ပလတ်စတစ်များကို ဘယ်လိုပြန်ပြီး အသုံးချကြမလဲ

18/01/2018 15:03 PM တွင် ko khun ko khun မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယနေ့ခေတ်မှာ ပလတ်စတစ်တွေဟာနေရာတကာမှာ ရှိနေကြပါတယ်။ လူအများစုဟာလည်း တစ်ခါသုံး ပလတ်စတစ်တွေကိုနေ့စဉ်စွန့်ပစ်နေသောကြောင့် အမှိုက်ပုံကြီးတွေက ဟီးလို့။ ဒီပလတ်စတစ်များဟာ ပုံမှန်အားဖြင့်ဆွေးမြေ့ မသွားဘဲ မြေကြီးနဲ့မြေအောက်ရေထဲကို အဆိပ်တွေအနေနဲ့စီးဝင် သွားကြပါတယ်။ ကံကောင်းထောက်မစွာဖြင့် ပြန်လည် အသုံးချသည့် နည်းလမ်းသည် ဒီပလပ်စတစ်တွေကိုမြေထဲကို စွန့်ပစ်မည့် အရေးနှင့်နောက်ထပ် အသစ်သစ်သော ပလတ်စတစ်များ ထုတ်လုပ်မှုကိုလျော့ချ နိုင်ပါတယ်။ ပြန်လည် အသုံးချနိုင်သည်ဆိုသည့် တြိဂံပုံစံ တံဆိပ်ကပ်ထားတာကို ကြည့်ခြင်းဖြင့် သင်ဟာ ပြန်လည် အသုံးချနိုင်သည့် ပလတ်စတစ်ဆိုတာ သိရှိနိုင်ပါတယ်။ ဒါ့အပြင် နံပါတ်များ၊ အတိုကောက် စာလုံးလေးများနှင့် ဘူးများ၏အောက်ခြေ တစ်နေရာရာတွင်ဖော်ပြထားကို တွေ့နိုင်ပါတယ်။

လျော့ချဖို့ နည်းလမ်း (၅) သွယ်ရှိပါတယ်။

ည်းလမ်း (၁)ဘယ်လို ပလပ်စတစ်တွေလဲ

၁။ PET, PETE (polyethylene terephthalate)

ပြန်လည်  အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၁) အား အချိုရည်   ဘူးများ၊ ရေဘူးများ၊ ဘီယာဘူးများ၊ ဟင်းသီးဟင်းရွက် ထည့်သည့် ဆီဘူးများ၊ မြေပဲထောပတ်ထည့်သည့် ဘူးများ၊ အစားအစာထည့်သည့် ဗန်းများအဖြစ် အသုံးများသည်။ ယင်းပလပ်စတစ်  အဟောင်းများကို အသားပွသော အနွေးထည် အင်္ကျီအသားများ၊ လက်စွဲအိတ်များ၊ ပရိဘောဂများ၊ ကော်ဇောများနှင့် အချိုရည်အမျိုးမျိုး ထည့်သောပစ္စည်းများ အဖြစ် ပြန်လည် သုံးစွဲကြသည်။

၂။ HDPE (high density polyethylene)

ပြန်လည် အသုံးချနိုင်သည့် အမျိုးအစားနံပါတ် (၂) တွင် နို့နဲ့ဖျော်ရည်ထည့်သော ကိုင်းခွက်များ၊ သန့်ရှင်းရေးသုံး ပစ္စည်းများ၊ ဒိန်ချဉ်ဘူးများ၊ အမှိုက်အိတ်များ၊ အစေ့အဆံများ ထည့်သည့်အိတ်များ အဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကို ဘူးအမျိုးမျိုး၊ ဘောပင်များ နှင့်ဆောက်လုပ်ရေး  ပစ္စည်းများအဖြစ် ပြန်လည်သုံးစွဲကြသည်။

