အရည်အသွေးကောင်းသော အီးအမ်အရည် ဟုတ်မဟုတ် စစ်ဆေးနည်း (၂)

28/04/2022 13:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

အဆင့် (၄) ချဉ်ငန်ဓာတ်ကို စစ်ဆေးခြင်း

အီးအမ်ပျော်ရည်၏ အဖြစ်သင့်ဆုံး ချဉ်ငန်ကိန်း (pH value) မှာ ၃.၇၅ နှင့် ၄.၇၅ အတွင်း ဖြစ်ရမည်။  ၄.၇၅ နှင့်အထက် ဥပမာ ၆.၅ လောက်ဆိုရင် အချဉ်ဖြစ်စေသော ဒိန်ချဉ် ဘတ်တီးရီးယား (Lactobacilli) မရှိသလောက်ကို ဖြစ်သည်။ ထို့အတွက် အီးအမ်သည် အနည်းငယ်ထက်ပိုသော အတော်အသင့်ချဉ်လွန်းသော သဘောရှိသည်။ ချဉ်ငန်ကိန်း ၃.၇၅ ထက် နည်းပါက အက်ဆစ်ဓာတ်များသဖြင့် သုံးရန် မသင့်တော်ပေ။

အဆင့် (၅) စေးပျစ်မှုကို စစ်ဆေးခြင်း

စေးပျစ်မှုကို စစ်ဆေးရန် ရေထည့်ထားသောဖန်ခွက်ထဲသို့ အီးအမ်ပျော်ရည် တစ်စက်ကို ထည့်ပါ။ ထည့်ထည့်ခြင်းတွင် အရည်စက်မှာ ပြိုကွဲမသွားရပါ။ ၁ - ၂ စက္ကန့် ကြာမှသာ အရည်သည် ရေအတွင်း ပျော်ဝင်ရပါမည်။

အဆင့် (၆) အလုပ်လုပ်ဆောင်မှုကို စစ်ဆေးခြင်း

ဒီအဆင့်ကို အကျယ်တဝင့် ပြောမည်ဆိုပါက ကျယ်ဝန်းပါသည်။ စမ်းနည်းများစွာရှိပါသည်။ ရေး၍ ပြီးမည် မဟုတ်ပါ။ ထို့အတွက် အကျဉ်းချုံး နည်းတစ်ခုသာ ဖော်ပြပါမည်။ အီးအမ်အရည် အနည်းငယ်ဖြင့် ချက်ခါစ ထမင်း (မပူနေရပါ ၊ခပ်နွေးနွေး အနေအထားတွင်) ကိုလောင်းပါ။ ထို့နောက် ထည့်စရာ တစ်ခုခုအတွင်း ထည့်၍ လေအလုံပိတ်ထားပါ။ ၃  - ၄ ရက်ခန့် ကြာလျှင် ထမင်းတွေမှာ ပုံမှန် နေမြင့်ရင် ထမင်းများ သိုးသကဲ့သို့ ပုတ်သိုးခြင်း၊ ရိရွဲခြင်း၊ အနံ့ဆိုးထွက်ခြင်းများ မဖြစ်ရပါ။ 

အထက်ဖော်ပြပါ အဆင့်များသည် အီးအမ်အပြင်း၊ အသင့်သုံး အီးအမ်တို့ကိုသာ အာနိသင်ရှိ၊ မရှိယေဘုယျစမ်းခြင်း ဖြစ်ပါသည်။ ပင်မ အီးအမ်ကို စမ်းချင်ပါက အီးအမ်အပြင်း သို့မဟုတ် အသင့်သုံးအီးအမ်အနေဖြင့် ပြန်ပြောင်း၍ စမ်းနိုင်ပါသည်။ ထို့အပြင် အီးအမ်အမျိုးစားချင်း အတူတူကို ဘယ် အမျိုးအစားက ပိုကောင်းသည် ကို စမ်းသပ်သည့်နည်းများ မပါဝင်သေးပါ။ 

ဒီဆောင်းပါးကို ပြင်ဆင်ချိန် ကြာမြင့်ပါသဖြင့် ကူးချမည်ဆိုပါက ကျေးဇူးပြု၍ ရေးသားသူကို အားနာပေးပါရန် လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ အသင့်သုံးနေသော အီးအမ်သည် ဖော်ပြပါအဆင့် ၆ ဆင့် စမ်းသပ်ခြင်းတွင် အနည်းဆုံး ၅ ဆင့် အောင်မြင်နိုင်ရပါမည်။ 

ဖုန်းမာန် Lab

အပိုင်း(၁) >>>>> https://greenwaymyanmar.com/posts/EM_Quality_Checking

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်