ကြံသီးနှံပညာပေး စာစဉ်-၄ (က) ဓာတ်မြေဩဇာကျွေးခြင်း

09/06/2022 17:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

သင့်ကြံခင်းကို ဓာတ်မြေဩဇာ ဘယ်လောက်ထည့်ရမလဲ။

စဉ်းစားရမည့်အချက် (၄) ချက်ပေါ်မူတည်သည်။

(က)  ကြံခင်းကတောင်းဆိုမှုပမာဏ

        (ပန်းတိုင်အထွက် ကြံတန်ဘယ်လောက်ရချင်သလဲ တစ်ဧက ကြံတန် ၂၅၊ ၃၀၊ ၄၀ တန်စသည်ဖြင့်)

(ခ)  မြေကြီးထဲရှိ ရှိရင်းစွဲအာဟာရဓာတ်ပါဝင်မှု

        ကြံပင်၏တောင်းဆိုသော အာဟာရဓာတ်ပမာဏမှာ တစ်ဧက ကြံတန် (၄၀) ထွက်သော ကြံခင်းသည် မြေထဲမှ နိုထရိုဂျင် (N) -၉၅ ပေါင် (၄၃ ကီလိုဂရမ်)

       ဖော့စဖရပ် (P)-၃၀ ပေါင် (၁၄ ကီလိုဂရမ်)

       ပိုတက်ရှ် (K2O)-၁၈၀ ပေါင် (၈၂ ကီလိုဂရမ်) 

ကို စားသုံးသည်။ သို့သော် မြေကြီးထဲတွင် သဲဆန်လွန်းသောမြေမှလွဲ၍ ပိုတက်ရှ် အာဟာရဓာတ် ပြည့်စုံလေ့ရှိသည်။ ဖော့စဖရပ်မှာ မြေချဉ်လွန်းက မြေထဲရှိ အလူမီနီယံနှင့် သံဓာတ်တို့၏ ချုပ်ထိန်းခြင်းခံရသဖြင့် ၎င်းဓာတ်မြေကို ထည့်သလောက်ကြံပင်က အကုန်မစားနိုင်ပါ။ နိုက်ထရိုဂျင်အတွက် ပုလဲ(ယူရီးယား) ဓာတ်မြေဩဇာကျွေးသလို များများကျွေး၍မရပါ။ မြေခံအိတ်ဝက်မျှသာ သာမန်နှုန်းထား ဖော့စဖရပ်ကို ထည့်သင့်သည်။ မြေတွင်သစ်ဆွေးဓာတ် ၂.၅% နှင့် မြေတွင်း၌ ဖလှယ်နိုင်သော အာဟာရဓါတ် ၁၅ မီလီဂရမ်/ မြေ ၁၀၀ ဂရမ် အနည်းဆုံးပါဝင်နေပါက အာဟာရဓာတ် ပြည့်စုံသည်ဟု ဆိုနိုင်သည်။

            (ဂ)   ရေ၊ မြေ ပတ်ဝန်းကျင်ရာသီဥတုနှင့် ကြံသီးနှံအခြေအနေ

    ဓာတ်မြေဩဇာကျွေးချိန်၌ မြေအစိုဓာတ်ကောင်းလျှင် အပင်က လျင်မြန်စွာ စုပ်ယူစားသုံးနိုင်သည်။ ပေါင်းမြက်များရှိနေပါက ပေါင်းကိုအရင်ရှင်းပြီးမှ မြေဩဇာထည့်သင့်သည်။ မြေ၏ချဉ်ငံကိန်း (pH) ၄.၈ အောက်၌ ပျော်ဝင်နိုင်သော အလူမီနီယံဓာတ် ၄၀% ကျော်ရှိပါက ထုံးကို တစ်ဧက အနည်းဆုံး(၃) တန် ခန့်ထည့်ပြီးမှ ဖော့စဖရပ်ဓာတ်မြေဩဇာကို ကျွေးသင့်သည်။ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်တန်း ဒေသ၌ မြေချဉ်ကိစ္စအတွက် မြေကိုဓာတ်ခွဲစစ်ဆေးသင့်သည်။ မိုးများပြီး မြေ pH 4.5 ခန့်ရှိလျှင် မြေတွင်ဖလှယ်နိုင်သော အလူမီနီယံဓာတ်က ကြံပင်အမြစ်များကို အဆိပ်သင့်စေနိုင်သည်။ မိုးရေချိန် လက်မ (၉၀) ကျော်သော ဒေသများ၌ မိုးဖြိုင်ဖြိုင်မကျမီ ဘောင်လုံး၊ ဘောင်ဖြဲလုပ်၍ ဓာတ်မြေဩဇာ စောစောကျွေးသင့်သည်။ ပြီးလျှင် ကြံခင်းအတန်းအတွင်း ရေနုတ်မြောင်းတူးရန်လိုသည်။

