မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၃)

08/01/2023 11:00 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်ရွာမှာ အခြေစိုက်ပြီး တောင်သူအကျိုးပြု လူမှုအခြေပြုစီးပွားရေးလုပ်ငန်းဦးဆောင်လုပ်ကိုင်နေတဲ့ Borderless Myanmar ရဲ့  CEO ဂျပန်လူငယ်လေးတိုမိုဆီမှာ မျှော်လင့်ချက်အိပ်မက်တွေ များစွာရှိနေပါတယ်။

သူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်က စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ထောင်ကိုမွေးထုတ်ပြီး ကုမ္ပဏီတစ် ထောင်အိပ်မက်ပါ။ လက်ရှိမှာတော့ တစ်နေရာတည်းမှာ စိုက်ပျိုးရေးသွင်းအားစု၊ အရင်းအနှီး၊ နည်းပညာတွေ ရနိုင်မဲ့ One stop service ဆိုင်တွေ ၆ ဆိုင် ဖွင့်ထားပြီးပါပြီ။

ဒါပေမဲ့ အဲ့ဒီ One stop service ဆိုင်တွေကနေ သူပေးချင်တာက ဒါတွေချည်းမဟုတ်ပါဘူး။ ကျန်းမာရေးကစလို့ နိုင်ငံခြားအလုပ်သွားလုပ်ချင်တဲ့သူတွေအထိ အလိမ်မခံရအောင် သတင်း အချက်အလက်တွေပေးချင်တာ၊ နောက်ဆုံး မတတ်နိုင်သူတွေကို ပညာသင်ထောက်ပံ့ကြေးပေး ချင်တာမျိုးတွေထိ ပါဝင်ပါတယ်။ နောက်ထပ် အကြီးမားဆုံးမျှော်လင့်ချက်တစ်ခုလည်း ရှိပါ သေးတယ်။

ဆိုတော့ သူဘာတွေ ပြောထားသလဲဆိုတာကို အခု အပိုင်း(၃) မှာ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

မေးခွန်း (၃)။   ။ အနာဂတ်မှာ ဒီ One Stop Service တွေနဲ့ပတ်သက်ပြီး ဘယ်လိုပိုကောင်းအောင်ဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးရှိမယ်ဆိုရင်လည်း ပြောပြပေးပါဦး။ 

ဖြေ။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ဟာပေါ့နော်။ ကျွန်တော်တို့အိပ်မက်လို့ပြောရမလားပေါ့။ အဲ့ဒါ ကျွန်တော်တို့က အဓိကသုံးခုပေါ့။ နံပါတ်တစ်တစ်ချက်ကဘာလဲဆိုတော့ တစ်နိုင်ငံလုံး သွားချင်တယ်။ ကျွန်တော်တို့က အခု ရှမ်းပြည်မှာ ၆ ဆိုင်ပဲရှိတာပေါ့နော်။ ဒါပေမဲ့ အခုလက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူနေရာတိုင်းပေါ့၊ အခက်အခဲကတော့ သိပ်မကွာဘူးလို့ထင်တာပဲ။ အခုရွာတွေသွားတာ များလာပြီ၊ အရင်တုန်းကတော့ ကရင်ပြည်နယ်မှာ ကျွန်တော်နေခဲ့တာကိုး။ အခုရှမ်းပြည်မှာပေါ့။ ဘယ် နေရာသွားသွားပြဿနာကတော့ တူနေတယ်လို့ မြင်ရတယ်။

အဲ့ဒါကြောင့်မို့လို့ Agri Service Center ပေါ့။ One Stop Service Center ပေါ့။ ကျွန်တော်ကတော့ တစ်နိုင်ငံလုံးကို သွားချင်တယ်။  ဘယ်မြို့နယ် သွားသွား Agri Service Center ရှိတယ်။ ဒီရှမ်းပြည်မှာရှိတဲ့ တောင်သူတွေပဲ အဆင်ပြေတာမဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့တောင်သူတွေ အဆင်ပြေတယ်ပေါ့။ အဲ့ဒါက ကျွန်တော်တို့ရဲ့ အိပ်မက်တစ်ခုပေါ့။

