ဝဥတွင် ကျရောက်တတ်သော ပင်ပုပ်ရောဂါ (Erwinia Cartovora Subsp carotovara ) 

14/01/2021 14:30 PM တွင် Thet Htar Zin Thet Htar Zin မှ ရေးသား

ပျက်စီးမှု လက္ခဏာ 

        ဤရောဂါသည် အပင်ကြီးထွားချိန်မှစ၍ သိမ်းဆည်းသိုလှောင်ချိန်အထိ ပင်စည်၊ အရွက်၊ အညှောက်၊ ဘေးမြစ်ဖုတို့တွင် ပေါ်ပေါက်လာတတ်သည်။ အပင်ကြီးထွားချိန် အရွက်သေးများတွင် ပုံမှန်မဟုတ်သော အစက်အပြောက်များကဲ့သို့  ရောဂါလက္ခဏာများ ပေါ်လာပြီး တဖြည်းဖြည်း အစိမ်းရောင်များ ပျောက်သွားသည်။ အရွက်ငယ်များ၏ အရွက်သေးထိ  ကူးစက်ခံ အစိတ်အပိုင်းသည်  အပေါ်ပိုင်းမှ အောက်မြေထဲပိုင်းအထိ ပုပ်သွားသည်။

        ထိုပုပ်သွားခြင်းသည် အရွက်အုံကြီး တစ်ခုလုံးသို့ ကူးစက်ရောက်ရှိသွားပြီဆိုလျှင် အပင်ကြီးတစ်ခုလုံးမှာ အောက်ခြေမြေထဲမှ စ၍ ပြိုလဲသွားသည်။ ပိုမိုဆိုးဝါးက ရက်အနည်းငယ်အတွင်း၌ပင် ပြိုလဲပျက်စီးပြီး ပြင်းထန်မှု သိပ်မရှိက အရွက်သေးများ၏ ကူးစက်ခံအစိတ်အပိုင်းသည် ညှိုးပုပ်၍ ခြောက်သွေ့သွားသည်။ ထို့နောက် အရွက်နှင့်ထိစပ်နေသော အပိုင်းများသည်လည်း အရောင်ဖျော့လာကာ ညိုမည်းပုပ်သွားပြီး ဆက်တိုက်ကူးစက်သွားသည်။

        နှုတ်သိမ်းပြီးဥနှင့် ဘေးမြစ်ဖုများသို့ ကိုင်းကူးစက်ဖြစ်ပွားလာက အပေါ်ယံ မျက်နှာပြင်မှာ မသိသာသော်လည်း အတွင်းပိုင်းမှာ ဆက်တိုက်ဆိုသလို ပုပ်လာပြီး၊ နှိပ်ကြည့်က နူးညံ့ပျော့ဝင်သွားပြီး ပုပ်သော အရည်များ စီးထွက်လာမည်ဖြစ်သည်။ မသိုလှောင်မီ နှင့် သိုလှောင်ဆဲကာလအတွင်းပိုင်းမှာ စေးပြစ်ပြီး ပုပ်သွားသည်။ ပင်စည်ကောင်းစွာ ခြောက်သွေ့သွားချိန်တွင် အပင်ပုပ်ခြင်းသည် ရပ်တန့်သွားပြီး၊ အခွံသာကျန်သည်အထိ ခြောက်သွေ့သွားသည်။ ပင်စည်ကောင်းစွာခြောက်သွေ့သွားချိန်တွင် အပင်ပုပ်ခြင်းသည် ရပ်တန့်သွားပြီး ရောဂါပိုးသည် အတွင်းသို့ စိမ့်ဝင်ထိုးဖောက်သွားပြီး ခြောက်သွေ့သွားသည်။ 

        ရောဂါပါဝင်နေသော မြေအောက်ပင်စည်ကို စိုက်ပျိုးလျှင် အညှောက်နှင့် အရွက်များ၏ အခြေခံ အပိုင်းများသို့ ဝင်ရောက်သွားပြီး အညှောက်မတွက်နိုင်ခြင်း အချိန်စောစွာ တစ်ပင်လုံးသို့ ဦးတည်သွားခဲ့သည်။ အရွက်ပိုင်းကို ပုပ်သွားစေပြီး၊ အရွက်ငယ်များသည် အဝါရောင်ပြောင်းသွားပြီး၊ အရွက်ငယ်များ၏ အခြေများတွင် အခြောက်များ ပေါ်လာတတ်သည်။။ 

        အပင်ပုပ်ရောဂါ စွဲကပ်ပြီဆိုလျှင် အရွက်များသည် ပြိုလဲသွားပြီး မြေအောက်ပင်စည်(ဥ)နှင့် ဘေးမြစ်ဖုများ ဖွံ့ဖြိုးကြီးထွားလာခြင်းမှာ ကနေဦးကာလတွင်ပင် ရပ်တန့်သွားပြီး မြေအောက်ပင်စည်သည်လည်း ပုပ်သွားတတ်သည်က များသည့်အတွက် ထိုရောဂါ ကျရောက်မှု များလာပါက ဝဥ အထွက်နှုန်း လျော့ပါးထိခိုက်စေသည်။ ရောဂါကင်းစင်၍  ခံနိုင်ရည်ရှိသော မျိုးများကိုသာ စိုက်သင့်သည်။ 

