ယောက္ခမခေါင်းအုံးကတ်တက်အကြောင်း

20/05/2020 11:30 AM တွင် ဖြိုးသဥ္ဇာကျော် ဖြိုးသဥ္ဇာကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုအခါမှာ အိမ်တွင်းအလှစိုက်ပင်တော်တော်များများကို စိုက်ပျိုးလာတာကို တွေ့ရမှာဖြစ်ပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေထဲကမှ နာမည်ဆန်းဆန်းနဲ့အပင်လေးအကြောင်းကို ဖတ်ရှုကြည့်ပါအုံး။

ရုက္ခဗေဒအမည် Enchnocactus grusonii

အင်္ဂလိပ်အမည် Mother-in law’s pillow, Golden Barrel Cactus, Golden Ball, Mother-in law’s cushion, Mother-in law’s seat

ဒီအပင်လေးရဲ့နာမည်လေးကတော့ ယောက္ခမခေါင်းအုံးကတ်တက် ဖြစ်ပါတယ်။ အပင်လေးရဲ့နာမည်လေးကတော့ဖတ်မိသူတွေပြုံးသွားအောင် ထူးဆန်းနေပါတယ်။ ယောက္ခမချစ်သူတွေ ပေးခဲ့တဲ့နာမည် ဖြစ်လောက်မယ်ထင်တယ်နော်။

မူရင်းဒေသကတော့ မက်ဆီကိုနိုင်ငံ ဖြစ်ပါတယ်။ ကတ်တက်မျိုးနွယ်ဝင်အပင်အမျိုးအစားဖြစ်ပြီး လုံးဝိုင်းတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ ပင်စည်ကတော့ အစိမ်းဖျော့ရောင်ဖြစ်ပြီး အဝါရောင်ဆူးတွေ တစ်ပင်လုံးမှာ ပါရှိပါတယ်။ ပန်းပွင့်လေ့ရှိတဲ့အပင်ဖြစ်ပြီး ပန်းပွင့်အရွယ်အစား ၂လက်မခန့် ရှိပါတယ်။ အစေ့ကနေစိုက်ပျိုးမယ်ဆိုရင်တော့ မျိုးညှောင့်ပေါက်ဖို့ ၁လ - ၂ လ လောက်ကြာနိုင်ပါတယ်။

အပင်ငယ်စဥ်မှာ ကြီးထွားနှုန်းအနည်းငယ်မြန်ပေမဲ့ အရွယ်ရောက်လာတာနဲ့ ကြီးထွားနှုန်းကျလေ့ရှိပါတယ်။ ဒါကြောင့်စိတ်ရှည်မှ စိုက်ပျိုးသင့်ပါတယ်။ တခြားကတ်တက်အမျိုးအစားတွေလိုပဲ ရေငတ်ဒဏ်ခံနိုင်ပြီး ပြုစုစရာသိပ်မလိုတဲ့အပင်ဖြစ်ပါတယ်။ သို့သော်ရေများပါက အမြစ်ပုတ်၍ အပင်သေဆုံးနိုင်ပါတယ်။ အိုးဖြင့်စိုက်ပျိုးသင့်ပြီး ရေဆင်းကောင်းသောစပ်မြေ (မြေဆွေး၊ အုန်းဆံမှုန့်၊ သဲမြေ၊ ကျောက်တု အစရှိသည်တို့ ပေါင်းစပ်ထားသောမြေ) တွင်စိုက်ပျိုးသင့်ပါတယ်။ ရေကို တစ်ပတ်တစ်ကြိမ်သာ လောင်းသင့်ပါတယ်။ ရေလောင်းရာတွင်လည်း မြေခြောက်သွေ့နေမှသာလောင်းသင့်ပြီး အပင်ရဲ့ အောက်ခြေကိုသာ လောင်းသင့်ပါတယ်။ နေရောင်ကြိုက်တဲ့အပင်ဖြစ်တဲ့အတွက် နေရောင်ကောင်းကောင်းရတဲ့နေရာမှာ စိုက်ပျိုးသင့်ပါတယ်။ ဆူးပါတဲ့အပင်ဖြစ်လို့ အပင်ကိုကိုင်တွယ်တဲ့အခါမှာ လက်အိတ်ကိုအသုံးပြုသင့်ပါတယ်။

ဖြိုးသဥ္ဇာကျော်

ကိုးကား

 

https://worldofsucculents.com/echinocactus-grusonii-golden-barrel-cactus/


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်