ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ

23/03/2026 16:59 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ငါးဝမ်းပူသည် အာဟာရဓာတ်ကြွယ်ဝသော အလတ်စားငါးတစ်မျိုး ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် အပါအဝင် အိန္ဒိယ-ပစိဖိတ်ကမ်းရိုးတန်းရေပြင်များ၊ မြစ်ဝများနှင့် မြစ်များတွင်တွေ့ရှိရသည်။ ငါးဝမ်းပူကို အင်္ဂလိပ်လို “Chacunda gizzard shad”ဟု အမည်တွင်ပြီး သိပ္ပံအမည်မှာ “Anodontostoma chacunda” ဖြစ်သည်။ ငါးဝမ်းပူကို တချို့ဒေသတွင် ဝမ်းပူငါး၊ဝမ်းဖောင်းငါးဟု ခေါ်ကြပြီး ရခိုင်ဒေသတွင် “ဘာသီ”ဟု ခေါ်သည်။

သွင်ပြင်လက္ခဏာများ

ငါးဝမ်းပူသည် ခန္ဓာကိုယ်ဗျက်ကြီးပါသည်။ ငါးအရွယ်အစားကိုလိုက်၍ ကြီးပါသည်။ ပါးစပ်အနေအထားမှာ အောက်မေးရိုးသည် အပေါ်မေးထက် ပိုမိုရှည်လျားနေသည်ကို တွေ့ရပါသည်။ ဒုတိယအပေါ်ဖက်မေးရိုးသည် မာကြောသောစောင်း ဖြစ်ပေါ်နေပါသည်။ဒုတိယကျောရိုးဆူးတောင်သည် အရိုးနုအမျှင် မဟုတ်ပါ။အကြေးများ၏ နောက်ဖက်အစွန်းသည် လွှသွားများဖြစ်ပေါ်နေပါသည်။ အကြေးများသည် ကျောရိုးဖက်ခြမ်းတွင် မျှတစွာစီတန်းလျက်ရှိပါသည်။

အရောင်

ငါးဝမ်းပူသည် ငွေရောင်တောက်ပြီး ပါးဟက်ပေါက်၏ နောက်တွင် ထင်ရှားသော အနက်ပြောက်တစ်ခုရှိပါသည်။ ခန္ဓာကိုယ်နောက်ပိုင်းတွင် တစ်ခါတစ်ရံ အနက်ပြောက်များ စီတန်းလျက် တွေ့ရတတ်ပါသည်။ ရေယက်များသည် အရိုးနုများဖြင့် ဖွဲ့စည်းထားပြီး ရေယက်များ နို့နှစ်ရောင်အလင်းမပေါက်သည်ကို တွေ့ရပါသည်။

ဘဝသက်တမ်း

ငါးဝမ်းပူသည် အသက် ၂ နှစ်မှ ၄ နှစ်ခန့်အထိ အသက်ရှည်ကြသည်။

အရွယ်အစား

ငါးဝမ်းပူ၏ ပျှမ်းမျှ အရွယ်အစားမှာ ၁၄ စင်တီမီတာရှိပြီး အမြင့်ဆုံးခန္ဓာကိုယ်အလျား ၂၂ စင်တီမီတာအရှည်အထိ ရှိပါသည်။

ဥ,အုခြင်း

ငါးဝမ်းပူ ဥ,အုသည့် ရာသီသည် ယေဘုယျအားဖြင့် ဇန်နဝါရီလ မှ မေလနှင့် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ဖြစ်ပြီး ဒီဇင်ဘာလတွင် အမြင့်ဆုံးဖြစ်သည်။

