ဒိန်ချဉ်လုပ်နည်း

22/04/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

မသိသေးသောသူများအတွက် ဒိန်ချဉ် လုပ်နည်းလေးတင်ပေးလိုက်ပါတယ်။

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ) လက်ညိုးကိုထည့်ကြည့်လို့အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲထားရမှာပါ။ ၂၄နာရီပြည့်ရင် ဒိန်ချဥ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ခနခနလည်း မမွှေရပါဘူး။ အချဥ်တည်ချိန်မှာ လုံးဝအေးမနေရပါဘူး။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမွမထည်ဘဲ အခန်းအပူချိန်မွာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။

အချိုးအဆကတော့ နွားနို့၁ ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမွာ အကြာကြီးထားလို့ရပါတယ်။

ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်။ အိုးမကပ်ရုံသာ ရေထည့်ပါနော်။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော်။

MyFood Myanmar website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

 

 ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်