ဒုတိယတစ်ချက်က ဘာလဲဆိုတော့ ဒီဝန်ဆောင်မှု။ အခုက ကျွန်တော်တို့က ရှမ်းပြည်မှာ ၆ ဆိုင် ရှိတယ်။ ဒါပေမဲ့ One Stop ဆိုပေမဲ့ လုံးဝ One Stop တော့ မဖြစ်သေးဘူး။ ပထမဦးဆုံးလုပ်ရမှာက ဘာလဲဆိုတော့ ဒီစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့ လုံးဝ One Stop ဖြစ်အောင်၊ ကျွန်တော်တို့က အခု Financing နဲ့ ပတ်သက်တာရှိတယ်။ နည်းပညာနဲ့ ပတ်သက်တာရှိတယ်။ သွင်းအားစုနဲ့ ပတ် သက်တယ်။ Market နဲ့ ပတ်သက်တယ်။ သီးနှံအရောင်းအဝယ်လည်းရှိတယ်။ စက်ငှားတာလည်းရှိတယ်။ စက်ပစ္စည်းပေါ့။ ဒါပေမဲ့ ဥပမာ Crop Insurance (သီးနှံအာမခံ)ပေါ့။

ဥပမာ တခြား Software ပေါ့။ Green Way တို့လို၊ တခြား ထွက်တိုးတို့လို၊ တောင်သူအသုံးပြုရင်ပိုပြီးတော့ကောင်းတဲ့ဟာ ရှိတာပေါ့။ အဲ့လိုမျိုး ကျွန်တော်တို့က မလုပ်နိုင်သေးဘူးပေါ့။ စိုက်ပျိုးရေးနဲ့ပတ်သက်တာ လုပ်လို့ရတာအများကြီးရှိသေးတယ်။ One Stop လုံးဝမဖြစ်သေးဘူးပေါ့။ အဲ့ဒါကိုကျွန်တော်တို့က အပြည့်အဝ One Stop စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုံးဝ One Stop ဖြစ်အောင် ကျွန်တော်တို့ကကြိုးစားမှ ရမယ်။

အဲ့ဒါကို ကျွန်တော့်စိတ်ကူးက ဘာလဲဆိုတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ One Stop Service အဲ့အဆင့်နဲ့ ကျွန်တော်မပြီးချင်ဘူး။ ဒီ Agri Center ဆိုတာက ရေရှည်ကျတော့ Village Center ဖြစ်မှရမှာ။ အဲ့ဒါက ဘာလဲဆိုတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ ဧရိယာပေါ်မှာ စိုက်ပျိုးရေးတစ်ခုတည်း အခက်အခဲ ဖြစ်နေတာ မဟုတ်ဘဲနဲ့ တခြားအခက်အခဲတွေက အများကြီး။

ဥပမာ ကျန်းမာရေးနဲ့ပတ်သက်လို့ပေါ့။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ  ကျွန်တော်နဲ့ မိတ်ဆွေဖြစ်တဲ့သူနှစ်ယောက် ဆုံးသွားတာပေါ့။ အဲ့အချိန်မှာ ကျွန်တော်ခံစားရတာဘာလဲဆိုတော့ အင်ဖော်မေးရှင်းမရှိဘူးပေါ့။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ရောဂါနဲ့ပတ်သက်တဲ့ တောင်သူကတော့ သိပ်နားမလည်သေးဘူး။ ပြီးလို့ရှိရင် ဆေးခန်းသွားချင်တယ်။ ဆေးခန်းသွားပြီး ဆရာဝန်ရှင်းပြတာကို သိပ်နားမလည်ဘူး။ အဲ့ဒါကျတော့ ဘာလုပ်ရမှာလဲမသိဘူး။ အဲ့လိုမျိုးတွေ ရှိတယ်။

ပြီးတော့ အင်ဖော်မေးရှင်း အပြင်မှာဆိုရင် ပိုက်ဆံပေါ့။ ဥပမာ ဂျပန်နိုင်ငံမှာဆိုရင် ကျွန်တော်တို့ ဂျပန်နိုင်ငံက လူတိုင်း အာမခံဝင်မန်ဘာ။ အဲ့ဒါဆိုတော့ ဆေးခန်းတက်ရင်လည်း သုံးဆယ်ရာခိုင်နှုန်းပဲ ပေးရတာပေါ့။ အဲ့လိုမျိုး အာမခံရှိတာပေါ့။ အဲ့ဒါလည်း မရှိဘူးဗျ။ အဲ့ဒါတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ပေါ့။

