အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မန္တလေးတိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များကို GAP လက်မှတ်များ စတင်ထုတ်ပေးမည်

မန္တလေးတိုင်းအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များကို GAP လက်မှတ်များ စတင်ထုတ်ပေးမည်

Green Way
Green Way Greenovator 16/11/2018

၂၀၁၈ ခုနှစ် ယခုနိုဝင်ဘာလမှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စံချိန်စံညွှန်း သတ်မှတ်ချက် များနှင့် ကိုက်ညီသည့် မွေးမြူရေးခြံများအား စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမောင်မောင်ထံက ပြောသည်။

“ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေလို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ GAP လက်မှတ် ရရှိထားတဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက ထွက်တဲ့ တိရိစ္ဆာန်တွေက အခြားသူတွေထက်တော့ စျေးကွက်မှာ စျေးပိုရမယ်” ဟု ဒေါက်တာမောင်မောင်က ဆိုသည်။

ပြီးခဲ့သည့်နှစ်များက GAP လက်မှတ်များအား စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စိုက်ပျိုးရေး ခြံများကိုသာ ပေးအပ်ခဲ့ပြီး ယခုနှစ်တွင် မွေးမြူရေးလုပ်ငန်းရှင်များကိုပါ ထပ်မံထုတ်ပေးနိုင်ရန် ပြင်ဆင်ထား ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှု့ရန်

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ထရိုင်ခိုဒါးမား ဘယ်တံဆိပ် ကကောင်းလဲ ဆရာသမားတို့။

ဦးမျိုး • ဖြေကြားချက် 0 ခု

ငြုပ်ပင်အရွက်ထွတ်နေလို့ ဘာဆေးသုံးရင်ကောင်းမလည်းဗျ ပုလဲ​ကျွေးထားတာ ၁ပတ်လောက်ရှိပြီ ပုလဲပက်ပြီးမှအရွက်ကပိုထွတ်လာလို့ ဘာဆေးသုံးရမလည်းပြောပြပေးပါလားဗျ အသီးပွင်အားအေးရောတခါတည်းညွှန်းပေးပါလားဗျ

ဖိုးလပြည့် • ဖြေကြားချက် 5 ခု

အရင်ရက်က ဝတ်မှုန်ကူးထားတဲ့ အသီးတွေ မတက်ဘူး ပုတ်ကုန်လို့ ဘယ်လိုလုပ်ရမလဲ ဆရာတို့ ခင်ဗျာ။

မောင်ပေါက်ကြီး • ဖြေကြားချက် 2 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 2 ခု

ဆရာကြီး ဆေးရွက်ကြီးသဘာဝပိုးသတ်ဆေးလုပ်နည်းမျှဝေပေးပါဆရာ။ ဆေးနှုန်းထားလေးလဲမျှဝေပေးပါဆရာ အပင်လောင်မှာကိုဆိုးရိမ်ရပါသလားဆရာ မျှဝေပေးပါအုန်း

U Than Toe Aung • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။