အင်းလေးမှ အမျိုးသမီးငါးကြပ်တိုက်လုပ်ငန်းရှင်

06/03/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ငါးဖမ်းလုပ်ငန်းတွင်ပါဝင်လုပ်‌‌ဆောင်နေသည့် အမျိုးသမီးများကဲ့သို့ မသီတာအောင်သည်လည်း COVID-19 ကပ်ရောဂါအတွင်း ကျားမရေးရာအတားအဆီးများကို ရင်ဆိုင်နေရသည်။

မသီတာအောင်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ အင်းလေးကန်မှ လတ်ဆတ်သည့်ငါးအစိုများကို အခြောက်လှန်းပြီး အမြတ်အစွန်းရရှိစေရန် ငါးများကို အရည်အသွေးပြုပြင်ထိန်းသိမ်းကာ ပြန်လည်ရောင်းချနေသူဖြစ်သည်။

ထိုကဲ့သို့သော တန်ဖိုးမြှင့်ငါးထုတ်ကုန်များသည် ငါးလုပ်ငန်းကွင်းဆက်တစ်လျှောက် အမျိုးသမီးများအတွက် အဓိက ဝင်ငွေအခွင့်အလမ်းတစ်ခုဖြစ်သော်လည်း အရေးပေါ်အခြေအနေများတွင် ၎င်းတို့အတွက် အကူအညီအနည်းငယ်သာ ရရှိပြီး ကပ်ရောဂါအတွင်း ကျားမရေးရာအကျိုးဆက်များကိုလည်း သိရှိနားလည်မှု နည်းပါးပါသည်။

မသီတာအောင်အနေဖြင့် အမျိုးသမီး ရေထွက်အစားအစာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် မည်သို့ကျော်ဖြတ်ခဲ့သည်ဆိုခြင်းအပေါ် ဆွေးနွေးထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

မေး။  ။ အသက်မွေးဝမ်းကျောင်းအတွက် ဘာအလုပ်တွေ လုပ်ကိုင်နေလဲ။ လုပ်ငန်းခွင်မှာကော အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။

" ကျွန်မက ကျွန်မအမျိုးသားနဲ့အတူ မိသားစုလုပ်ငန်းဖြစ်တဲ့ ငါးကြပ်တိုက်ပြီး ဈေးကွက်တင်ပို့ရောင်းချတဲ့ အလုပ်ကို ဦးဆောင်လုပ်ကိုင်နေပါတယ်။ ဒီစီးပွားရေးက ကျွန်မတို့ရဲ့ အဓိက ဝင်ငွေအရင်းအမြစ် ဖြစ်ပါတယ်။ ငါးက ကျွန်မတို့ရဲ့ အဓိကလုပ်ငန်းအတွက်သာမက နေ့စဉ်လုပ်ငန်းတာဝန်‌တွေကို ပြီးမြောက်အောင် ကူညီပေးတဲ့ အဓိက အာဟာရအရင်းအမြစ်တစ်ခုလည်းဖြစ်တာကြောင့် ကျွန်မတို့မိသားစုအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်မတို့က အင်းလေးကန်အနီးတဝိုက်က ဒေသမှာ လူသိများတဲ့ အာဟာရတန်ဖိုးမြင့် ဒေသငါးခူ‌လေးကို အဓိကထားပြီး လုပ်ကိုင်နေပါတယ်။ ကျွန်မရဲ့တာဝန်တစ်စိတ်တပိုင်းကတော့ အင်းလေးကန်က ဒီ ငါးစိုပေးသွင်းတဲ့ ဒေသခံ ငါးဖမ်းသမားများနဲ့ ပြောဆိုဆက်ဆံရတယ်။ နောက်ပြီး ငါးကြပ်တိုက်ဖို့ အသုံးပြုမဲ့ ကုန်ကြမ်းနှင့် အခြားသွင်းအားစု‌တွေအတွက် ငွေပေးချေတဲ့ ကိစ္စရပ်‌တွေကို ညှိနှိုင်းရတယ်။ ကျွန်မကြုံတွေ့ရတဲ့ အခက်ခဲဆုံးကိစ္စကတော့ ဖောက်သည်နဲ့ လက်ကားရောင်းချတဲ့ သူတွေဆီက ငွေပေးချေမှုဖြစ်ပြီး၊ ဒါကလည်း ပို့ဆောင်ဆက်သွယ်ရေးအပိုင်း အခက်အခဲ‌ကြောင့်လဲ ရှိနေပါတယ်။ အများအားဖြင့်တော့ လုပ်ငန်းခွင်မှာ ဒီ ပို့ဆောင်ရေးအပိုင်းကို အမျိုးသမီးတွေက လုပ်‌လေ့မရှိတာလည်း ဖြစ်တယ်။

