မီးသွေးကို အပင်နဲ့ စိုက်ခင်းတွေမှာ အသုံးပြုနိုင်တဲ့ နည်းလမ်းများ

19/08/2022 14:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

မီးသွေးဆိုတာ အိမ်တိုင်းမှာ အနည်းနဲ့အများဆိုသလို  မရှိမဖြစ် ဆောင်ထားရလေ့ရှိတဲ့ သဘာဝလောင်စာတစ်မျိုး ဖြစ်ပါတယ်။ မီးသွေးကို လောင်စာအနေနဲ့သာမက အပင်တွေစိုက်ပျိုးရာမှာလည်း အသုံးပြုကြလေ့ရှိပါတယ်။ များသောအားဖြင့်တော့ ရှားစောင်းလက်ပက်၊ နှင်းဆီ၊ ပိန်းပန်းနဲ့ အခြားသော အလှစိုက်ပန်းပင်တွေမှာ ထည့်သွင်းကြတာ ဖြစ်ပါတယ်။

 

ဒီလိုမျိုးမီးသွေးကို အပင်တွေ စိုက်ပျိုးရာမှာ ထည့်သွင်း အသုံးပြုလေ့ရှိကြပေမယ့် ၎င်းရဲ့ အာနိသင်တွေနဲ့ အကျိုးပြုပုံတွေကိုတော့ အတော်များများ သတိမပြုမိကြတာ များပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ မီးသွေးရဲ့ အသုံးဝင်တဲ့နည်းလမ်းအချို့နဲ့ အကျိုးပြုပုံတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

မြေဆီလွှာနဲ့ အပင်များအတွက် အသုံးဝင်ခြင်း 

မီးသွေးဟာ မြေဆီလွှာနဲ့ အပင်တွေအတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သိပ်သည်းဆနည်းတဲ့ မီးသွေးကြောင့် မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုနဲ့ လေဝင်လေထွက်တွေကို ပိုမိုကောင်းမွန်စေနိုင်တာ ဖြစ်ပါတယ်။ 

အပင်တွေအတွက် ဆိုရင်လည်း မီးသွေးမှာ ပိုတက်စီယမ်ဓာတ် မြင့်မားစွာပါဝင်နေတဲ့အပြင် ဖော့စဖောရပ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ်ဓာတ်တွေ ပါဝင်နေတာကြောင့် အာဟာရဓာတ် အစားထိုးပစ္စည်းနေနဲ့ အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အပင်တွေ စိုက်ပျိုးတဲ့အခါ မီးသွေးကို မြေဆီလွှာထဲမှာ ထည့်သွင်း အသုံးပြုမယ်ဆိုရင် မြေဆီလွှာရဲ့ ချဥ်/ ငန် ဓာတ်တွေကို သမမျှတအောင် ကူညီပေးနိုင်တာ ဖြစ်တဲ့အတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ 

ပန်းပင်တွေစိုက်ပျိုးရာမှာ ရေဝပ်တာမျိုး မဖြစ်စေဘဲ ရေဆင်းအားကောင်းစေဖို့အတွက် ပုံမှန်အားဖြင့် အိုးရဲ့အောက်ခြေမှာ ကျောက်စရစ်ခဲတွေ ထည့်လေ့ရှိကြပါတယ်။ ၎င်ကျောက်စရစ်ခဲတွေရဲ့ နေရာမှာ မီးသွေးကိုလည်း အစားထိုးအသုံးပြုနိုင်ပါတယ်။ မီးသွေးကို အသုံးပြုခြင်းဖြင့် ရေဆင်းအားကောင်းစေသလို မြေဆီလွှာရဲ့ အစိုဓာတ်ကိုလည်း ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးသွေးကို ကောက်ရိုးနဲ့ သစ်ရွက်ခြောက်တို့လိုပဲ မြေဖုံးရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ မြေဖုံးရာမှာ အသုံးပြုခြင်းဖြင့် အစိုဓာတ်ကို ထိန်းပေးနိုင်သလို ပေါင်းမြက်တွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့် မြေဆွေးပြုလုပ်တဲ့အခါ သဘာဝစွန့်ပစ်ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုရတာကြောင့် တခါတရံမှာ မြေဆွေးပုံကနေ  အနံ့ဆိုးတွေ ထွက်ရှိတတ်ပါတယ်။ ၎င်းအခြေအနေမျိုးမှာ အနံ့ဆိုးတွေကို သက်သာစေဖို့အတွက် မီးသွေးမှုန့်အနည်းငယ်ကို မြေဆွေးပုံရဲ့အပေါ်မှာ ဖြူးပေးလို့ရပါတယ်။ မီးသွေးမှုန့်အနည်းငယ်ကို  မြေဆွေးထဲမှာ ထည့်ပေးခြင်းဖြင့် ကာဗွန်ပါဝင်မှုကိုလည်း တိုးစေမှာ ဖြစ်ပါတယ်။ 

