ကိုယ်ဝန်ဆောင်မိခင်များ ကန့်သတ်စားသုံး သို့မဟုတ် ရှောင်ကြဉ်ရမည့် အစားအစာများ

21/10/2022 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုယ်ဝန်ဆောင်ကာလအတွင်း ကိုယ်အလေးချိန်တက်လာခြင်းသည် ပုံမှန်ဖြစ်သော်လည်း ထိုတက်လာသော ကိုယ်အလေးချိန်သည် ဘေးကင်းကျန်းမာသော ကြယ်လေးပွင့် အာဟာရအုပ်စုများ စားသုံးခြင်းကြောင့် တိုးတက်လာမှုသာ ဖြစ်သင့်သည်။

ကလေးမွေးဖွားပြီးသောအခါ နို့တိုက်မိခင်သည် မိခင်နို့ထုတ်လုပ်ပြီး ထိုမှတစ်ဆင့် ကလေးအား အာဟာရပြည့်ဝစွာ ရရှိနိုင်စေရန်အတွက် ကြယ်လေးပွင့် စုံလင်စွာ စားသောက်ရန် လိုအပ်သည်။ အချို့အစားအစာများကို အကန့်အသတ်ဖြင့်သာ စားသုံးသင့်ပြီး တချို့အစားအစာများကို လုံးဝရှောင်ကြဉ်သင့်သည်။

အကန့်အသတ်ဖြင့်သာ စားသုံးသင့်သည့် အစားအစာများတွင် ကဖင်းဓာတ်ပါဝင်သည့် ကော်ဖီ၊ လက်ဖက် ရည်၊ စွမ်းအားဖြည့် အချိုရည်များနှင့် အချိုရည်များ ပါဝင်သည်။

ကဖင်းဓာတ်ကို ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူပြီး အချင်းမှတဆင့် မမွေးဖွားရသေးသော သန္ဓေသားဆီသို့ ရောက်ရှိသွားစေပြီး သန္ဓေသားထံတွင် ကဖင်းဓာတ်မြင့်မားမှုကိုခံစားရမည်။

ကဖင်းဓာတ်များခြင်း (တစ်နေ့လျှင် ၂၀ဝ ဂရမ်ထက် ပိုမိုသောပမာဏ)သည် သန္ဓေသားဖွံ့ဖြိုးကြီးထွားမှုကို တားဆီးစေပြီးပေါင်မပြည့်သည့် ကလေးမွေးဖွားမှုဖြစ်စေနိုင်သည်။ ကဖင်းဓာတ်သည် မိခင်နို့မှ တစ်ဆင့် ကလေးဆီသို့ ရောက်ရှိနိုင်သည်။ လုံးဝမသောက်သုံးသင့်သည့် အရာများတွင် အရက်ပါဝင်သည်။ 

ရှောင်ရှားသင့်သည့် အစားအစာများတွင် ငါးအစိမ်း သို့မဟုတ် မကျက်တကျက် ငါး၊ အထူးသဖြင့် အခွံမာရေသတ္တဝါနှင့် အစိမ်း၊ မကျက်တကျက် သို့မဟုတ် ထုပ်ပိုးထားသော ဝက်အူချောင်းများစသည့် တာရှည်ခံအောင်လုပ်ထားသော အသားများပါဝင်သည်။

ဤအစားအစာများသည် Norovirus Vibrio၊ Salmonella နှင့် Listeria စသည့် ပိုးမွှားများ အပါအဝင် ကူးစက် ရောဂါများ ဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အထူးသဖြင့်Listeria ရောဂါပိုးကူးစက်ခံရနိုင်ချေ များသည်။ မိခင်အနေဖြင့် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရသော်လည်းListeria သည် မိခင်၏အချင်းမှတဆင့် မမွေးဖွားရသေးသော သန္ဓေသားဆီသို့ ကူးစက်သွားနိုင်သည်။

ထိုသို့ကူးစက်သွားလျှင် လမစေ့ဘဲ မွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ခြင်း သို့မဟုတ် ကလေးအသေမွေးဖွားခြင်းနှင့် အခြားပြင်းထန်သော ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်စေသည်။ အသားငါးအားလုံးကို သေချာကျက်အောင် ချက်ပြုတ်ပြီးမှ စားသုံးသင့်ပြီး ဟင်းအကျန်များကို ပွက်ပွက်ဆူသည်အထိ အပူပေးပြီးမှသာ စားသင့်သည်။