၃။ V (Vinyl) or PVC

ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၃) တွင် မှန်ဆေးရည်၊ ဆပ်ပြာမှုန့်၊ ခေါင်းလျှော်ရည် ထည့်သည့်ဘူးများ၊ အစားအစာ ထည့်သည့်ဘူးအကြည်များ၊ ပိုက်ဆက်များ၊ လျောတံခါးများ၊ ဆေးရုံသုံး  ပစ္စည်းများအဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကို သစ်သားတု ပြုလုပ်၍ အိမ်ဆောက်ပစ္စည်းများ အဖြစ် ပြန်လည် သုံးစွဲကြသည်။

၄။ LDPE (low density polyethylene)

ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား  နံပါတ် (၄) တွင် ညှစ်လို့ရသည့် ဘူးအပျော့များ၊ ဈေးဝယ်အိတ်များ၊ ပလတ်စတစ်  အကြည်များ၊ ပေါင်မုန့်ထည့်သည့် အိတ်များအဖြစ် အသုံးများသည်။ ယင်းပလတ်စတစ် အဟောင်းများကို အမှိုက်ခြင်း  စွတ်သည့် အိတ်များ၊ ချောစာအိတ်များ၊ သစ်သားတုများအဖြစ် ပြန်လည် သုံးစွဲကြသည်။

၅။ PP (polypropylene)

ုပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၅) တွင် အချိုရည် စုပ်ပိုက်များ၊ ဒိန်ချဉ်ခွက်များ၊ ဆော့ထည့်သည့် ဘူးများ၊ ဆေးဘူးများ၊ ရေခွက်များ အသုံးများသည်။ ယင်းပလတ်စတစ် အဟောင်းများကို ထွန်ခြစ်၊ တံမြက်စည်း၊ ဘတ္ထရီအိုးများနှင့်လင်ဗန်းများအဖြစ် ပြန်လည် သုံးစွဲကြသည်။

၆။ PS (polystyrene)

ပြန်လည် အသုံးချနိုင်သည့် အမျိုးအစား နံပါတ် (၆) တစ်ခါသုံး ပန်းကန်ခွက်ယောက်များ၊ စီဒီအိတ်များ၊ ကြက်ဥထည့်သည့် ဗန်းများ၊ ဖော့ဘူးများ၊ အက်စက်ပရင်ဆေးဘူးများ အဖြစ် အသုံးများသည်။ ယင်းပလပ်စတစ် အဟောင်းများကိုရေမြုပ်ပါသည့် ထုပ်ပိုး ပစ္စည်းများ၊ လျှပ်ကာများ၊ ကြက်ဥထည့်သည့် ဗန်းများ၊ ဖော့ဘူးများ အဖြစ် ပြန်လည် အသုံးချသည်။

၇။ အခြား ပလပ်စတစ် အမျိုးအစားများ

အခြား အမျိုးအစားများကတော့ ဂါလံပုံးများ၊ ကျဉ်ကာ ပစ္စည်းများ၊ နေကာ မျက်မှန်များ၊ ဒီဗွီဒီ အချပ်များ၊  ဖုန်းကာဗာများ အဖြစ် အသုံးပြုသည်။ ယင်းပလပ်စတစ် အဟောင်းများကို တစ်ခါတစ်ရံ သစ်သားအတုများ အဖြစ်သာ ပြန်လည် အသုံးပြုကြသည်။

ည်းလမ်း (၂)ဘယ်လိုစွန့်ပစ်ရမလဲ????

၁။ အများစု အမှိုက်စွန့်ပစ်သည့် ပုံစံကိုလေ့လာပါ။

မြို့များနဲ့ မြို့တော်ကြီးတွေမှာ ပြန်လည် အသုံးချမည့်   ပစ္စည်းများ စုပုံသည့်နေရာ ဒါမှမဟုတ် စည်ပင်သာယာ၏ လမ်းဘေး အမှိုက်သိမ်းသည့် ပုံးများ ရှိတတ်သည်။ သို့သော် လူ့အသိုင်းအဝိုင်း တခုနှင့်တခု မတူပါ။ ထို့ကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လို စွန့်ပစ်နိုင်လည်း ဆိုတာ သက်ဆိုင်ရာကိုမေးမြန်းပါ။