အပင်မှ အဆိပ်ဖြစ်စေနိုင်တဲ့ ဓာတ်များအား ဖယ်ရှားပေးနိုင်ခြင်း 

ဥပမာအနေနဲ့ ပြောရရင် သစ်ကြားသီးပင် (အမည်းမျိုး) တွေဆိုရင် Juglone လို့ ခေါ်တဲ့ အဆိပ်ရှိတဲ့ ဟော်မုန်းဓာတ်တစ်မျိုးကို ထုတ်လေ့ရှိပါတယ်။ သစ်ကြားသီးပင်ကနေ အရွက်တွေ ကြွေကျတဲ့အခါ ၎င်းဓာတ်တွေဟာ အရွက်ကနေတဆင့် မြေဆီလွှာထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အဲ့ဒီဟော်မုန်းဓာတ်တွေဟာ အရွက်တွေထဲမှာသာမက အသီးနဲ့ အကိုင်းအခက်တွေထဲမှာပါ ရှိနေတာဖြစ်ပါတယ်။ ၎င်းဟော်မုန်းဓာတ်တွေ မြေဆီလွှာထဲရောက်ရှိတဲ့အခါ သစ်ကြားသီးပင်ရဲ့ ပတ်ဝန်း ကျင်မှာရှိတဲ့ အခြားသော အပင်တွေရဲ့ ရှင်သန်နိုင်စွမ်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ 

အထူးသဖြင့် (Solanaceous) မျိုးရင်းဝင် သီးနှံပင်တွေဖြစ်ကြတဲ့ ငရုတ်၊ ခရမ်းချဥ်၊ ခရမ်းသီး စတဲ့ အပင်တွေဆိုရင် Juglone လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်ကို ခံနိုင်ရည်မရှိကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မီးသွေးကို မြေမျက်နှာပြင်ပေါ် ဖြန့်ပြီးချပေးနိုင်သလို မီးသွေးအမှုန့်ကို ရေနဲ့ရောပြီး အပင်ပတ်ဝန်းကျင် မြေဆီလွှာရဲ့ပေါ် ပက်ဖျန်းပေးတာမျိုး ပြုလုပ်ပေးခြင်းဖြင့် အဆိပ်ဓာတ်တွေကို လျော့နည်းလာအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပေါင်းသတ်ဆေး အာနိသင်များကို လျှော့ချပေးနိုင်ခြင်း 

ပေါင်းသတ်ဆေးတွေ အသုံးပြုခြင်းဟာ မြေဆီလွှာကို ထိခိုက်ညစ်ညမ်းစေပါတယ်။ ပေါင်းသတ်ဆေးတွေဟာ အဓိကနှိမ်နင်းလိုတဲ့ ပေါင်းပင်တွေကို သေစေနိုင်ပေမယ့် ၎င်းတို့ရဲ့ ဓာတ်ကြွင်းအာနိသင်တွေက မြေဆီလွှာထဲမှာ နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေနိုင်တာ ဖြစ်ပါတယ်။ ပေါင်းသတ်ဆေးအများအပြား အသုံးပြုထားတဲ့ နေရာတွေမှာ သီးနှံတွေစိုက်ပျိုးမယ်ဆိုရင်လည်း သီးနှံတွေရဲ့ ကြီးထွားရှင်သန်နိုင်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်။ အကယ်လို့ မိမိရဲ့ စိုက်ခင်းမှာ Isoxaben (သို့မဟုတ်) Oryzalin စတဲ့ ပေါင်းသတ်ဆေးတွေ အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင် သီးနှံပင်တွေ မစိုက်ပျိုးခင်ကတည်းက မြေဆီလွှာထဲကို မီးသွေး ကြိုတင်ထည့်ပေးထားသင့်ပါတယ်။ မီးသွေးထည့်ပေးခြင်းဖြင့် မြေဆီလွှာထဲမှာ ရှိနေတဲ့ ပေါင်းသတ်ဆေး အာနိသင်တွေကို လျော့ချပေးနိုင်မှာ ဖြစ်ပြီး အပင်တွေကြီးထွားဖို့အတွက်လည်း အထောက်အကူ ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပိုးသတ်ဆေး အာနိသင်များကို လျော့နည်းစေနိုင်ခြင်း 

ပိုးသတ်ဆေးတွေကို အများအပြား အသုံးပြုခြင်းဟာ မြေဆီလွှာ၊ ရေနဲ့ သက်ရှိတွေအပေါ် ထိခိုက်ညစ်ညမ်းစေပါတယ်။ မြေဆီလွှာမှာ ပိုးသတ်ဆေးတွေ တဖြည်းဖြည်းနဲ့ စုပုံလာမယ်ဆိုရင် အကျိုးပြုတဲ့ အဏုဇီဝသက်ရှိတွေကိုလည်း ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။ မီးသွေးရဲ့ စုပ်ယူမှုကောင်းတဲ့ အရည်အသွေးနဲ့ ၎င်းရဲ့ အဆိပ်အတောက်မရှိတဲ့ သဘာဝတို့ပေါင်းစပ်ပြီး အန္တရာယ်ရှိတဲ့ ပိုးသတ်ဆေးတွေရဲ့ အာနိသင်ကို ပျက်ပြယ်သွားအောင် လျော့နည်းသွားအောင် ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ လက်တွေ့နည်းလမ်းအရ ပြောရရင် ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတဲ့ စိုက်ခင်းငယ်တွေကို သန့်စင်စေဖို့အတွက် ရေ ၁ ဂါလံနဲ့ မီးသွေးမှုန့် ၁ ပေါင်ခန့် တို့ကို ရောစပ်ပြီး မြေဆီလွှာကို ပက်ဖျန်းပေးနိုင်ပါတယ်။ စိုက်ခင်း အကျယ်အဝန်းပေါ်မူတည်ပြီး ပမာဏထပ်တိုး အသုံးပြုနိုင်ပါတယ်။ 

ဇင်ထူးနိုင် 

Ref:

https://balconygardenweb.com/ 

https://www.itsmartenviro.co.id/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်