မေး။  ။ ရေထွက်အစားအစာထုတ်လုပ်သူတွေအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ တိုးတက်လာဖို့ဆိုရင် ဘယ်လို အထောက်အပံ့မျိုးတွေ လိုအပ်လဲ။

ပုဂ္ဂလိကကဏ္ဍ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကျွန်မတို့လို ရေထွက်အစားအစာထုတ်လုပ်သူတွေကို လောင်စာသက်သာပြီး အရည်အသွေးကောင်းတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်မဲ့ နည်းပညာများကို ရင်းနှီးပေးပြီး ပံ့ပိုးစေလိုပါတယ်။ ဒါက ကျွန်မတို့ထုတ်ကုန်များရဲ့ အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်ဈေးနှုန်းအတက်အကျကိုလည်း ခံနိုင်ရည်ရှိစေပါတယ်။

အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ပိုမိုဝန်ဆောင်ပေးနိုင်ဖို့ ဈေးကွက်အသစ်တွေ၊ ပိုမို ခိုင်မာတဲ့ချိတ်ဆက်မှုတွေ ရရှိနိုင်အောင်လည်း အကူအညီလိုအပ်ပါတယ်။ USAID ရဲ့ ရန်ပုံငွေနဲ့၊ WorldFish က ဦးဆောင်လုပ်ကိုင်နေတဲ့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက ကျွန်မတို့အတွက် ငါးကြပ်တိုက်ထုတ်လုပ်ဖို့ မီးဖိုကို အဆင့်မြှင့်တင်ပေးတာကတော့ ကျွန်မတို့ကံကောင်းပါတယ်။

မေး။  ။ မိရိုးဖလာမီးဖိုထက် ဒီ အဆင့်မြှင့်ထားတဲ့ မီးဖိုကို အသုံးပြုရတာ ဘယ်လို အကျိုးကျေးဇူးမျိုး ရရှိပါသလဲ။

ဒီ အဆင့်မြှင့်ထားတဲ့ မီးဖိုက အကျိုးကျေးဇူး အများကြီးပေးပါတယ်။ မိရိုးဖလာမီးဖိုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ထင်း၊ ပြောင်းရိုးနဲ့ လွှစာမှုန့်တွေကို လောင်စာအဖြစ် အနည်းငယ်ပဲ အသုံးပြုရတဲ့အတွက် ပိုမိုထိရောက်တယ်။ ပြီးတော့ ငါးကြပ်တိုက်တဲ့ အချိန် ၁၂ နာရီကြာကနေ ၄ နာရီအထိ၊ သုံးပုံ နှစ်ပုံလောက် လျှော့ချပေးတဲ့အတွက် အရင်ကထက် သုံးဆထုတ်လုပ်လာနိုင်ပြီး ဝင်ငွေတိုးစေပါတယ်။

အသိသာဆုံးကတော့ ဖိရိုးဖလာမီးဖိုထက် အပြင်ဘက်ကို မီးခိုးထွက်တာ နည်းပါးလာတယ်၊ လေကောင်းလေသန့် ပိုမို ရရှိပြီးတော့ လုပ်ငန်းခွင်မှာ ကျန်မာရေးအတွက် ပိုမို အကျိုးပြုလာပါတယ်။ ဒီနည်းပညာအကူအညီနဲ့ ကျွန်မတို့ဖောက်သည်တွေကို ပိုမိုကောင်းမွန်ပြီး ဘေးကင်းလုံခြုံတဲ့ ထုတ်ကုန်တွေကို ပေးနိုင်ပါပြီ။

