အပင်ဟော်မုန်း ( Gibberellin )အကြောင်းသိကောင်းစရာ

18/03/2020 12:30 PM တွင် Ye Naing Win Ye Naing Win မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Gibberellin ဆိုသည်မှာ ( အပင်များအဆစ်ကြားတိုခြင်း /အပင်အရပ်ပုခြင်းအညွှန့်အသစ်ထွက်ရှိမှုကိုသာ အားပေးပြီး ပန်းခိုင်မပြနိုင်ခြင်းပန်းခိုင်ပြသော်လည်း အပင်အရပ်မထွက်ခြင်းကြောင့် ဈေးကွက်ဝင်စံချိန်စံညွှန်းမမှီခြင်း/အသီးရသော်လည်း အသီးညှာတိုပြီး အဆိုပါအသီးခိုင်တို့မှ အသီးများအား အသီးသားခွဲရယူရန်အဆင်မပြေခြင်း )တို့ကို မဖြစ်စေပေါ်စေနိုင်ရန်အတွက် ဓါတုဗေဒနည်းပညာဖြင့် လူတို့တုပပြုလုပ်ဖန်တီးထားသော ဓါတုဆေးရည်/ဆေးခဲ /အမှုန့် တို့ကို ဆိုလိုသည်။

အပင်ဟော်မုန်းအများစုဟာ ဆိုခဲ့ရင်အပင်များအတွင်း သဘာဝ အလျှောက်ရှိနေပီးဖြစ်သော်လည်း လူတို့အနေဖြင့်မိမိတို့ စိုက်ပျိုးဖန်တီးထုတ်လုပ်လျှက်ရှိစေသော သစ်းသီးသစ်နှံသစ်စေ့များအပေါ် သဘာဝပတ်ဝန်းကျင်ရှိ လွှမ်းမိုးချုပ်ကိုင်နေမှုများကို လူတို့အနေဖြင့် ထိုးဖေါက်ရယူ ဖန်တီးခြင်းသက်သက်သာဖြစ်ပါသည်။ အပင်များဖြစ်သည့်အလျှောက် အစေ့ငုပ်လျိုးခြင်း အပင်ဗီဇမတူညီမှုများအပေါ်တွင် အပင်တစ်ပင်တည်း၌တွင်မူ ( အပင်တစ်ပင်ချင်းအလိုက်ဗီဇကမ္မဖြစ်စဉ်အရ )အတွင်းထဲတွင် ပြန်လည်ညှိုနှိုင်းရယူနိုင်မှုအပေါ် လူတို့အနေဖြင့် မိမိတို့စိုက်ပျိုးထားရှိသော အပင်များမှ ဈေးကွက်ဝင်စိုက်ပျိုးသီးနှံများဖြစ်ပါက မိမိတို့အနေဖြင့် အပင်သက်အလိုက် အညွှန့် / အဖူး / အပွင့် / အခက် /ဘေးကိုင်း/သစ်သီး/သစ်နှံ /သစ်စေ့ တို့ကို မိမိတို့အနေနှင့် ဈေးကွက်လိုအပ်ချက်အလိုက် လက်ခံစားသုံးသောသူတို့မှ တောင်းဆိုမှုရှိလာသော အရည်အသွေးများကို ဖန်တီးရယူဆောင်ရွက်ပြီး တင်ပို့ရောင်းချရပါသည်။

အပင်ဟော်မုန်းဆိုသည့် ( Plants Growth Regulatar )( PGR)အဓိပ္ပါယ်မှာ အပင်၏အင်္ဂါအစိတ်အပိုင်း တစ်ခုမှ ဆက်လက်ကျန်ရှိနေသော အင်္ဂါအစိတ်အပိုင်း တစ်ခုခြင်းဆီသို့ လွယ်ကူလျှင်မြန်စွာ ပြောင့်ရွှေ့ပြီး အပင်ရှိ ဇီဝကမ္မဖြစ်စဉ်များကို ပြောင်းလဲပေးစေသော ဇီဝ/ဓါတု ပစ္စည်းဟု ခေါ်ဆိုရပါမည်။