ငါးဝမ်းပူ၏ ထူးခြားချက်

ငါးဝမ်းပူ(သို့မဟုတ်) ဝမ်းဖောင်းငါးသည် ၄င်း၏ ကိုယ်ထည်အလယ်ပိုင်း အနည်းငယ်ပူဖောင်းနေသောကြောင့် ငါးဝမ်းပူဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ယင်းငါးသည် ဝမ်းဗိုက်ပိုင်းတွင် အကြေးခွံများ ဖြူစင်ထင်ရှားကာ ငါးသလောက်နှင့် ဆင်တူသော်လည်း ပိုမိုတုတ်ခိုင်သော ပုံစံရှိသည်။ ငါးသလောက်၊ ငါးသ​လောက်ယောက်ဖတို့နှင့် မတူဘဲ ဝမ်းပိုင်းအကြေးခွံများ ပြတ်သားမှုရှိခြင်းနှင့် ငါးသလောက်ထက် အရွယ်အစားသေးငယ်ပြီး တုတ်တုတ်ချင်းချင်းရှိခြင်းသည် ထူးခြားချက်ဖြစ်သည်။

အစာစားသည့် အလေ့အထ 

ငါးဝမ်းပူသည် အစုံစားသတ္တဝါဖြစ်ပြီး အခွံမာရေသတ္တဝါများ၊ သားလောင်းလေးများ၊ အပင်မျှော၊ အကောင်မျှောလှေးများ၊ စိမ်းပြာရေညှိများ၊ ရေညှိရေမှော်များနှင့် ရေမြုပ်ဆူးပင်များကို စားသုံးကြသည်။

ငါးဝမ်းပူ စားဖွယ်စုံ

ငါးဝမ်းပူကို အိုးကပ်ချက်စားခြင်း၊ ကြော်စား၊ ကင်စား၊ ဆီပြန်ဟင်းချက်စားခြင်း၊ ငါးဆုပ်ပြုလုပ်ခြင်း၊ ပအုန်းရည်နှင့် ပြုတ်စားခြင်းအပြင် ငါးခြောက်၊ ငါးဆားနယ်ပြုလုပ်၍လည်း စားသုံးကြသည်။

အာဟာရတန်ဖိုးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

ငါးဝမ်းပူသည် ပရိုတင်းနှင့် အာဟာရဓာတ်ပါဝင်မှု မြင့်မားသောငါးဖြစ်သည်။ ငါးဝမ်းပူသည် ပရိုတင်းဓာတ် မြင့်မားစွာပါဝင်ပြီး မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ၊အထူးသဖြင့် ကယ်လ်စီယမ်တို့ပါဝင်ကြောင်း သိရသည်။ ငါးဝမ်းပူတွင် နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသော Omega-3 fatty acids ကြွယ်ဝစွာပါဝင်သည်။ သတ္တုဓာတ်များ အနေဖြင့် ဆီလီနီယမ်၊ သံဓာတ်၊ ဇင့်နှင့် ကယ်လ်စီယမ်ပမာဏ ကြွယ်ဝစွာပါဝင်သည်။ 

ငါးဝမ်းပူတွင်ပါဝင်သော ပရိုတင်း၏ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ

ပရိုတင်းဓာတ်ဆိုသည်မှာ ကျွန်ုပ်တို့ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းစေရန်အတွက် လိုအပ်သော အာဟာရဓာတ် တစ်မျိုးပဲ ဖြစ်ပါသည်။ငါးဝမ်းပူတွင်ပါဝင်သော ပရိုတင်းဓာတ် အနေဖြင့် ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွင်းက တစ်သျှူးများ ပြန်လည်ပြုပြင်ရာတွင် ကြီးမားသော အထောက်အကူကို ပေးလျက်ရှိပါသည်။

အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးအနေဖြင့် တစ်နေ့လျှင် ပရိုတင်းဓာတ် ၄၅ ဂရမ်ခန့် ပါဝင်သော အစားအစာများကို စားသုံးပေးရန် လိုအပ်ပြီး အမျိုးသားများ အနေဖြင့် ပရိုတင်း ၅၆ ဂရမ်ခန့် ပါဝင်သော အစားအစာများကို စားသုံးပေးရန် လိုအပ်ပါသည်။

