Virus တွေ ဘယ်လိုကူးသလဲ

30/04/2020 12:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 လူကုတဲ့ ဆရာဝန်ကြီးတော့မဟုတ် အပင်လေးတွေတော့ ကုဖို့ နားလည်ထားရင် အကောင်းဆုံးပေါ့။ အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဗိုင်းရပ်စ်တွေက တစ်ပင််နဲ့ တစ်ပင်ကို ဘယ်လိုကူးသလဲဆိုတာကို တင်ဆက်ပေးမှာနော့်

(စိုက်နည်းပျိုးနည်းတွေကနေ ကူးတယ်။ ကိုင်းကူးတာ အဖူးကူးတာ ကိုင်းစိုက်တာ စတဲ့ စိုက်ပျိုးနည်းလမ်းတွေမှာ ဗိုင်းရပ်စ် ကူးစက်ပြီးသားကိုင်းကို ကူးမိတယ် အဖူးကို ယူသုံးမိတယ်ဆိုရင် ဗိုင်းရပ် ကူးပါပြီလေ။ အဲ့လိုပါ။

() နွယ်ပင်တွေ။ တချို့ နွယ်ပင်တွေက ကပ်ပေါက်ပြီး အပင်တစ်ပင်ကနေ တစ်ပင်ကို ကူးစက်ယှက်နွယ်ပေါက်ကြတာကလား။ အဲ့လိုဆိုလည်း အဲ့အပင်တွေရဲ့ အစာကြော ရေကြောကနေ တစ်ဆင့် မရှိတဲ့ အပင်တွေဆီကို ရှိတဲ့ အပင်ကနေ ကူးပြီပေါ့။ ကြားပွဲစား က ဖြန့်တာပါ။

(လှုံဆော်မှုတွေ ရှိလို့။ လေပြင်းပြင်းတိုက်လိုက်လို့ ဗိုင်းရပ်စ်တွေ လွှင့်ပြီး နောက်တစ်ပင်ကို ကပ်သွားတာမျိုး။ သုံးတဲ့ ဂေါ်ပြား ထွန် ထယ်တွေကနေ ကူးတာမျိုး။ အပင်တွေ ထိခိုက်မိလို့ ကူးတာမျိုးတွေပါပြီးတော့ အာလူးပင်တွေမှာ ကျတဲ့ ဗိုင်းရပ်စ်ပိုးတွေ အများစုက အဲ့လိုနည်းနဲ့ ကူးစက်တတ်ကြပါတယ်။

(ပင်ရည်။ ဗိုင်းရပ်စ် လေးတွေက သေးလွန်းတာကြောင့် အပင်တွေက ထွက်တဲ့ ပင်ရည်တွေမှာ ပါပါတယ်။ ပင်ရည်ကိုစုပ်စားတဲ့ ပျလိုအကောင် သရစ်လို အကောင်တွေ ကနေလည်း ရောဂါ မရှိတဲ့ အပင်တွေဆီကို ကူးစက်နိုင်ပါတယ်။

(မျိုးစေ့ကနေ ကူးတယ်။ မျိုးစေ့မှာ အောင်းနေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးတွေက အမျိုးပေါင်း (၁၀၀လောက်တောင် ရှိပါတယ်။ အဲ့လို ကူးစက်ပျံ့နှံ့နိုင်မှုတွေက လက်ခံပင်တွေနဲ့ ဗိုင်းရပ်စ် တွေရဲ့ ပေါင်းစပ်ပုံနဲ့ ဆိုင်ပါတယ်။ ပဲပုတ်မှာ အကွင်းအကွက်တွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ ကူးစက်နိုင်စွမ်းက ၁၀၀ ရာခိုင်နှုန်း ကူးစက်ပျံ့နှံ့နိုင်ပေမဲ့လို့ ဘာလီပင်က Stripe mosaic ဗိုင်းရပ်စ် ကတော့ တစ်ဝက်လောက်ပဲ ကူးချင်ကူးမှာပါ။

(ဝတ်မှုန်တွေကနေလည်း ကူးတယ်။ ဗိုင်းရပ်စ်ရောဂါ ရှိနေတဲ့ အပင်ကနေ ပန်းလေးတွေပွင့်လာတဲ့အဆင့်ထိရောက်လာမယ်ဆို သူတို့က ဝတ်မှုန်တွေထိ တက်နိုင်ကြပါတယ်။ ကိုယ့်ဘာသာ ပင်တည်းဝတ်မှုန်ကူးတဲ့ အပင်မျိုးဆိုရင်တောင် ဝတ်မှုန်လေးတွက လွှင့်တတ်ပါသေးတယ်။ ပင်ခြားဝတ်မှုန်ကူးတယ်ဆိုရင်တော့ သေပြီ ဆရာပဲ။ အဲ့ဝတ်မှုန်လေးတွေကို စီးပြီး ကိုကိုဗိုင်းရပ်စ် မမဗိုင်းရပ်စ်တွေက ခရီးသွားကြသေးတာ။

(အင်းဆက်တွေကနေ ကူးတယ်။ ပင်ရည်စုပ်စားတဲ့ ပျ သရစ် ယင်ဖြူ ဂျပိုး စတဲ့ အကောင်လေးတွေက ပင်ကို စားတယ် ကိုက်ဖောက်တယ် ပင်ရည်တွေက သူတို့ကိုယ်ခန္ဓာထဲကို ပါသွားတယ်။ နောက်တစ်ပင်ကို ကူးတယ်။ သူတို့ ခန္ဓာကိုယ်ကရော ပါးစပ်ထဲကရော ကူးစက်ရော။ အဲ တချို့ဗိုင်းရပ်စ်တွေက အမေကြီးဆီကနေ မွေးလာတဲ့ သားသားမီးမီး အင်းဆက်လေးတွေဆီကိုတောင် ပါသွားပြီးတော့ အပင်တွေဆီကို ပျံ့နှံ့နိုင်သေးတယ်တဲ့။

(နီမတုတ် တွေကနေ တစ်ဆင့် ကူးတယ်။ နီမတုတ်တွေက အပင်ရဲ့ အမြစ်တွေကို ဖောက်ပြီး ဝင်ကြတယ်ဆိုတော့ အဲ့အပေါက်တွေကနေ နီမတုတ် အကောင်ကြီးတွေကနေ တခြား အပင်တွေကိုလည်း ကူးစက်နိုင်ပါသေးသတဲ့။

() မှိုတွေကနေ ကူးတယ်။ ဗိုင်းရပ်စ်တွေဆိုတာက အရမ်းသေးလွန်းတော့ မျက်စိနဲ့ မမြင်ရတဲ့ မှိုမျှင်လေးတွေကနေတောင် တခြား အပင်တွေဆီကို ရောက်ရှိ ကူးစက်နိုင်ပါသတဲ့။ မြေကြီးထဲက မှိုတွေက ပြန့်ကားပွားများလာပြီး အပင်အမြစ်တွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ပင်ကနေ တစ်ပင်ကို ကူးပါတယ်။ ကဲ ဘယ်လိုကူးပြီ ဆိုတာ သိတော့ ဗိုင်းရပ်စ် ဝင်ပြီဆို အခင်းထဲ ခဏ ခဏ မဝင်ဖို့တို့လိုမျိုး ဆင်ခြင်လို့ ရမယ် ထင်ပါတယ်။ ရောဂါကင်းတဲ့ သီးနှံ အလျှံပယ် ထွက်ပြီး ဈေးကောင်းရကြပါစေဗျာ။

ထွန်းဝင်းကျော်

Reference

Principle of plant nematology, plant bacteriology, and plant Virology pdf

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်