    ဓာတ်မြေဩဇာကို အပင်က စုပ်ယူအားအကောင်းဆုံးအချိန်မှာ ကြံပင်စိုက်ပြီး (၃) လ မှ (၅) လ အတွင်း ပင်ပွားအများအပြားထွက်ချိန်ဖြစ်သည်။ ယူရီးယားဓာတ်မြေဩဇာထည့်ရမည့် နှုန်းထား စုစုပေါင်း၏ သုံးပုံတစ်ပုံကိုမြေခံအဖြစ် စိုက်ချိန်တွင် တီစူပါနှင့် ပိုတက်ရှ်မြေဩဇာတို့နှင့်အတူ ထည့်သင့်သည်။ ယူရီးယားဓာတ်မြေဩဇာ၏ ကျန်ရှိနှုန်းထား သုံးပုံနှစ်ပုံကို ကြံပင်သက်တမ်း (၃) လ မှ (၅) လ အတွင်း အပြီးကျွေးသင့်သည်။ လမိုင်းခင်းကို လမိုင်းပြင်ချိန်၌ ကြံပင်ငုတ်အခြေတွင် ယူရီးယား ထည့်သွင်းပြီး မြေဖုံးပေးရန်လိုအပ်ပါသည်။ လမိုင်းခင်းကို ကြံပင်ခင်းသစ်ထက်မလျော့သော ယူရီးယားဓာတ်မြေဩဇာနှုန်းထားကိုပေးသင့်သည်။ သို့ရာတွင် လမိုင်းခင်းသည် ကြံပင်ပေါက် ပါးလွန်းကျဲလွန်းပါက အပင်ရှိသောနေရာများကိုသာကွက်၍ ဓာတ်မြေဩဇာထည့်သင့်သည်။

(ဃ)  စီးပွားရေးတွက်ခြေကိုက်သော ဓာတ်မြေဩဇာနှုန်းထား

ပန်းတိုင်အထွက်ကိုရည်မှန်း၍ ဓာတ်မြေဩဇာနှုန်းထားကို ယေဘုယျထောက်ခံချက်ပေးရလျှင် တစ်ဧက တန် (၄၀) ကြံအထူးအထွက်တိုးရန်အတွက် (၅၀) ကီလိုဂရမ် ဝင်ဆန့်သော ယူရီးယား (၂.၅) အိတ်၊ တီစူပါ (၁) အိတ်၊ ပိုတက်ရှ် (၄) အိတ် ထည့်သင့်သည်။ 

       ကြံတန် (၃၀) မှ (၄၀) တန်/ဧက ရည်မှန်းပါက အဆိုပါဓာတ်မြေဩဇာ (၃)မျိုးကို ၂း ၁း ၂ အချိုးဖြင့်ထည့်သင့်သည်။ တစ်ဧကလျှင် ကြံတန် ၂၀-၂၅ ရနိုင်သောစိုက်ကွက်၌ ၁ ၁/၂း ၁/၂း ၁/၂ အိတ်နှုန်းသုံးသင့်သည်။ ဓာတ်မြေဩဇာများများသုံးသော စိုက်ကွက်များသည် ထယ်ရေးနက်နက်၊ ညက်ညက်၊ နှပ်ထည်ရေးဖြင့်ကြံစိုက်ပျိုးထားခြင်း၊ ရေသွင်းနိုင်ခြင်း၊ ပေါင်းရှင်းနိုင်ခြင်းနှင့် ပိုးမွှားရောဂေါနှိမ်နင်းနိုင်ခြင်းစသော မိတ်ဖက်နည်းပညာများ ဒွန်တွဲကျင့်သုံးမှ ဓာတ်မြေဩဇာနှုန်းထားမြှင့်တင်ရကျိုးနပ်ပါမည်။ 

ယခုအခါ (၂၀၂၂ ခုနှစ်) ဓာတ်မြေဩဇာဈေးနှုန်း အဆမတန်မြင့်မားလာသဖြင့် စီးပွားရေးတွက်ခြေကိုက်သော နှုန်းထားများနှင့် အမျိုးအစားများကို သိရှိသုံးစွဲနိုင်ရန် ပညာပေးစာစဉ် (၄-၂) တွင်ဆက်လက်ဖေါ်ပြပါမည်။

စံသိန်း(စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်