၂။ ပြန်လည် အသုံးချနိုင်သည့် အမှိုက်ထည့်ရန် လမ်းဘေး စွန့်ပစ်အမှိုက်ပုံး မှာယူပါ။

တချို့လူမှုအဖွဲ့အစည်းများတွင် သာမန် အမှိုက်ကဲ့သို့ပင် ပြန်လည် အသုံးချနိုင်သည့် အရာများအား လာရောက် သိမ်းယူမှု ရှိသည်။ မိမိ လုပ်ဆောင်ရမည်မှာ ထိုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမှိုက်ပုံး မှာယူဖို့ရန်သာ ဖြစ်သည်။ တခါတရံတွင် အခြား အမှိုက်များ ကဲ့သို့ပင် တစ်ကြိမ်သာကောက်ခံသော (သို့) နှစ်စဉ်ကြေး ပေးရသည်။ စွန့်ပစ် ပလတ်စတစ် များကို ပြန်လည် အသုံးချမည် ဖြစ်သောကြောင့်ငွေပေးရသည်မှာ ထိုက်တန်ပါသည်။ တိုက်ခန်းများတွင်နေသူများအဖို့တိုက်ခန်း၏ ပြန်လည် အသုံးချ အမှိုက်များထည့်ရန် အမှိုက်ပုံး ရှိတတ်သည်၊၊ ကြီးကြပ်သူကိုမေးပါ။

၃။ သင်၏ ပြန်လည် အသုံးချနိုင်သည့် ပလတ်စတစ်များကို သတ်မှတ်နေရာတွင် စုပုံပါ။ တချို့နေရာတွေမှာ လမ်းဘေး အမှိုက်ပုံးတွေ ရှိမနေတတ်ပါ။ ယင်းတို့အစား စည်ပင် အဆောက်အဦး၊ ဘုရားရှစ်ခိုးကျောင်းနှင့် စာသင်ကျောင်း စသည့်နေရာတွေမှာ အမှိုက်ပုံး အကြီးကြီးတွေ ရှိတတ်သည်။

၄။ မိမိ ပလပ်စတစ်များကို အနီးအနားရှိ ပြန်လည် အသုံးချ စက်ရုံဆီ ယူသွားပါ။

မိမိနေရာဒေသမှာ စွန့်ပစ် ပလတ်စတစ်များအား ပြန်လည် အသုံးချနိုင်သည့် ပစ္စည်းများ လုပ်သည့် စက်ရုံ ရှိမရှိကိုဒေသရှိ ဝန်ထမ်းကိုမေးခြင်း (သို့) အင်တာနက်တွင် ရှာဖွေခြင်း ပြုလုပ်ပါ။ စက်ရုံက မိမိ ပလတ်စတစ်များကို လက်ခံသည် ဆိုပါက ယူသာ သွားလိုက်ပါ။

တချို့စက်ရုံတွေက မိမိပလပ်စတစ်များအတွက် အခကြေးငွေ ပြန်ပေးပါသည်။ ထို့ကြောင့် အပေါင်းအသင်း မိတ်ဆွေများထံမှ ပလပ်စတစ်များကိုပါ တစ်ပါတည်းယူသွားပါက အပိုငွေလေးတွေ လာပါမယ်။

၅။ စက်ရုံတွေက ဘယ်လို လုပ်သလဲဆိုတာ သိနေပါ။

တချို့ စက်ရုံများသည် စွန့်ပစ် ပလတ်စတစ်များကို အတန်းအစား ခွဲခြင်း နှင့်ဆေးကြောခြင်း တို့ကို လုပ်ဆောင်သည်။ ဤနေရာတွင် သင်သည် သံဘူးများ၊ ပလပ်စတစ်များ၊ စက္ကူများကိုရောပြီး ပို့ဆောင်နိုင်သည်။ တချို့ စက်ရုံတွေသည် စက္ကူတံဆိပ်များ ခွာပေးရခြင်း၊ အမျိုးအစားတူရာကို ခွဲခြား၍သာ စွန့်ပစ်ရခြင်းများ လုပ်ရသည်။ ယင်းတို့ကို လိုက်နာလျှင် သင့်အတွက် ပိုကောင်းပါသည်။