ကြက်ဥ၊ ဘဲဥစသည့် ဥအမျိုးမျိုးကို အစိမ်းစားသုံးခြင်းသည်Salmonella ရောဂါပိုးများ ပါစေနိုင်ပြီး ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်း စသည်တို့ ဖြစ်စေနိုင်သည်။ ရောဂါပြင်းထန်လျှင် သားအိမ်ကျုံ့ခြင်းဖြစ်စေပြီး လမစေ့သည့် ကလေးမွေးဖွားခြင်းနှင့် ကလေးအသေ မွေးဖွားခြင်းတို့ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကြက်ဥ၊ ဘဲဥများကို အမြဲကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးသင့်သည်။

တာရှည်ခံအောင်ပြုပြင်မွမ်းမံထားသည့် အစားအစာများသည် ယေဘုယျအားဖြင့် အာဟာရဓာတ်နည်းပါးပြီး သကြားဓာတ်၊ ဆား၊ ကယ်လိုရီ၊ ဆိုးဆေးနှင့် ထပ်တိုးအဆီများ ပါဝင်မှုမြင့်မားသည်။ မြင်တွေ့နေကျ ကြာရှည်ခံ အစားအစာများတွင် ကြွပ်ရွသော သားရေစာများ၊ ချိုချဉ်၊ ဂျယ်လီ၊ ကိတ်မုန့်များနှင့် သစ်သီးဖေျာ်ရည်များ၊ အိုဗာတင်း၊ ကော်ဖီမစ် သို့မဟုတ် တီးမစ်နှင့် အချိုရည်များ စသဖြင့် သကြားပါသော သောက်စရာများ စသည်တို့ ပါဝင်သည်။

အသင့်စားဖွယ်ရာများသည် လူတို့၏ အစာအိမ်များကို ကြယ်လေးပွင့် အစာအုပ်စုများမှ ကျန်းမာသော အစားအစာများဖြင့် ဗိုက်ပြည့်စေမည့်အစား မကျန်းမာစေသော အစားအစာများဖြင့် ဗိုက်ပြည့်စေသည်။ အသင့်စားပြုပြင်မွမ်းမံထားသော အစားအစာများသည် ရေရှည်ကျန်းမာရေးပြဿနာဖြစ်နိုင်သည့် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းနှင့် ဆက်စပ်နေသည်။

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်းကို ထိန်းချုပ်ရန် အမျိုးသမီးတစ်ယောက်သည် ကျန်းမာရေးနှင့် ညီညွှတ်မျှတသော အစားအစာကို စားသုံးသင့်ပြီး သူမ၏နေ့စဉ်ဘဝတွင် ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိလျှင် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်သည်။

ဤရှောင်ကြဉ်မှုအများစုသည် အချက်အလက်များပေါ်တွင် အခြေခံထားခြင်းမဟုတ်သော်လည်း လူအများ၏ အပြုအမူကို ပြောင်းလဲရန် ခက်ခဲသည်။

ထို့ကြောင့် အစားအစာတစ်မျိုးကို ရှေးရိုးစွဲ အကြောင်းပြချက်ကြောင့် မစားသင့်ဟု ကန့်သတ်ထားလျှင် ထိုအစားအစာများနေရာတွင် တူညီသောအာဟာရဓာတ်များ (အသားဓာတ်၊ ကစီဓာတ်များနှင့် အဆီဓာတ်) နှင့် သို့မဟုတ် အနည်းလိုအာဟာရဓာတ်များ (အိုင်အိုဒင်း၊ သံဓာတ်နှင့် ဗီတာမင်အေ) စသည်တို့ဖြင့် အစားထိုးရန်အတွက် သားဖွားဆရာမ သို့မဟုတ် အရန်သားဖွားဆရာမအနေဖြင့် မိခင်နှင့် ခင်ပွန်း/မိသားစုဝင်များနှင့် ဖြစ်နိုင်သောအဖြေများကို ကူညီဆွေးနွေးပေးသင့်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်