ရောဂါဖြစ်စေသည့် အကြောင်းအရာ

        မျိုးဥဆောင်ရောဂါရှိနေသာ မျိုးဥများကို စိုက်ပျိုးမိခြင်းကြောင့် ရောဂါစတင်ဖြစ်ပွားရခြင်းဖြစ်သည်။  ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းမှာ ဝဥကို တူးဖော်စဥ် ရရှိသည့် ဒဏ်ရာမှ တဆင့် ရောဂါ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ ထိုရောဂါဖြစ်ပွားနေသော ဝဥ၏ ပင်စည်အရည်မှ အခြားသန်စွမ်းသည့် ဥများသို့ ကူးစက်ဖြစ်ပွားတတ်သည်။ 

ရောဂါလက္ခဏာများ 

        ဥကို တူးဖော်ကြည့်လျှင် ပုပ်နေသည့်အပိုင်းသည် ထူးထူးခြားခြား အနံ့ဆိုးများထွက်နေသည်ကို တွေ့ရမည်။ ပင်ခြေပုပ်ရောဂါ မြစ်ပုပ်ရောဂါများ ဖြစ်ပွားသည့်အခါ ထွက်လာတတ်သည့် မှိုများ၏ အနံ့ဖြစ်သည်။ ရွက်ငယ်များတွင် ကနေဦးဖြစ်သည့်ရောဂါနှင့် ခွဲခြားနိုင်သည်။ ရွက်မွှာလေးများတွင် ဆီစိမ့်သကဲ့သို့ဖြစ်သော ရောဂါလက္ခဏာရှာဖွေရခက်သော်လည်း ရွက်ရိုးများသို့ ထိုးဖောက်ဝင်ရောက်သွားပြီဆိုလျှင် ရွက်မွှာများသည် ငိုက်ကျလာသည့်အတွက် ချက်ချင်းရှာဖွေတွေ့ရှိနိုင်သည်။ 

ကာကွယ်နိုင်သော နည်းလမ်း

        ဝဥသိုလှောင်ခြင်း၊ ဥပုပ်များကို ဖယ်ရှားခြင်းကို သေချာစွာလုပ်ဆောင်ရမည်။ ရောဂါဖြစ်နေသည့်မျိုးကို အသုံးမပြုရပါ။ တစ်ဖန် သိုလှောင်စဥ် ကာလရှိ အပူချိန်၊ စိုထိုင်းစ တို့ကို မှန်ကန်စွာ ထိန်းသိမ်းရမည်။ မြေဩဇာကို မယုတ်မလွန် သင့်တင့်စွာ ကျွေ့ရမည်။ နိုက်ထရိုဂျင်ဓါတ်ပါဝင်သော မြေဩဇာကို လွန်ကဲစွာ သုံးခြင်းသည် အပင်နှုတ်သိမ်းချိန်တို့တွင် ဥကို အရည်ရွှမ်းစေသဖြင့် ဥဖော်ချိန်တွင် အရွက်နှင့် မြေအောက်ပင်စည် (ဥ)ကို မထိခိုက်အောင် လုပ်ရမည်။ အပင်ကြီးထွားချိန်နှင့် အပင်ကို နှုတ်သိမ်းချိန်တို့တွင် အရွက်နှင့် မြေအောက်ပင်စည်(ဥ)ကို မထိခိုက်အောင် လုပ်ရမည်။ ရောဂါကျရောက်သောအပင် ပင်ပုပ်ရောဂါ၊ ရွက်ခြောက် စသည်တို့ကို ဆွဲနှုတ်ပြီး စိုက်ခင်းနှင့် ဝေးရာသို့ သယ်ထုတ်မီးရှို့ပစ်ရမည်။ အပင်ကြီးထွားချိန်တွင် ဆေးဝါးများဖြင့် ကာကွယ်နိုင်သည်။ အရွက်များထွက်ချိန်(၁၀)ရက်ခြား တစ်ကြိမ်ခန့် စက်တင်ဘာလလယ်အထိ ဆေးဖျန်းခြင်း ဆောင်ရွက်မည်။ အရွက်စတင် ပြန့်ကားချိန်နှင့် မိုးလေ မကျရောက်မီ ပက်ဖျန်းပေးက ကြိုတင်ကာကယ်ရာတွင် ထိရောက်မှု ပိုကောင်းပါသည်။  

ဝဥစိုက်ပျိုးထုတ်လုပ်မှု လက်စွဲစာစောင်မှ ကောက်နုတ်ထားပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်