နည်းလမ်း (၃)- စနစ်တခုဖော်ဆောင်ပါ

၁။  မိမိ အိမ်အတွက် ပြန်လည် အသုံးချ အမှိုက်ပုံးများ ထားရှိပါ။

အပျင်းကြီးပြီး ပြန်လည် အသုံးချနိုင်သည့် ပလပ်စတစ်များအဖြစ် စွန့်မပစ်ခြင်းကြောင့် ယင်းအမှိုက်ပုံးများကို အမှိုက်ပုံးကြီးနေရာနားတွင် ထားပါ။ လိုအပ်လို့ အမျိုးအစား ခွဲခြားရမည်ဆိုလျှင် စွန့်ပစ်ကတည်းက တခုခြင်းစီ ခွဲစွန့်ပစ်သောကြောင့် အချိန်ကုန် သက်သာမည်။ အမျိုးအစားလည်း ခွဲခြားပြီး ဖြစ်မည်။

 

၂။ ပြန်လည် အသုံးချနိုင်သည်များကို အမျိုးအစားအလိုက် ခွဲခြားပါ။

လိုအပ်လျှင် စက္ကူ၊ ကဒ်ထူပြား၊ ပလတ်စတစ်စ၊ ပုလင်းခွံ၊ ဘူးခွံဆိုပြီး ခွဲခြားထားပါ။ ဒါက စိတ်အနှောင့်အယှက် ဖြစ်စရာနိုင်ပါတယ်။ ဒါပေမယ့်လည်း အိမ်တိုင်းလိုလို အပတ်စဉ် လုပ်ဆောင်သွားရင် နေ့စဉ် အလုပ်ကဲ့သို့ လွယ်ကူသွားပါလိမ့်မယ်။

၃။ နံပါတ်နှင့် ပလတ်စတစ်များ ခွဲထားပါ။

ပြန်လည် အသုံးချသည့် လုပ်ငန်းစဉ် အများစုတွင်  ဒီလိုဆောင်ရွက်ဖို့မလိုပါ။ ဒါပေမယ့်လည်း သင်ဟာပြန်လည် အသုံးချနိုင်သည့် ပလပ်စတစ် (၇) မျိုးကို ခွဲခြားထားသင့်သည်။

၄။ သင့်ပလပ်စတစ်များသည် သန့်ရှင်းပါစေ။

ပြန်လည် အသုံးချသည့် လုပ်ငန်းအတွက် လုပ်ဖို့ မလိုသော်လည်း တံဆိပ်များ ခွာခြင်း၊ အကြွင်းအကျန်များအား သန့်ရှင်းခြင်းအတွက် အထောက်အကူ ဖြစ်ပါတယ်။

၅။ တစ်ပတ်တခါ ပြန်လည် အသုံးချနိုင်သည့် စွန့်ပစ်အမှိုက်များကို ရှင်းထုတ်ပါ။

ဒီနည်းနဲ့ ပုလင်းခွံတွေလည်း စုပုံ မလာသလို၊ အမျိုးအစားခွဲပြီး စွန့်ပစ်ရတဲ့ အလုပ်အတွက် စိတ်မညစ်ရတော့ပါဘူး။ တကယ်၍ ပြန်လည် အသုံးချသည့် စက်ရုံက အနီးအနားမှာ  မရှိရင် လစဉ်စွန့်ပစ်တဲ့နေရာကကြီးလျှင်လည်း အပတ်စဉ် အမျိုးအစားများ ခွဲခြားတာ လုပ်ဆောင်ပါ။

