သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း

26/12/2024 11:47 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

အခြားငါးများကို စားသောငါးကို သားစားငါးများဟု ခေါ်နိုင်ပါသည်။ ငါးရံ့၊ ငါးခူ၊ ကကတစ်၊ ငါးဖယ်၊ ငါးဘတ်စသည်တို့မှာ သားစားငါးများ ဖြစ်ပါသည်။ ၎င်းငါးများသည် ငါးမွေးကန်မှ ငါးများကို စားသုံးမည် ဖြစ်ပါသည်။

ငါးရိုင်းသည် ရည်ရွယ်မွေးမြူထားသော ငါး မဟုတ်ပါ။ သို့သော် ငါးမွေးကန်အတွင်း နည်းမျိုးစုံဖြင့် ရောက်ရှိလာသောငါးများ ဖြစ်ပါသည်။ မွေးမြူထားသော ငါးများအစာကိုစားသုံးပြီး ကန်ရေတွင် ပျော်ဝင် အောက်ဆီဂျင်ကို အသုံးချခြင်းကြောင့် မွေးမြူရေးငါးများ အသက်ရှင်ကြီးထွားမှုကို နှောင့်နှေးဆုံးရှုံးစေနိုင်ပါသည်။ ဥပမာ ငါးပြေမ၊ ငါးခုံးမ၊ ငါးဖန်းမ၊ ငါးဒေါင်ဇင်း၊ ကသပိုးစသော ငါးများ ဖြစ်ပါသည်။

သားစားငါးများသည် မွေးမြူထားသော ငါးများ၏ ဥများ၊ ငါးမှုံများ၊ ငါးသန်များကို စားသုံးခြင်းဖြင့် ငါးမွေးမြူခြင်းကို ထိခိုက်နစ်နာ စေပါသည်။ ဥပမာအားဖြင့် သားစားငါးများသည် တစ်ကီလိုဂရမ်အရွယ် ကြီးထွားလာရန် မွေးမြူထားသော ငါးသားပေါက် ၁၀ မှ ၁၂ ကီလိုဂရမ် (၁၀ မှ ၁၂ ပိဿာ) အထိ စားသုံးကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် သားစားငါးနှင့် ငါးရိုင်းများသည် ငါးမွေးကန်တွင် အောက်ပါထိခိုက် ဆုံးရှုံးမှုများကို အဓိကဖြစ်ပေါ်စေပါသည်။

  • မွေးမြူထားသာငါးများ၏ နေရာနှင့် အောက်ဆီဂျင်အသုံးချမှုတွင် ခွဲဝေရယူခြင်း။
  • ရောဂါဖြစ်ပွားစေသော အဏုဇီဝပိုးများနှင့် ကပ်ပါးကောင်များသည် သားစားငါးရိုင်းများတွင် ပါဝင်လာနိုင်ခြင်း။
  • ငါးရိုင်းနှင့် သားစားငါးများသည် ကန်အတွင်းဝင်ရောက်လာပြီး အရွယ်အစား တစ်ကီလို ကြီးထွားရန် ကန်အတွင်းရှိ အစာ သို့မဟုတ် ငါးသားပေါက် ၁၀ မှ ၁၂ ကီလိုဂရမ် (၁၀ မှ ၁၂ ပိဿာ) အထိ စားသုံးပါသည်။
  • ထို့ကြောင့် ငါးရိုင်းများနှင့် သားစားငါးများကြောင့် မွေးမြူရေးကန်မှ ငါးထုတ်လုပ်မှုကို ကျဆင်းစေပါသည်။

သားစားငါးရိုင်းများနှင့် အခြားငါးများဖယ်ရှားခြင်းနည်းလမ်း (၁)

ပိုက်စိတ်ဖြင့် ဖမ်းယူရှင်းလင်းခြင်း

ပိုက်ကွပ်စိပ်ဖြင့် ဂျမ်းတိုက်ဖမ်းဆီးရှင်းလင်းသော နည်းလမ်းမှာ ငါးရိုင်းများကို ကုန်စင်သည်အထိ အစွမ်းကောင်းနိုင်ပါသည်။ ငါးခူ၊ ငါးရံ့စသော သားစားငါးများမှာ ကျင်းဖွဲ့၍ ကန်အောက်ခြေနှင့် ကန်ဘောင်တွင် ခိုအောင်းနေနိုင်သဖြင့် ပိုက်စိပ်ဖြင့် ဖမ်းယူခြင်းကို ရှောင်ရှားနိုင်ကြပါသည်။ သို့ရာတွင် ကန်သစ်များနှင့် ရေကျော်မှု မရှိသော ကန်များတွင် ပိုက်စိပ်ဖြင့်ငါးရိုင်းများကို ရှင်းလင်းနိုင်ပါ သည်။

ဂျမ်းတိုက်ပိုက်ဆွဲငါးရိုင်းရှင်းလင်းခြင်း

ထိုပြင် ပိုက်ဖြင့် ကန်ဘောင်တစ်ဖက်မှ အခြားတစ်ဖက်စွန်းအထိ ဂျမ်းတိုက်ဖမ်းယူရမည် ဖြစ်ပါသည်။

အားသာချက်နှင့် အားနည်းချက်

  • ရေ၏သဘာဝ အခြေအနေကို မထိခိုက်ပါ။
  • ငါးရိုင်း၊ သားစားငါးများကို ရာနှုန်းပြည့်ဖယ်ရှားနိုင်ခြင်းမရှိပါ။
  • သို့ရာတွင် သားစားငါးများနှင့် ငါးရိုင်းများ ကန်အတွင်း လျော့နည်းရန်ဆောင်ရွက်နိုင်ပါသည်။
  • အခြားငါးရိုင်းရှင်းလင်းခြင်း နည်းလမ်းများနှင့် တွဲဘက်အသုံးချသင့်ပါသည်။

