးတက်စေသော ဘိုင်အိုချာနှင့် စီးပွါးဖြစ်ထုတ်သော အေအမ်အက်ဖ်မှို တို့၏ပူးတွဲ အကျိုးပြုမှု 

Figure 4.3 Biochar, commercially available AMF and their combination in soil quality improvement (Gujre et al 2021)

၄.၄။  ၂၁ ရာစု လက်တွေ့အသုံးချပိုင်း နှင့် ဇီဝမြေသြဇာ ထုတ်လုပ်ရေးအတွက် အထောက်အကူပြု တွေ့ရှိချက်များ

၄.၄.၁ မှိုမျိုးစများသည်သီးနှံပင်အလိုက် ကြီးထွားမှုတိုးစေပြီး အာဟာရဓာတ် စုပ်ယူမှုအားပေးသော အကျိုးပြုစွမ်းအားမြင့်မားသည့်မှိုမျိုးများ (မြ ၂၀၁၆) ဖြစ်သည်။ စီးပွား ဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ် မှိုမျိုးစ (commercially available AM fungal products) များဖြစ်သည်။ မှိုမျိုးစေ့များကို  ကုမ္ပဏီများမှ ဝယ်ယူရန် လိုအပ်ပါက အမှားအယွင်းနည်းစေရန်တင်ပြခြင်းမျှသာ ဖြစ်သည်။

၄.၄.၂။  စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုများအနက် Glomus intraradices သည် ဘိုင်အိုချာနှင့် ပူးတွဲသုံးပါက မြေကြီးအရည်အသွေးပြန်လည်တိုးတက်စေရာတွင် အကျိုးရှိသည် (ပုံ ၄.၃ ) (Gujre et al 2021)  

      က။ နိုက်ထရိုဂျင်သံသရာလည်မှု ထောက်ကူသည်၊ 

      ခ။ ကာဖွန် တသီးတခြား ခွဲထွက်မှုတွင် ကူညီသည်၊

      ဂ။ အပင်မှအာဟာရဓာတ် စုပ်ယူမှုတွင် တွန်အားပေးသည်၊

      ဃ။ မြေကြီးအရည်အသွေးတိုးတက် (Soil quality improvement) စေသည်၊

      င။ အဆိပ်ဖြစ် ပစ္စည်းများ Heavy metal များ အပင်မှစုပ်ယူမှု ကျစေသည်၊

      စ။ မြေကြီးထဲရှိအကျိုးပြုသက်ရှိများကို ထောက်ကူသည်။

ကိုးကား

၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံး ချခြင်း (၂၀၁၆)

 ၂။ Gujre N. Soni A. Rangan L.Tsang D. Mitra S. Sustainable improvement of soil health  utilizing biochar and arbuscular mycorrhizal fungi: A review. Environmental Pollution Volume 268, Part B, 1 January 2021. https://doi.org/10.1016/j.envpol.2020.115549

၃။ Mukhongo R.W., J.B. Tumuhairwe, P. Ebanyat, A.H. AbdelGadir, M. Thuita and C. Masso, 2016. Production and use of arbuscular mycorrhizal fungi inoculum in sub-Saharan Africa: Challenges and ways of improving. Int. J. Soil Sci., 11: 108-122.

၄။ Sieverding E., Alves da Silva G., Berndt R., & Oehl F. Rhizoglomus, a new genus of the Glomeraceae Volume 129(2), pp. 373–386 October–December 2014

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်