ရေချိုပုစွန်ထုပ်ကြီးမွေးမြူရေး အောင်မြင်မှုတွင် အရေးပါသည့် ရေအရည်အသွေး (၂)

09/09/2022 16:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ရေချိုပုစွန်တုပ်ကြီးတွေ ပုံမှန်ရှင်သန်နှုန်းကောင်းပြီး ကြီးထွားနှုန်း၊ အသားတိုးအောင်မြင်ဖို့ဆိုရင် မွေးမြူထားတဲ့ရေရဲ့ဂုဏ်သတ္တိ ကောင်းမကောင်းပေါ် များစွာမူတည်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ‌ရေချိုပုစွန်တုပ်ကြီးမွေးမြူရေးမှာလိုအပ်တဲ့ ရေရဲ့ဂုဏ်သတ္တိတွေအကြောင်းနဲ့ ပုစွန်မွေးမြူရေးကန်အတွင်း ရေသွင်း ရေထုတ်ခြင်း လုပ်ပုံလုပ်နည်းအကြောင်းတွေကို အပိုင်း(၁) မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

မဖတ်ရသေးပါက အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Prawn_Farming_Water_Management

နောက်ထပ်လိုအပ်ချက်တွေကိုတော့ အခု အပိုင်း(၂) မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

ရေလှုပ်ကိရိယာ(Paddle Wheel)များကို အသုံးပြုခြင်း

ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူရာမှာ ရေထုမှာပါဝင်တဲ့ဂုဏ်သတ္တိများဟာ မိုးလေဝသနဲ့ ရာသီဥတုပတ်ဝန်းကျင်အခြေနေတွေကိုလိုက်လို့ နေ့ချင်းညချင်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။

အဲ့ဒီလိုပြောင်းလဲမှုကို ကာကွယ်ဖို့နဲ့ ရေထုရဲ့ ဓာတုဖြစ်စဥ်များ ပြောင်းလဲဖို့အတွက် ရေလှုပ်ကိရိယာ (Paddlewheels) များ အသုံးပြုပြီး ရေလွှာရဲ့အထက်အောက်မျက်နှာပြင်တစ်ခုလုံး ရောသမသွားအောင် ရေလှုပ်ပေးရတာဖြစ်ပါတယ်။

ဒီလိုလုပ်ပေးခြင်းအားဖြင့် ရေထုရဲ့ဖြစ်စဉ်တွေ ပြောင်းလဲမှုကို ကာကွယ်ပေးနိုင်ပါတယ်။ Paddlewheel တွေ မရှိဘူးဆိုရင်တော့ ကူဘိုတာစက်နဲ့ ရေစုပ်ခြင်း၊ ထုတ်ခြင်းတွေ လုပ်ပေးခြင်းဖြင့်လည်း ရေလွှာမှာလှုပ်ရှားမှုတွေဖြစ်အောင် လုပ်ပေးလို့ရပါတယ်။

ရေချိုပုစွန်တုပ်ကြီးများ ကြီးထွားမှုနှင့်ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်း

ရေချိုပုစွန်တုပ်ကြီးများကို အသားတိုးမွေးမြူရာမှာ အသားတိုးနှုန်းဟာ အင်မတန် အရေးကြီးပါတယ်။ ကြီးထွားမှုနှုန်း ကောင်းမွန်ဖို့အတွက် နေ့စဥ်ကျွေးမွေးအစာများရဲ့ အကျိုးသက်ရောက်မှုဟာ အရေးကြီးလှပါတယ်။

မွေးမြူရေးကန်အတွင်းမှ ပုစွန်တုပ်ကြီးများရဲ့ အခြေအနေကို သိနိုင်ဖို့ (၁၅)ရက်တစ်ကြိမ်ခန့် ပုစွန်တုပ်ကြီးများရဲ့ အလေးချိန်ကို ချိန်တွယ်ပြီး မှတ်တမ်းထားရှိရပါမယ်။ အစာဗန်းများပြုလုပ်ပြီး ကန်ဘောင်ကနေ ၁၀ ပေခန့်အကွာမှာ ထားရှိရပါမယ်။ တစ်ပတ်တစ်ခါကြည့်ရှုစစ်ဆေးလို့ အစာဗန်းထဲမှာ အစာတွေကုန်နေတယ်ဆိုရင် ပုစွန်များ အစာစားကြောင်း သိရှိနိုင်ပါတယ်။