နည်းလမ်း (၄)- မိမိ ပလတ်စတစ်အား ပြန်အသုံးပြုပါ။

၁။ ဘူးထဲမှ အရည်များ ကုန်အောင် အသုံးပြုြုပီးသောအခါ သင့်လုပ်ဆောင်ရသည့် အရာပြီးသွားပြီလို့မဆိုလိုပါ။ လက်ဆေး ဆပ်ပြာ၊ ပန်းကန်ဆေး ဆပ်ပြာဘူးများစွာကိုဘူးကြီးများမှ ဆပ်ပြာရည်ဖြင့် ပြန်လည် ဖြည့်စွက် နိုင်သည်။ သင်သည် ပလပ်စတစ် ဘူးများကိုနေရာတော်တော် များများမှာ ပြန်အသုံးချနိုင်ပါသည်။

တစ်ဘူးတည်းကိုပဲရေဘူးအဖြစ် ထပ်ခါထပ်ခါ ပြန်မသုံးသင့်ပါ။ ပလတ်စတစ်များမှ အန္တရာယ်ရှိ ဓာတ်ပစ္စည်းများသည် အချိန်ကြာလာသည်နှင့် ထွက်လာသည်။ အကောင်းဆုံးကတော့ ပလတ်စတစ်ဘူးခွံ အဟောင်းများကို  အခြားပစ္စည်းများ  သိမ်းဆည်းစရာအဖြစ် အသုံးချပါ။

၂။ တိုလီမုတ်စများကို  စနစ်တကျ သိမ်းပါ။

အကြွေစေ့၊ ဝက်အူများနှင့် လက်မှု ပစ္စည်းများကိုသေးပြီး မာကြောသော ပလပ်စတစ်ဘူးများတွင် သိမ်းဆည်းခြင်းဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။

၃။ နှစ်ကြိမ်မြောက် အိမ်ပတ်ပတ်လည်မှာ ပလပ်စတစ်ရှင်းအောင် လုပ်ဆောင်ပါ။

ဈေးဝယ်လို့ရလာတဲ့ ပလတ်စတစ်အိမ်များကို အမှိုက်ခြင်း စွပ်ခြင်း၊ ပစ္စည်းများ ထုပ်ပိုးခြင်းနှင့် ထမင်းဘူးများထည့်ခြင်း စသည့်နေရာတွေမှာ သုံးနိုင်ပါတယ်။

နည်းလမ်း (၅) - လက်မှုပညာဖြင့် အစွမ်းပြခြင်း

၁။ ကိုယ်ရဲ့ ဘူးခွံကို အသုံးဝင်တဲ့ ကြိုးတစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။

၂။ အချိုရည်ဘူးကို ဖြတ်ပြီး သကြားလုံးထည့်တဲ့ခွက် အဖြစ် အသုံးပြုနိုင်ပါတယ်။

၃။ နကျီကောင်ဖမ်းတဲ့ ထောင်ချောက်အဖြစ် အသုံးပြုနိုင်သည်။

၄။ လှပတဲ့ ပလတ်စတစ် ပန်းအိုးအဖြစ် ပြုလုပ် အသုံးပြုနိုင်သည်။

၅။Laptopထည့်အိတ် အဖြစ်လည်း ပလတ်စတစ်အဟောင်းများကို  စုပြီး သုံးနိုင်သည်။

၆။ နို့ထည့်တဲ့ ခွက်ကြီးကို ချစ်စရာကောင်းတဲ့ ပန်းစိုက်အိုးအဖြစ် အသုံးပြုနိုင်သည်။

၇။ ပလပ်စတစ်ဘူးရဲ့ အဖုံးကိုဆေးထည့်ခွက် သို့မဟုတ် အပ်စိုက်ခုံအဖြစ် အသုံးပြုနိုင်သည်။

၈။ ပါတီပွဲအတွက် မီးအိမ်အဖြစ် ပြန်အသုံးနိုင်သည်။

၉။ ပလတ်စတစ်ဘူးကို လက်ကိုင်ကတော့အဖြစ် ပြန်လည် အသုံးပြုနိုင်သည်။

ကိုခွန်(စိုက်ပျိုးရေး) မှ ဆီလျော်အောင် ဘာသာပြန်သည်။

Source- wikihow


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်