စိုက်ပျိုးရေးတွင် အုန်းဆံခွံ အုန်းဆံမှုန့် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ 

04/09/2022 12:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အုန်းသီးဟာ အလွန်အသုံးဝင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ အသားဟာ အရသာရှိသလို အုန်းစိမ်းရည်ဟာလည်း ပိုတက်စီယမ်ဓာတ်ကြွယ်ဝကာ အခွံတွေဟာလည်း အကျိုးရှိရှိပြန်လည်အသုံးချနိုင်တဲ့ သဘာဝပစ္စည်းတွေ ဖြစ်ပါတယ်။

အုန်းဆံမှုန့်တို့၊ အုန်းဆံခွံ တို့ဆိုတာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတတ်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေ ဖြစ်ပါတယ်။ များသောအားဖြင့် အပင်တွေ စိုက်ပျိုးရာမှာ (သို့မဟုတ်) စပ်မြေပြုလုပ်ရာမှာ ထည့်သွင်း အသုံးပြုကြလေ့ရှိတဲ့ သဘာဝပစ္စည်းတွေဖြစ်ပါတယ်။ အထူးသဖြင့် သစ်ခွကဲ့သို့ အလှစိုက် ချိတ်ဆွဲပင်တွေ၊ ပိန်းပန်းပင်နဲ့ အိမ်တွင်းအလှစိုက် အပင်တွေစိုက်ပျိုးရာမှာ အုန်းခွံတွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။

အုန်းခွံတွေအပြင် အုန်းစိမ်းရည်ကို အသုံးပြုပြီးတော့လည်း အပင်အားဆေး ပြုလုပ်နိုင်ပါသေးတယ်။ “သဘာဝအုန်းစိမ်းရည်ဖြင့် အပင်အားဆေးပြုလုပ်နိုင်” ဆိုတဲ့ ဒီ https://bit.ly/3B7I2nX ဆောင်းပါးမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ အပင်တွေစိုက်ပျိုးသူတွေဟာ ဓာတုပစ္စည်းတွေထက် သဘာဝပစ္စည်းတွေ သဘာဝနည်းလမ်းတွေကို ပိုပြီးတော့ စိတ်ဝင်စားလာကြပါတယ်။ ထို့နည်းတူ အုန်းဆံမှုန့်၊ အုန်းဆံတုံး၊ အုန်းဆံတိုင်၊ အုန်းဆံဖတ် စတာတွေကိုလည်း စနစ်တကျထုပ်ပိုးပြီး ဈေးကွက်ထဲမှာ ရောင်းချနေတာမျိုးတွေအထိ ရှိလာပါတယ်။ ဒီသဘာဝပစ္စည်းတွေဟာ လက်တွေ့မှာလည်း အမှန်တကယ်အသုံးဝင်ပြီး အကျိုးရှိတာကြောင့် လူကြိုက်များတာလည်း ဖြစ်ပါတယ်။ 

အုန်းဆံမှုန့် အုန်းဆံခွံတွေ အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ 