ကျွန်မတို့ရဲ့ နေအိမ်စိုက်ခင်းတွေကိုလည်း ပြာနဲ့ ဘယ်လိုနည်းလမ်းသုံးပြီး မြေဩဇာကျွေးလို့ရလဲဆိုတဲ့ အကြံပြုချက်တွေကို သိချင်ပါသေးတယ်။

မေး။  ။ နေ့စဉ်ကြုံတွေ့နေရတဲ့ တချို့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်နေပါသလဲ။

ကျွန်မတို့က မိုဘိုင်း ငွေပေးချေမှု၊ အွန်လိုင်း ဘဏ်ငွေလွှဲပြောင်းမှုဖြစ်တဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်လေးကို ကျင့်သုံးနေပါတယ်။ ငါးပေးသွင်းသူ၊ ဖောက်သည်နဲ့ လက်ကားရောင်းချသူ အများစုက ငွေသားနဲ့ ပေးချေရခြင်းထက် ဒီနည်းလမ်းအသုံးပြုရတာကို ပိုနှစ်သက်ပါတယ်။

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းအားဖြင့် ယခုအခါမှာ အဖိုးတန်နည်းပညာတွေကို မြန်မာ ဘာသာဖြင့် ရယူနိုင်ပြီ။ အနီးအနားကျေးရွာများကနေပြီးတော့ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းက အစိမ်းရောင်လမ်း၊ ထွက်တိုးနှင့် ရွှေငါး လိုမျိုး စိုက်ပျိုးရေးနှင့်ရေလုပ်ငန်း အပလီကေးရှင်းများအကြောင်းကို ကြားသိရပါတယ်။ အဲဒီ မိုဘိုင်း အပလီကေးရှင်းတွေကြောင့် ငါးရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ Market actor တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။

နောက်ပြီး ငါးလုပ်ငန်းနည်းပညာများနဲ့ သတင်းအချက်အလက်များကို မြန်မြန်ဆန်ဆန် မျှဝေနိုင်၊ သင်ယူနိုင်၊ ဖလှယ်နိုင်ရုံသာမက နောက်ဆုံးရသတင်းများ၊ ဆောင်းပါးများနှင့် ဒေသဆိုင်ရာ ဈေးနှုန်းများကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ကျွန်မက ရေထွက်အစားအစာကဏ္ဍမှ အမျိုးသမီးတစ်ဦးအနေနဲ့ ထုတ်လုပ်မှု၊ ဈေးကွက်တင်ရောင်းချခြင်းနဲ့ ကုန်ချောပစ္စည်းများပေးပို့ခြင်း စတဲ့ လုပ်ငန်း လည်ပတ်မှုတိုင်းအတွက် ငွေကြေးစီးဆင်းဖို့ရာ ဘဏ္ဍာရေးဆိုင်ရာအတားအဆီးကို ကျော်လွှားနိုင်ခဲ့ပါတယ်။

(WorldFish အနေဖြင့် ရေထွက်အစားအစာကဏ္ဍတွင် ပါဝင်နေသည့် သန်းနှင့်ချီသော အမျိုးသမီးနှင့်အမျိုးသားများ၊ အထူးသဖြင့် အသေးစားငါးပြုပြင်ထုတ်လုပ်သူများနှင့် ငါးမွေးမြူသူများ၏ အကြောင်းအရာများကို ရေးသားဖော်ပြရန်နှင့် အစားအစာနှင့်အာဟာရ‌ဘေးကင်းလုံခြုံရေးတွင် ငါးလုပ်သားတို့၏ပါဝင်ကူညီမှုများကို ဂုဏ်ပြုရန် ရည်ရွယ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်