ဂေါ်ရခါးသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ 

26/08/2022 13:41 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဂေါ်ရခါးသီးဆိုတာ အရသာချိုချိုလေးနဲ့ စားလို့ကောင်းတဲ့အပြင် ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ ရှမ်းပြည်လို နေရာမျိုးမှာဆိုရင်တော့ အိမ်တိုင်းနီးပါးမှာ စင်နဲ့တင်ပြီး စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ 

ဂေါ်ရခါးစင်တွေရဲ့အောက်မှာ ကော်ဖီပင်တွေကို တွဲဖက်ပြီးစိုက်ပျိုးတာလည်း တွေ့ရပါတယ်။ ဂေါ်ရခါးသီးကို ကြက်သွန်ဖြူ ဓားပြားရိုက် ကြက်ဥဖောက်ထည့်ပြီး ကြော်စားမယ်ဆိုရင်တော့ အရသာကောင်းတဲ့ဟင်းတစ်ခွက် ဖြစ်စေမှာ အမှန်ပါပဲ။ 

အသီးသာမက ဂေါ်ရခါးအညွန့်ကိုလည်း ကြော်စားလို့ရပါသေးတယ်။ ဒါ့အပြင် ဂေါ်ရခါးသီးကို အသားဟင်းတွေ ချက်ပြုတ်ရာမှာကော မုန့်နှစ်နဲ့ ကြော်စားရာမှာကော ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ဂေါ်ရခါးသီးကို ကျန်းမာရေးအတွက် ရည်ရွယ်ပြီး သခွားသီးလိုမျိုး အစိမ်းအတိုင်းစားတာ၊ ဖျော်ရည်လုပ်သောက်တာနဲ့ သုပ်စားတာမျိုးထိတောင် ရှိကြပါတယ်။ 

ယခုဆောင်းပါးမှာတော့ ဂေါ်ရခါးသီးရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်များ 

ဂေါ်ရခါးသီးမှာ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ကေ၊ ဗီတာမင် B9 နဲ့ B6၊ ပိုတက်စီယမ်၊ ကော့ပါး၊ ဇင့်၊ မဂ္ဂနီစီယမ်၊ မဂ္ဂနိစ် စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ 

နှလုံးကျန်းမာရေး ကောင်းစေခြင်း 

ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ Phytochemical လို့ခေါ်တဲ့ အပင်ထွက် ဓာတုဒြပ်စင်ကြောင့် ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားမြင့်တာမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဂေါ်ရခါးသီးမှာ ပါဝင်နေတဲ့ myricetin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် ကိုလက်စထရော ပမာဏကို လျော့ချပေးနိုင်ရုံသာမက ရောင်ရမ်းမှုတွေကိုပါ တိုက်ဖျက်ပေးနိုင်တာကြောင့် နာတာရှည် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ ဂေါ်ရခါးသီးလိုမျိုး ဟင်းသီးဟင်းရွက်တွေကို မကြာခဏ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ 

အသည်းရဲ့ လုပ်ဆောင်ချက်များကို ကောင်းမွန်စေခြင်း 

အသည်းအဆီဖုံးခြင်းဟာ အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်မျိုး ဖြစ်ပြီး အရက်မသောက်တဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ လေ့လာမှုတွေအရ ဂေါ်ရခါးသီးကဲ့သို့ အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းဖြင့် အသည်းအတွင်းမှာ အဆီများစုပုံခြင်းကို သိသိသာသာ လျော့ကျစေနိုင်ပြီး မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဂေါ်ရခါးသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်တွေနဲ့ အသည်းရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။  

ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်း 

ဂေါ်ရခါးသီးမှာ ပါဝင်တဲ့ ဖောလိတ် (Folate) ဓာတ်ဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးမွေးဖွားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်မိခင်တိုင်း လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။ ဖောလိတ် (Folate) ဓာတ်ကို ဗီတာမင် B9 လို့လည်း ခေါ်ဆိုကြပါတယ်။ ဖောလိတ် (Folate) ဓာတ်ဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကျောရိုးနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဂေါ်ရခါးသီးမှာ ဖောလိတ် (Folate) ဓာတ်ဟာ ၄၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ မကြာခဏစားသုံးဖို့ သင့်တော်တဲ့ ဟင်းသီးဟင်းရွက်အဖြစ် အကြံပြုလေ့ရှိတာ ဖြစ်ပါတယ်။ 

ကင်ဆာရောဂါ ကာကွယ်ပေးနိုင်ခြင်း 

ဂေါ်ရခါးသီးမှာ ပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့ free radical တွေကို တိုက်ထုတ်ပေးနိုင်ပြီး သွေးကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာကဲ့သို့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 

ဒါ့အပြင် ဂေါ်ရခါးသီးမှာ ဖလေဗိုနွိုက် (flavonoids) ဓာတ် ပါဝင်နေခြင်းဟာ  ကင်ဆာရောဂါတွေကို တားဆီးပေးနိုင်ရုံသာမက ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားပျံ့နှံ့မှုတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါဒြပ်ပေါင်းတွေ ပါဝင်နေခြင်းကြောင့် အကျိတ်တွေလျင်မြန်စွာ ဖြစ်ပေါ်လာစေတဲ့ oxidant မော်လီကျူးတွေကိုလည်း ထိရောက်စွာ ဖယ်ရှားပေးနိုင်တာကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနေသူတွေအနေနဲ့ ဂေါ်ရခါးသီးကို မကြာခဏစားသုံးပေးဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ 

ကျန်းမာ နုပျိုစေခြင်း 

ဂေါ်ရခါးသီး စားသုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအပေါ် အန္တရာယ် သက်ရောက်မှုရှိနိုင်တဲ့ ရောင်ရမ်းမှုများနဲ့ ဓာတ်တိုးဖိစီးမှုများကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းမှာ ပါဝင်နေတဲ့ ဒြပ်ပေါင်းတွေကြောင့် သက်ကြီးရွယ်အိုတွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ မှတ်ဥာဏ်ကျဆင်းမှုနဲ့ ချို့ယွင်းမှု လက္ခဏာတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေခြင်းဟာလည်း ခန္ဓာကိုယ်တွင်း ဆဲလ်တွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်သလို အသားအရေကိုလည်း ကျန်းမာစိုပြေစေကာ အိုမင်းရင့်ရော်မှုတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 

ကျောက်ကပ်ကျန်းမာရေး ကောင်းစေခြင်း

ဂေါ်ရခါးသီးမှာ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ ကျောက်ကပ်အတွင်းမှာရှိတဲ့ မလိုအပ်တဲ့ အရည်တွေကို ဖယ်ရှားပေးနိုင်ပြီး ကျောက်တည်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ကျောက်ကပ်နဲ့ သက်ဆိုင်ရာ ကျန်းမာရေး ပြဿနာရှိနေတယ်ဆိုရင် ဖျော်ရည်ပုံစံ ပြုလုပ်ပြီး သောက်သုံးတာမျိုး ဒါမှမဟုတ် အတုံးသေးသေးလေးတွေ ပြုလုပ်ပြီး သုပ်စားတာမျိုး ပြုလုပ်နိုင်ပါတယ်။  

ဇင်ထူးနိုင် 

Ref: https://helthyleaf.com/

       https://www.stylecraze.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်