မြေအနားပေးခြင်း (သို့) မြေလှပ်ဖို့လိုတဲ့အကြောင်း
စိုက်ပျိုးတောင်သူအများစုက မိမိတို့ယာခင်းကို အလှည့်ကျ သီးနှံတစ်မျိုးပြီးတစ်မျိုး စိုက်ပျိုးလိုက်၊ သီးညှပ် စိုက်ပျိုးလိုက်နဲ့ တစ်နှစ်ပြီးတစ်နှစ်ဆက်တိုက်စိုက်ပျိုးလေ့ရှိကြတဲ့အတွက် ယာခင်းမှာ မြေဆီ၊ မြေဩဇာဓာတ်တွေ နည်းပါးလာပြီး အထွက်နှုန်းတွေလည်း လျော့ကျတာတွေ ဖြစ်စေပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့ မြေလှပ်ခြင်း (မြေကိုအနားပေးထားဖို့) လိုအပ်ပါတယ်။
မြေလှပ်ခြင်းဆိုတာ မိမိစိုက်ပျိုးခဲ့တဲ့ သီးနှံအပေါ်မူတည်ပြီး သီးနှံတစ်မျိုးရဲ့ စိုက်ပျိုးရာသီတစ်ရာသီဖြစ်ဖြစ်၊ စိုက်ပျိုးနှစ်တစ်နှစ်ဖြစ်ဖြစ်၊ အများဆုံး နှစ်နှစ်မှငါးနှစ်ထိ မစိုက်ပျိုးပဲထားတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ဆုံးရှုံးသွားတဲ့ မြေဩဇာဓာတ်တွေ၊ အာဟာရဓာတ်တွေနဲ့ အစိုဓာတ်တွေကို ပြန်လည် ထိန်းသိမ်နိုင်ပြီး မြေလှပ်ပြီးနောက်ပိုင်း စိုက်ပျိုးမယ့်သီးနှံအတွက် အသီးအနှံတွေဖြစ်ထွန်းစေရန် ဖြစ်ပါတယ်။ ဒါ့အပြင် မစိုက်ပဲ မြေလှပ်ထားလိုက်တဲ့ အတွက်ကြောင့် ရောဂါဖြစ်စေတဲ့ သက်ရှိများ၊ ဖျက်ပိုးများရဲ့ ဘဝ စက်ဝန်းကို ဖျက်ဆီး၊ ဖြတ်တောက်ထားပြီးသားလည်း ဖြစ်စေပါတယ်။
မြေလှပ်ခြင်းကို စလုပ်ကြတဲ့ အရင်နှစ်ပေါင်းများစွာက တောင်သူလယ်သမားများဟာ များသောအားဖြင့် ယာခင်း တစ်ခင်းကို နှစ်ပိုင်းခွဲပြီး တစ်ခြမ်းကို စိုက်ပျိုးနေကျသီးနှံဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်စိုက်ပျိုးထားပြီး နောက်တစ် ခြမ်းကိုတော့ မြေလှပ်ထားကြလေ့ရှိပါတယ်။ အဲ့နောက်တစ်နှစ်မှာတော့ အပြန်အလှန်အနေနဲ့ အရင်နှစ်က မြေလှပ်ထားတဲ့ မြေကိုစိုက်ပျိုးကြပြီး နောက်တစ်ခြမ်းကိုတော့ မြေလှပ်ထားကြပါတယ်။
မြေလှပ်ခြင်းမှာတော့ အမျိုးအစားနှစ်မျိုးရှိပါတယ်။
၁။ မစိုက်ပျိုးပဲထားမယ့်မြေမှာရှိတဲ့ ပေါင်းမြက်တွေကို ဖယ်ရှားခြင်း
ဒီနည်းလမ်းမှာတော့ မြေလှပ်ထားတဲ့နေရာက ပေါင်းမြက်တွေကို ပေါင်းသတ်ဆေးဖြင့် နှိမ်နင်းခြင်းနည်း နဲ့ နောက်စိုက်ပျိုးမယ့်သီးနှံအတွက် ပိုမိုအကျိုးရှိစေရန် ပေါင်းမြက်များကို စက်ပစ္စည်းနဲ့ဖြစ်ဖြစ်၊ လက်နဲ့ဖြစ်ဖြစ် နှုတ်၍ မြေကြီးထဲကိုမြှပ်ပြီးဆွေးမြေ့စေတဲ့ နည်းဆိုပြီးနှစ်မျိုးရှိပါတယ်။ ပေါင်းမြက်တွေကို မြေကြီးထဲ ဆွေးမြည့် စေတဲ့ နည်းကတော့ ပေါင်းမြက်၊ ရိုးပြတ်ထဲမှာ ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေ ကျန်ရှိနေမှာ စိုးရိမ်ရပါတယ်။ နည်းလမ်းနှစ်မျိုးလုံးမှာတော့ မြေလှပ်ပြီး နောက်သီးနှံစိုက်ပျိုးရာမှာ ဆုံးရှုံးမှုနဲ့ အခက်အခဲတို့ကို ဖြစ်ပေါ်စေနိုင်တဲ့ ပေါင်းမြက်တွေကို သေချာစွာ ရှင်းဖို့လိုအပ်ပါတယ်။
၂။ လှပ်မြေကို လုံးဝပစ်ထားခြင်း
ဒုတိယနည်းကတော့ မြေလှပ်ထားတဲ့နေရာကို ပေါင်းမြက်များ၊ ရိုးပြတ်များကို မဖယ်ရှားပဲ လုံးဝပစ်ထားတဲ့ နည်းပဲဖြစ်ပါတယ်။ ဒါပေမယ့် မြေလှပ်ထားပြီးနောက်ပိုင်း စိုက်ပျိုးမယ့်သီးနှံ အဆင်ပြေပြေစိုက်ပျိုးနိုင်ရန်အတွက် ပေါင်းမြက်များကို ရှင်းကိုရှင်းပေးသင့်ပါတယ်။
ဒီတော့ မိမိနှစ်ပေါင်းများစွာ စိုက်ပျိုးလာတဲ့မြေကို အချိန်အတိုင်းအတာတစ်ခုကြာတဲ့အထိ အနားပေးထား ခြင်းဖြင့် ပထမဆုံးရရှိနိုင်တဲ့ အကျိုးကတော့ မြေကြီးထဲမှာ မြေဆီမြေဩဇာ၊ အဟာရဓာတ်တွေ ပြန်လည်ဖြည့် ပြီးသားဖြစ်ပြီး ထိုအနားပေးထားတဲ့ စိုက်ပျိုးရာသီအတွက် မြေဆီမြေဩဇာနဲ့ ရေသွင်းစရိတ်စတဲ့ ကုန်ကျစရိတ် တွေကို ခြွေတာပြီးသားလည်းဖြစ်စေပါတယ်။ ဆက်တိုက်စိုက်ပျိုးလာပြီး အထွက်နှုန်းကျနေမယ့် အတူတူ အနားပေး မြေလှပ်ထားခြင်းကပိုမိုကောင်းမွန်ပါတယ်။
ဒါ့အပြင် မြေလပ်ပေးထားခြင်းဖြင့် နောက်ပိုင်းစိုက်ပျိုးမယ့်သီးနှံအတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်နဲ့ ဖော့စ်ဖရပ်စ် စတဲ့ဓာတ်တွေ မြေအောက်မှ မြေမျက်နှာပြင်ပေါ်ကိုတက်လာစေပါတယ်။
နောက်ထပ်အကျိုးကျေးဇူးကတော့ ကာဗွန်၊ နိုက်ထရိုဂျင် နဲ့ မြေအစိုဓာတ်ထိန်းနိုင်စွမ်းကို မြှင့်တင်ပေး တဲ့ မြေဆွေး စတဲ့ ပမာဏကိုလည်း မြင့်တက်လာစေပါတယ်။ ဒါ့အပြင် မြေကြီးထဲရှိ အကျိုးပြု အဏုဇီဝပိုးမွှား လေးများကိုလည်း တိုးများစေပြီး မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်းကောင်းမွန်လာစေပါတယ်။ စိုက်ပျိုးမြေကို အနည်းဆုံးတစ်နှစ်ဖြစ်ဖြစ် လှပ်ပေးထားခြင့်ဖြင့် နောက်နှစ်ပြန်လည်စိုက်ပျိုးတဲ့အခါ အထွက်နှုန်း သိသိသာသာတိုးစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