ထို့အပြင် ခန္ဓာကိုယ် ဖွံ့ဖြိုးချင်သူများ၊ ကြွက်သားများ တောင့်တင်းသန်မာချင်သူများ အနေနှင့်လည်း ပရိုတင်းပါဝင်သော အစားအစာများ၊ ပရိုတင်းဓာတ် ဖြည့်စွက်စာများကို စားသုံးလေ့ ရှိကြပါသည်။ ထို့ကြောင့် ပရိုတင်းဓာတ်​ကြွယ်ဝစွာပါဝင်သော ငါးဝမ်းပူ၏ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါသည်။

၁။ အစာစားချင်စိတ်ကို လျှော့ချပေးခြင်း

ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သော ငါးဝမ်းပူကို စားသုံးခြင်းကြောင့် အစာစားချင်စိတ်ကို လျှော့ချပေးသွားမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငါးဝမ်းပူတွင်ပါဝင်သော ပရိုတင်းအနေဖြင့်  ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာလေ့ရှိသော အစာစားချင်စိတ် ဟော်မုန်းထွက်ပေါ်လာခြင်းကို ထိန်းညှိပေးထားသောကြောင့်ပဲ ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့အနေနှင့် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိချင်သည် ဆိုလျှင်တော့ အဆီများသော အစားအစာများ စားသုံးခြင်းထက် ပရိုတင်း ပါဝင်မှုများသော ငါးဝမ်းပူကိုစားသုံးသင့်ပါသည်။

၂။ ကြွက်သားများကို ကြီးထွားသန်မာစေခြင်း

ငါးဝမ်းပူတွင်ပါဝင်သော ပရိုတင်းဓာတ် အနေနှင့်  ကျွန်ုပ်တို့ ခန္ဓာကိုယ်၏ ကြွက်သားများကို ကြီးထွားသန်မာစေဖို့အတွက် ကြီးမားသော အထောက်အကူကို ပေးလျက်ရှိပါသည်။ ထို့ကြောင့် ငါးဝမ်းပူအပါအဝင် ပရိုတင်းပါဝင်သော အစားအစာများကို စားသုံးပေးမည်ဆိုလျှင် ကြွက်သားများ တက်လာမှာဖြစ်သည့်အပြင် သန်မာလာမည်လည်း ဖြစ်ပါသည်။

၃။ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သော ငါးဝမ်းပူကို စားသုံးခြင်းကြောင့် အရိုးကျန်းမာရေးကို ကောင်းမွန်စေမည် ဖြစ်သည်ဟု သိရပါသည်။ ပရိုတင်းပါဝင်သော အစားအစာများကို စားသုံးခြင်းကြောင့် အရိုးများကို ကြံ့ခိုင်သန်စွမ်းစေမှာ ဖြစ်သည့်အပြင် အရိုးကျိုးလွယ်ခြင်း၊ အရိုးပွခြင်း၊ အရိုးပါးခြင်းစသည့် ဝေဒနာများ ခံစားရမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါသည်။

၄။ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေခြင်း

ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများကို စားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေမှာ ဖြစ်သည့်အပြင် ခန္ဓာကိုယ်တွင်းမှ ကယ်လိုရီများလည်း လောင်ကျွမ်းစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ပရိုတင်းဓာတ်ကြွယ်ဝသော ငါးဝမ်းပူကို ရွေးချယ်သင့်ပါသည်။

၅။ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

သွေးပေါင်တက်ခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ၊ ကျောက်ကပ်ရောဂါတို့ကို ဖြစ်ပွားစေနိုင်ပါသည်။ထို့ကြောင့် ပရိုတင်းဓာတ် ကြွယ်ဝသော ငါးဝမ်းပူကို စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်သည့်အပြင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးကို ဖြစ်ပွားစေသော ကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးသွားမည် ဖြစ်ပါသည်။

အချုပ်အားဖြင့် ဆိုရသော်

ငါးဝမ်းပူသည် သဘာဝအားဖြင့် ထူးခြားလှပြီး အာဟာရဓာတ်လည်းကြွယ်ဝစွာပါရှိသဖြင့် ကျန်းမာရေးကောင်းကျိုး များပြားစွာ ရရှိနိုင်သောကြောင့် စားပေးသင့်သည့်ငါးတစ်မျိုးဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်