အပင်အမျိုးအစားတစ်ခုခြင်းစီကိုလိုက်၍ လိုအပ်သလို လွှမ်းမိုးခြယ်လှယ်နိုင်စေခြင်းအလို့၍ငှာ ဟော်မုန်းတစ်ခုခြင်းစီရှိသည့်အနက်မှ အပင်ဟော်မုန်းတစ်မျိုးအဖြစ် တည်ရှိနေသည့် Gibberellin ( ဂျစ်ဘရယ်လင်အကြောင်းကို စေ့စေ့ငင မဟုတ်ပေမယ့်လို့ တစ်စိတ်တစ်ဒေသအဖြစ် တောင်သူအများ အလွယ်တကူသိရှိမြင်သာစေဖို့ရန် ရည်ရွယ်ပြီး ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

အပင် ဟော်မုန်းအမျိုးအစားတွေအထဲကမှ Gibberellins ကိုစတင်တွေ့ရှိခဲ့သည့် ဂျပန်နိုင်ငံ ဂျပန်လူငယ်( အပင်ဇီဝ ကမ္မဗေဒ) ပညာရှင် ဒေါက်တာ အီးစူရူဇာဝါ ( Dr.E.kuruzawa )၏ ဘာကနေး ( Bakanae )ခေါ် စပါးအရူးရောဂါ လေ့လာရာကနေ ဂျစ်ဘရယ်လင်ကို ၁၉၂၆ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်ဟု သုတေသနစာတမ်းများတွင်( မှတ်တမ်း ) များအရ သိရှိခဲ့ရပါသည်။ အဆိုပါရောဂါစွဲကပ်နေသော စပါးအပင်မှာ အခြားစပါးအပင်များထက် ကပ်ပါးမှိုဖြစ်သည့် ( Gibberelia Fujikuroi ) မှ ထုတ်လွှတ်စေသော ဓါတုပစ္စည်း ( မှိုစပိုး အမှုန်အမွှားများ ) ကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ နောင်အခါတွင် အဆိုပါ ဂျစ်ဘရယ်လာ မှိုမှဖြစ်ပေါ်လာသော မှိုမှ ဂျစ်ဘရယ်လင် ( Gibberellin-A)ဟု အမည်ပေးပြီး စိုက်ပျိုးရေးလောကတွင် လက်ရှိထင်ရှားကျော်ကြားလှစွာသော ဆေးဝါးအဖြစ် ဇီဝနည်းပညာ့ဖြင့် ဓါတ်ခွဲခန်းမှ ထုတ်ယူအသုံးပြုနေကြပြီဖြစ်သည်။

ယခုလက်ရှိအခြေအနေတွင် ခေတ်သစ်သိပ္ပံနှင့် နည်းပညာများ ပံ့ပိုးလာခဲ့ပြီး နောက်ပိုင်းအချိန်မှစ၍ ဂျစ်ဘရယ်လင် မျိုးကွဲပေါင်း ( 70 ) ကျော်အထိ ရှိနေပြီဖြစ်သည်။ ဓါတုဗေဒနည်းပညာ တည်ဆောက်မှုပုံသဏ္ဍာန် ကွဲလွဲယုံမှအပ အပင်အတွက်တွင်မူ ယင်းအပင်အတွက်ဖြစ်တည်ရမည့် ဟော်မုန်းပုံသဏ္ဍာန် စွမ်းအားမှာမူ တူညီလျှက်ရှိစေပြီး ၁၉၅၇ ခုနှစ် တွင် ကမ္ဘာ့စိုက်ပျိုးရေး (ဥယျာဉ်ခြံစိုက်ပျိုးရေးနှင့်ပန်းမာန်ဌာနမှ အသိအမှတ်ပြုခုခဲ့ပြီး စိုက်ပျိုးရေးလောကသို့ တွင်ကျယ်စွာ ယခုမျက်မှောက်ကာလအထိ လက်တွေ့အသုံးပြုနေကြလျက်ရှိပါသည်။