မြေလှပ်ခြင်းကို စိုက်ပျိုးရေးကြီးကြီးမားမားလုပ်ကိုင်တဲ့လူတွေ၊ တစ်ပိုင်တစ်နိုင် အိမ်မှာဖြစ်ဖြစ် အိမ်ပိုင်ခြံ လေးမှာဖြစ်ဖြစ် အနည်းငယ်စိုက်ပျိုကြတဲ့လူတွေ အများဆုံး လုပ်ဆောင်ကြပါတယ်။ မြေလှပ်ထားတယ်ဆိုပေ မယ့် အချို့ကတော့ နိုင်ထရိုဂျင်အာဟာရဓာတ်ကိုပြန်လည်ရရှိနိုင်တဲ့ ပဲမျိုးဝင်တို့ စိုက်ပျိုးထားလိုက်ခြင်း (သို့မဟုတ်) မြေလပ်ထားသောမြေကို စားကျက်မြေအဖြစ်ထားလိုက်ခြင်း စတဲ့ နည်းများကိုလည်း လုပ်ဆောင်ကြ ပါတယ်။ အကယ်၍ မြေလှပ်ထားဖို့နေရာနဲ့အချိန် မရှိခဲ့ရင် မြေလှပ်ခြင်းနည်းစနစ်အစား နှစ်တစ်နှစ်မှာ နွေရာသီ သီးနှံတစ်မျိုးကိုပဲ တစ်ဖြတ်စိုက်ပျိုး၍ ရပ်နားထားပြီး၊ နောက်တစ်နှစ်မှာတော့ ဆောင်းရာသီ သီးနှံတစ်မျိုးကိုပဲ စိုက်ပြီး အနားပေးထားခြင်း စတဲ့ အလှည့်ကျစိုက်ပျိုးနည်းဖြင့်လည်း မြေဩဇာ ၊ အာဟာရဓာတ်များ ဆုံးရှုံးမှုကို နှစ်စဉ်ဆက်တိုက် စိုက်ပျိုးနေတာထက်တော့ လျော့နည်းစေပါတယ်။
ဒါပေမဲ့ မြေလှပ်ထားခြင်း၊ မစိုက်ပျိုးပဲ ကြာရှည်ထားခြင်းက ရေတိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိမှု လျော့နည်း လာစေတဲ့ ပြဿနာတော့ရှိလို ဘယ်အရာမဆို တန်ဆေး လွန်ဘေးပေါ့ဗျာ......
https://en.m.wikipedia.org/wiki/Fallow
https://www.gestiriego.com/en/what-is-fallow-basic-notions/
https://www.gardeningknowhow.com/garden-how-to/soil-fertilizers/what-is-fallow-ground.htm
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ
Theint Theint Nway • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ခါနီး ကောက်ရိုးကို မီးရှို့သင့်လား မသင့်ဘူးလား
ဦးဘုန်းမင်းသန့် • ဖြေကြားချက် 2 ခု
ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား
အောင်ဇော်ထွန်း • ဖြေကြားချက် 2 ခု
စပါးတွေ ဖုန်းလုံးလာတော့မှာဆိုတော့ စပါးအသီးအတွက် ဘာမြေဆီသုံးသင့်လဲ....?
ko xtun • ဖြေကြားချက် 2 ခု
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from နန်းအောင်
အားလုံး
ကျန်းမာရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို
04/05/2022
တဆေးရဲ့ အသုံးဝင်ပုံ ၁၃ ချက်
25/02/2022
ကျန်းမာရေးလိုက်စားပြီး ကိုယ်အလေးချိန်ကိုထိန်းသိမ်းတတ်တဲ့သူတွေ သောက်သင့်တဲ့ သံပုရာဖျော်ရည်
21/02/2022
ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ
17/02/2022
ဘာလို့ ညဘက်မှပွင့်တာလဲ ညမွှေးပန်းလေးရေ..
15/02/2022