သတိပြုရန်

ကန်ဘောင်တစ်ဖက်စီမှ ပိုက်စိပ်ဖြင့် ဂျမ်းတိုက်ဖမ်းယူစဉ် ငါးဖမ်းပိုက်ကို ကျော်လွှား၍ ငါးများ လွတ်ထွက်မှုမရှိစေရန် ဂျမ်းတိုက် ပိုက်ဆွဲရာတွင် ငါးဖမ်းပိုက်အောက်ခြေသည် ကန်အောက်ခြေတွင် ရောက်ရှိစေရန် အရေးကြီးပါသည်။ ပိုက်ဆွဲရာတွင် ကန်အရွယ်အစားကို မူတည်၍ ကန်အလယ်ရှိ လူ (၁-၂) ဦးအထိ ငါးဖမ်းပိုက်ကို ထိန်းပေးရပါသည်။ ငါးဖမ်းပိုက် အပေါ်ပိုင်း ရေပေါ်၌ ရှိနေ စေရန် ဘော့သီးများတပ်ဆင်ပေးထားရပါသည်။

သားစားငါးရိုင်းများနှင့် အခြားငါးများဖယ်ရှားခြင်းနည်းလမ်း (၂)

ကန်အခြောက်ခံခြင်း၊ ရေထုတ်ခြင်း

ငါးကန်ကို အခြောက်ခံပြီး ငါးရိုင်းဖမ်းဆီးခြင်းမှာ အလွန်ထိရောက်သော နည်းလမ်းဖြစ်ပါသည်။ ကန်တွင်းရှိသမျှ ငါးအားလုံးကို ဖမ်းယူနိုင်ပါသည်။ ကန်ရေခန်းခြောက်နေစဉ် အင်းဆက်ပိုးများ အောက်ခြေရှိ ခရုနှင့်ယောက်သွား၊ ဂုံးကောင်များကိုလည်း ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။ ကန်အောက်ခြေ မြေပြင်သည် နေရောင်ခြည်တိုက်ရိုက်ရရှိသောကြောင့် အန္တရာယ်ရှိသော ဓာတ်ငွေ့များကို ဓာတ်ပျယ်စေပါသည်။ ထို့ကြောင့် ထိုကန်မှ ငါးမွေးမြူထုတ်လုပ်မှု ပိုမိုကောင်းမွန်လာမည် ဖြစ်ပါသည်။ သို့ရာတွင် ရေသွင်း ရေထုတ်စနစ်မရှိသော ငါးကန်များတွင် ကန်စနစ်ကို အသုံးပြုရာတွင် အချိန်ကာလကြာမြင့် နိုင်ပါသည်။ ငွေကုန်ကျမှု လည်းရှိနိုင်ပါသည်။ ထို့ကြောင့် ဤနည်းစနစ်ကို ငါးမွေးကန်အငယ်စားနှင့် အလတ်စားများတွင် အသုံးပြုရန် ပိုမိုသင့်တော် ပါသည်။ ရေနက်သော ငါးမွေးကန်ကြီး များတွင် ဤနည်းကို အသုံးပြုရန်မှာ အချိန်ကြာမြင့်ပြီး ငွေကုန်ကြေးကျများ မည်ဖြစ် ပါသည်။

လက်တွေ့ဆောင်ရွက်ခြင်း

ရေစုပ်စက်ဖြင့် ငါးကန်ရေကို စုပ်ယူရပါမည်။ ရေခန်းသောအခါ ငါးများကို ဖမ်းယူရန် ဖြစ်ပါသည်။

အားသာချက်နှင့် အားနည်းချက်

  • ကန်အခြောက်ခံထားစဉ် ကန်မြေပြင်နှင့် တာဘောင်ပတ်ဝန်းကျင်ရှိမြေပြင်ကို ထယ်ဖြင့် ထွန်ပေးခြင်းဖြင့် ငါးကန်တွင် သြဇာဓာတ် မြင့်မားလာစေရန် အထောက်အကူပြုပါသည်။
  • ကန်ရေခန်း၍ ငါးရှင်းလင်းပြီးပါက (၇) ရက်မှ (၂၁) ရက်အထိ မြေကြီးပတ်ကြား အက်ကွဲလာသည်အထိ နေလှမ်းထားရပါမည်။
  • ထိုအခါ မြေကြီးအတွင်း ခိုအောင်းလျက်ရှိသော ဓာတ်ငွေ့များ ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
  • ထိုအစီအစဉ်များပြီးသောအခါ ကန်ရေ ပြန်လည် ဖြည့်သွင်းရပါမည်။
  • ရေရယူရန်နေရာမရှိပါက မိုးရာသီကိုစောင့်ဆိုင်းပြီး မိုးရေဖြင့် ရေဖြည့်ရပါမည်။

သတိပြုရန်

ငါးကန်ကို ပြန်လည် ရေဖြည့်သွင်းရာတွင် အခြားသောငါးကန်မှရေကိုသော်လည်းကောင်း၊ အခြား နည်းလမ်းဖြင့် အသုံးချထား သော ရေကိုလည်းကောင်း အသုံးပြုပါက အင်းဆက်များ၊ ငါးရိုင်းဥများ၊ သားပေါက်များမပါစေရန် ရေစစ်ဖြင့် ခံယူရေသွင်း ရပါသည်။ ဤအချိန်တွင် အထူးသတိထား ဆောင်ရွက်ခြင်း မရှိပါက လုပ်ငန်းစဉ်တစ်လျှောက်လုံး အလဟသ ဖြစ်ပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်