ဂျစ်ဘရယ်လင်၏ မူရင်းသဘောသဘာဝအရ ရေတွင်အနည်းခန့်သာပျော်ဝင်သဖြင့် ရေတွင် ( ရေတစ်လီတာလျှင် ) ၅ မီလီဂရမ်သာ ပျော်ဝင်နိုင်စွမ်းရှိပေသည်။ သို့သော် လူအများသိသာမြင်သာစေမည့် အရက် ( Alcohol)တွင်မူ များစွာ လွယ်လင့်တကူပျော်ဝင်စေနိုင်သည်။ ပိုတက်ဆီယမ် ( သို့မဟုတ် )ဆိုဒီယမ်ဓါတ်ဆားများတွင်လည်း ရေရှိထုထည်၏ အပုံနှစ်ဆယ်ပုံလျှင် တစ်ပုံ ( သို့မဟုတ် ) ရေတစ်လီတာလျှင် ၅၀ ဂရမ် ပျော်ဝင်နိုင်စွမ်းရှိသည်။

ဂျစ်ဘရယ်လင်မှာ အထက်မှ ပြောကြားသွားသကဲ့သို့ ကပ်ပါးမှိုမှ စတင်တွေ့ရှိခဲ့ရသည် ဆိုသော်လည်း အပင်များအတွင်း၌မူ သဘာဝအလျှောက် တည်ရှိမြဲ ဟော်မုန်းတစ်မျိုးဖြစ်သည်။ သို့သော် လူတို့မှ ဖန်တီးထားသော ဂျစ်ဘရယ်လင်မှာ ဓါတု/ဇီဝဆေးရည်အကူအညီဖြင့် စိုက်ပျိုးတောင်သူများမှ မိမိတို့လိုအပ်သော ဈေးကွက်နှင့် အရည်အသွေးတောင်ဆိုမှုများကို အချိန်ရာသီကိုက် ဖြစ်ပေါ်စေနိုင်ရန်အတွက် ပြုမှုဖန်တီးခြင်းဖြင့် သဘာဝထက် လွယ်ကူလျင်မြန်စွာ လုပ်ငန်းတစ်ခုကို ပြီးမြှောက်စေခြင်းပင်ဖြစ်သည်။

ယင်းကဲ့သို့ အသုံးပြုနေပြီးသည့်အလျှောက် အချိန်ရာသီအလိုက် စွမ်းဆောင်စေမှုကို လူတို့အနေဖြင့် အသုံးပြုခဲ့ကြစေပြီး အစေ့ပျိုးချိန် အပင်ပေါက်တွင် လွယ်ကူလျင်မြန်စွာ အပင်ပေါက်စောစေခြင်း၊ အစေ့ငုတ်နေသောအချိန်ကို တိုတောင်းသွားစေခြင်း၊ ပန်းခိုင်များ အဆစ်ကြားအရွက်ကြားတိုခြင်း မိမိတို့ပို့ဆောင်ပေးရမည့် ဈေးကွက်မှတောင်းဆိုချက်အတိုင်း ပန်းခိုင်များအရိုးကိုရှည်စေခြင်း အဆစ်များကြဲစေပြီး အဖူးအတက်အလက်များကို လွယ်ကူလျင်မြန်စွာကြီးထွားစေခြင်းကို အချိန်မှီအခါမှီ မျက်မြင်အနေအထားရောက်အောင် ပေါ်ထွက်ပေါ်ထွန်းစေသဖြင့် အချက်အလက်တစ်ခုတိုင်းအပေါ် စိုက်ပျိုးတောင်သူတိုင်းမှ ကျေနပ်ဝမ်းမြှောက်စွာဖြင့် လက်ခံသုံးစွဲခဲ့ကြပါသည်။ သုံးစွဲနေလျက်ရှိသည်။

ဂျစ်ဘရယ်လင်ကို သီးနှံတစ်ခုခြင်းစီအလိုက် ထည့်သွင်းပေးသင့်သော အချိုးနှုန်းထားများအကြောင်းနှင့် အပင်လိုအပ်တာထက်ပိုမိုသုံးစွဲခြင်း၊ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ဆိုးကျိုးများအကြောင်းကိုလည်း နောက်ဆောင်းပါးမှာ ပြောပြပေးသွားပါအုံးမယ်ခင်ဗျ။

 (ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်