တချို့ဟာကျ ဘာရှိလဲဆိုရင် ဥပမာ ထိုင်းနိုင်ငံသွားကြတာများတယ်။ ဂျပန်နိုင်ငံသွားကြတဲ့သူများတယ်။ ဂျပန်နိုင်ငံသွားတဲ့အချိန်မှာ ရှမ်းပြည်က ဟိုးတောင်ပေါ်ရွာပေါ့နော်၊ တောင်ပေါ်ရွာကလူက ဘယ်လိုဆက်စပ်ပြီးတော့ ဘယ်သူနဲ့ချိတ်ပြီးတော့သွားမလဲပေါ့။ ဂျပန်နိုင်ငံက ဂျပန်ကို ထရိန်နင်ဗီဇာနဲ့သွားအလုပ်လုပ်ပါဆို၊ ဒေါ်လာ ၂၈၀၀ ဆိုတော့ တရားဥပဒေက မြန်မာနိုင်ငံမှာ ရှိတယ်။ ဒေါ်လာ ၂၈၀၀ ထက်ပိုပြီးတော့ ပေးစရာမလိုဘူး။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်း မေးလိုက်လို့ရှိရင်တော့ ဘယ်လောက်ပေးရလဲ၊ သိန်းနှစ်ရာ၊ သိန်းတစ်ရာ့ငါးဆယ်။ အမှန်ဆို အဲ့လောက်ကြီးပေးစရာမလိုဘူး။ အဲ့လိုမျိုး အလိမ်ခံရတာတွေရှိတယ်။

အဲ့လိုမျိုး ကျန်းမာရေးနဲ့ ပတ်သက်လို့ရော၊ တစ်ခြားဟာနဲ့ပတ်သက်လို့ကောပေါ့ အကုန်လုံး Village Center ကနေပြီးတော့ ဝန် ဆောင်မှုပေးချင်တယ်။ ဥပမာ ဂျပန်သွားချင်တဲ့သူတစ်ယောက်ရှိတယ်၊ ဟုတ်ပြီ၊ ကျွန်တော်တို့ ဂျပန်စင်တာကို ရောက်လာ၊ Village Center ကိုလာ၊ အဲ့ဒါဆိုရင် ဘယ်လိုပုံစံနဲ့ ဂျပန်ကိုသွားရမလဲ၊ ဘယ်မှာ သင်တန်းတက်လို့ရမလဲ၊ အေးဂျင့်က ဘယ်အေးဂျင့်နဲ့ ချိတ်ရမလဲပေါ့၊ အဲ့လိုမျိုး အင်ဖော်မေးရှင်းတွေ အပြည့်အဝရှိတယ်။ အဲ့ဒါဆိုရင် ရွာမှာနေတဲ့သူက အလိမ်ခံရတာမျိုး အဲ့လိုမျိုးတွေ မရှိတော့ဘူးပေါ့။ ဥပမာ တစ်ခြားဟာနဲ့ပတ်သက်တယ်ဆိုရင် ဥပမာ အာမခံပေါ့။ ကျွန်တော်တို့ Agri Center ဖွင့်ထားတဲ့ နေရာတော်တော်များများက လူဦးရေ ၉၀ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းလောက်က တောင်သူတွေဖြစ်နေတာအတွက် တော်တော်များများ ကျွန်တော်တို့က သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့အခုက ဒီမလုပ်ပေးနိုင်တာက ဘာလဲဆိုတော့ Health Insurance ပေါ့။ ဒီကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာမခံချက်ပေါ့။ အဲ့လိုမျိုးလည်း Agri Center ကနေပြီးတော့ လုပ်ချင်တယ်။ တခြားဟာ ဘာလဲဆိုရင် Scholarship၊ ဆယ်တန်းတက်ချင်တယ်၊ တက္ကသိုလ်တက်ချင်တယ်။ ဒါပေမဲ့ မိဘက ပိုက်ဆံမထောက်ပံ့နိုင်ဘူး။ အဲ့လိုမျိုးကလေးတွေအတွက် ကျွန်တော်တို့က စကောလားရှစ် ပေးနိုင်မလားပေါ့။ အဲ့လိုမျိုးပေါ့နော်။