  • အုန်းဆံမှုန့်တွေ အုန်းဆံခွံတွေဟာ ရေညှိဆွေးနဲ့ အော်ဂဲနစ်ပစ္စည်းတွေထက်ကို ဆွေးမြည့်ပျက်စီးမှု နှေးကွေးတာကြောင့် ပန်းအိုး၊ ပျိုးအိတ်၊ ပျိုးပင်တွေမှာ စပ်မြေ (Growing media) အနေနဲ့ အကျိုးရှိရှိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 
  • မျိုးစေ့ကနေ ပျိုးထောင်စိုက်ပျိုးတဲ့အခါမှာ အုန်းဆံမှုန့် ၅၀ ရာခိုင်နှုန်းနဲ့ မြေ ၅၀ ရာခိုင်နှုန်းတို့ကို ဆတူရောစပ်ပြီး စိုက်ပျိုးပါက အပင်ပေါက်နှုန်းကို သိသိသာသာမြင့်စေနိုင်မှာ ဖြစ်ပါတယ်။ 
  • အုန်းဆံမှုန့်မှာ hemicellulose, lignin, cellulose နဲ့ pectin စတဲ့ ဓာတ်တွေ ပါဝင်နေခြင်းကြောင့် မြေဆီလွှာရဲ့ ရေစိမ့်ဝင်နိုင်မှုကို ကောင်းစေပါတယ်။
  • အုန်းဆံမှုန့်တွေဟာ ၎င်းတို့အလေးချိန်ရဲ့ ၇ ဆကနေ ၁၀ ဆ အထိ  ရေကို စုပ်ယူထိန်းထားနိုင်ပြီး ရေမြှုပ်အဖြစ် လုပ်ဆောင်ပေးတာကြောင့် အပင်များမှ ရေကိုလိုအပ်တဲ့အချိန်မှာ ထုတ်လွှတ်ပေးနိုင်မှာ  ဖြစ်ပါတယ်။ 
  • အုန်းဆံမှုန့်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ လစ်ဂ်နင် (lignin) ဓာတ်တွေ ပါဝင်နေခြင်းဟာ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ အကျိုးပြု ဘက်တီးရီးယားနဲ့ မှိုတွေ နေထိုင်ပွားများစေဖို့အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။   
  • အုန်းဆံမှုန့်တွေကို စပ်မြေပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုခြင်းဖြင့် မလိုလားအပ်တဲ့ မှိုနဲ့ ရေညှိတွေ ပွားများလာခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်တွေမှာ အမြစ်ပုပ်တာမျိုးကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 
  • မြေဆီလွှာကို လေဝင်လေထွက်ကောင်းစေပြီး အမြစ်များကို ကြီးထွားသန်မာစေပါတယ်။ 
  • မြေဆီလွှာမှာရှိတဲ့ အဏုဇီဝ သက်ရှိတွေအတွက် အထောက်အကူ ပြုပေးနိုင်သလို မြေဆီလွှာထဲမှ အာဟာရဓာတ်များ စိမ့်ထွက်ဆုံးရှုံးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
  • အုန်းဆံမှုန့်တွေဟာ pH အဆင့် ၃.၃ နဲ့ ၄ ကြားမှာရှိတဲ့ သစ်ဆွေးဓာတ်တွေနဲ့ မတူဘဲ သမျှတတဲ့ အခြေအနေ pH အဆင့် ၅.၂ နဲ့ ၆.၈ ကြားမှာရှိတဲ့အတွက် မြေဆီလွှာရဲ့ ချဥ်/ ငန် ကိန်းကို ထိန်းညှိပေးနိုင်တာ ဖြစ်ပါတယ်။ 
  • မြေဆီလွှာနဲ့ ရေ ရဲ့ pH အပေါ်မှာ ဆိုးကျိုးသက်ရောက်မှု မရှိနိုင်တာကြောင့် သာမန်စိုက်ခင်းတွေမှာသာမက မြေမဲ့နည်းနဲ့ စိုက်ပျိုးတဲ့နေရာတွေမှာပါ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။
  • အပင်တွေစိုက်ပျိုးရာမှာ အုန်းဆံမှုန့်၊ အုန်းဆံခွံတွေကို ပုံစံအမျိုးမျိုးနဲ အသုံးပြုလို့ရပြီး မြေဆီလွှာတိုက်စားခံရခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။  
  • အုန်းဆံမှုန့်ဟာ မြေဆွေးထက်ကို ဓာတ်ဖိုဖလှယ်နိုင်စွမ်းအား Cation Exchange Capacity (CEC)  ပိုမြင့်တာကြောင့် အခြားသော အော်ဂဲနစ် သဘာဝပစ္စည်းတွေထက် အာဟာရဓာတ်တွေကို ပိုမိုကြွယ်ဝစွာ ထိန်းထားနိုင်တာလည်း ဖြစ်ပါတယ်။
  • သူ့မှာ သဘာဝ ဖော့စဖရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများအပြား ပါဝင်နေတာကြောင့် အပင်များရဲ့ အမြစ်ဖွံဖြိုးမှုနှင့် ပန်းပွင့်ခြင်းအတွက် အထောက်အကူပြုနိုင်တဲ့အပြင် အပင်များအတွင်း ဇီဝဖြစ်ပျက်မှုကို ထိန်းညှိဖို့နဲ့ ဆဲလ်တည်ဆောက်မှုတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 
  • ဒါ့အပြင် အုန်းဆံမှုန့်တွေမှာ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ အိုင်းယွန်းနဲ့ ဇင့် စတဲ့ သတ္တုဓာတ်တွေလည်း ပမာဏအနည်းငယ်စီ ပါဝင်နေတာကြောင့် အပင်တွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref: https://coir.com/ 

https://www.groworganic.com/ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်