အစာတွေမကုန်ဘဲ ကျန်နေတယ်ဆိုရင်တော့ ပုစွန်များ အစာမစားကြောင်း သိရှိနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး အစာကျွေးနှုန်းကို လိုတိုးပိုလျှော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လက်ပစ်ကွန်(cast net) တွေ သုံးပြီးတော့လည်း ပုစွန်များကို ဖမ်းဆီးစစ်ဆေးနိုင်ပါတယ်။

ပုစွန်တုပ်ကြီး၏အခြေအနေများကို စစ်ဆေးပေးခြင်းအားဖြင့် အစာအမျိုးစားများရဲ့ သက်ရောက်မှုကို သိရှိနိုင်သလို ကျန်မာသန်စွမ်းမှုအခြေအနေနဲ့ ရောဂါကျရောက်မှု အခြေအနေများကို ခန့်မှန်းသိရှိနိုင်မှာဖြစ်ပါတယ်။ လိုအပ်ရင် ဆေးဝါးများဖြင့် ကြိုတင်ကာကွယ်တာတွေလည်း လုပ်နိုင်ပါတယ်။

ဖမ်းဆီးထုတ်လုပ်ခြင်း(Harvesting)

ရေချိုပုစွန်တုပ်ကြီးများ ဖမ်းဆီးထုတ်လုပ်ရာမှာ အချိန်ကြာမြင့်မယ်ဆိုရင် အလေးချိန်လျော့ နည်းတတ်ခြင်း၊ ပုစွန်အရည်သွေးကျဆင်းခြင်းများ ဖြစ်ပေါ်တတ်လို့ ဈေးကွက်လိုအပ်ချက်ရှိမယ်ဆိုရင် အချိန်တိုအတွင်း အပြီးပြတ်အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

မွေးမြူထုတ်လုပ်ရာမှာ သဘာဝအားဖြင့် အရွယ်များ မညီမျှမှု ရှိတတ်ပါတယ်။  အဲ့ဒီလိုဆိုရင် ဈေးကွက်ဝင်အကောင်များ ဖယ်ထုတ်ပြီးမှ ချိန်တွယ်ရောင်းချနိုင်ပါတယ်။ ကျန်တဲ့အကောင်အသေးများကိုတော့ ကန်အလွတ်တစ်ခုမှာ ရေသြဇာများပြုပြင်ပြီး ဆက်လက်ထိန်းသိမ်းထားနိုင်ပါတယ်။

ဖမ်းဆီးရောင်းချမယ်ဆိုရင် ဖမ်းမယ့်နေ့မတိုင်ခင် ၅ ရက်ခန့်ကြိုတင်ပြီး ရေလဲလှယ်ပေးရပါမယ်။ ရေဟောင်းများကို ဖယ်ထုတ်ပြီး ရေသစ်များကို ထည့်ပေးရပါမယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် ကန်အတွင်းရှိ ပုစွန်တုပ်ကြီးများ လှုပ်ရှားမြူးကြွမှုများ ဖြစ်ပေါ်ပြီး အရေခွံများ မာကြော၊ စိမ်းရောင်သန်းကာ ရောင်းပန်းလှနိုင်မှာဖြစ်ပါတယ်။

ပုစွန်တုပ်ကြီးများကို ဖမ်းဆီးထုတ်လုပ်ရာမှာ ရေထုတ်ပေါက်နေရေထုတ်စဥ် ပိုက်ခံ၍လည်းကောင်း၊ ရေလျှော့ပြီး ပိုက်ဆွဲခြင်းဖြင့်လည်းကောင်း ဖမ်းဆီးနိုင်ပါတယ်။

ဖမ်းမိတဲ့ ပုစွန်တုပ်ကြီးများကို ဈေးကွက်သို့မပို့မီ ယာယီခြင်ထောင်ထဲမှာ သိုလှောင်၍ ပြုစုထားနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အလေးချိန်များ မြင့်တက်လာပြီး ဈေးကွက်သို့ အချိန်မီပို့ဆောင်နိုင်တဲ့ ကြည်လင်လန်းဆန်း ကျန်းမာသန်စွမ်းသော ရေချိုပုစွန်တုပ်ကြီးများ ရရှိနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်