တခြားဆို ဥပမာ ကျွန်တော်တို့ဆီမှာ ဆန်လည်းမရှိသေးဘူး၊ ဆီလည်း မရှိသေးဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ Agri Center က ဥပမာ ဧရာဝတီကို သွားဖွင့်လိုက်ပြီဆိုရင် ဧရာဝတီက တောင်သူစိုက်တဲ့စပါးကို ရှမ်းပြည်ကိုလာရောင်းပေးလို့ ရှမ်းပြည်ကလူက ဈေးသက်သာနဲ့ ဆန်စားလို့ရတာပေါ့။ အဲ့လိုမျိုးပုံစံနဲ့ပေါ့နော်။ ဥပမာ ကရင်ပြည်နယ်မှာ တစ်ခုခုစိုက်ကြတယ်ပေါ့။ ဥပမာ မြင်းခြံဘက်မှာ ကြက်သွန်အနီစိုက်ကြတယ်။ ဒီရှမ်းပြည်ကတော့ ကြက်သွန်အဖြူစိုက်ကြတယ်။ အဲ့ဆိုရင် မြင်းခြံမှာ ဂျပန်ဆိုင်ရှိရင်  ဟိုဘက်ကကြက်သွန်နီကို ဒီဘက်ကိုပို့လိုက်၊ ကျွန်တော်တို့ ရှမ်းပြည်က ဂျပန်ဆိုင်ကနေပြီးတော့ ကြက်သွန်အဖြူပြန်ပို့လိုက်မယ်။ အဲ့ဒါဆိုရင် Supply Chain ကပိုပြီးတော့တိုသွားမှာပေါ့။ အဲ့ဒါဆိုရင်တော့ ဝယ်တဲ့သူလည်းအဆင်ပြေသွားမယ်။ ရောင်းတဲ့သူတွေ လည်း အဆင်ပြေသွားမယ်။ အဲ့ပုံစံနဲ့ အခုလက်ရှိစိုက်ပျိုးရေးနဲ့ပတ်သက်တာပဲ လုပ်နေတယ်။

ဒါပေမဲ့ အဲ့ဒါကို Village Center ဒီစင်တာကို လာလို့ရှိရင်စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့တစ်ခုတည်း မဟုတ်ဘဲနဲ့ ဘာဖြစ်ဖြစ်အင်ဖော်မေးရှင်းရတယ်။ ပြောမယ်ဆိုရင် ရန်ကုန်မှနေတဲ့သူရနိုင်တဲ့ အင်ဖော်မေးရှင်းနဲ့ အခွင့်အရေးနဲ့ ဟိုးရှမ်းပြည်က တောင်ပေါ်ရွာမှာ နေတဲ့သူရယ်၊ ရနိုင်တဲ့အခွင့်အရေးနဲ့ အတူတူပဲ ဖြစ်စေချင်တယ်။ အဲ့ဒါက ကျွန်တော်ပြောတဲ့ ဒုတိယအချက်ပေါ့နော်။ အိပ်မက်တစ်ခုပေါ့။

တတိယတစ်ချက်က ဘာလဲဆိုတော့ အခုက မြန်မာနိုင်ငံရဲ့ဖြစ်တဲ့ဟာပေါ့။ ကျွန်တော်ကတော့ စိတ်တော့ မကောင်းဘူးပေါ့။ ဘာလဲဆိုတော့ ကျွန်တော်က အရင်တုန်းက ကရင်ပြည်နယ်မှာ နေဖူးတယ်။ ကရင် ပြည်နယ်မှာနေဖူးတယ်ဆိုရင် ဥပမာ တချို့ ဒီလူမျိုးနဲ့ ဒီလူမျိုးနဲ့ တိုက်တာဆိုတာရှိတာကိုး။ ဗမာနဲ့ကရင်နဲ့ဆိုရင် တစ်ခါတလေမတည့်တာမျိုး၊ အဲ့လိုမျိုးပေါ့နော်။ ကျွန်တော်က လူတစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်လို့ရှိရင် အဲ့လိုတော့ မဖြစ်ဘူးထင်တယ်။

 

ဒါပေမဲ့ ဒီ Mindset ထဲမှာဆိုရင် ဟိုလူမျိုးက ဘယ်လိုကြီးလဲ၊ ဒီလူမျိုးကဘယ်လိုကြီးလဲဆိုတဲ့ Mindset က လူတိုင်းစိတ်ထဲမှာ ရှိတယ်ထင်တယ်။ ကျွန်တော်ရှမ်းပြည်မှာနေရင် အဲ့လိုခံစားရတယ်။ တစ်ခါတလေ ပအိုဝ်းရွာသွားရင် ဘာလူမျိုးလဲ၊ ဘာလဲ၊ ဘာလဲပြောကြတယ်။ ရှမ်းရွာသွားရင်လည်း ဘာလူမျိုးက ဘာလဲ၊ ဘာလဲပြောကြပေါ့။  အဲ့ဒါကို ကျွန်တော်က အစိုးရလည်းကြိုးစားမှာပါ။ အစိုးရကလည်း တစ်နိုင်ငံလုံးက ပိုပြီးတော့ Unity ဖြစ်အောင်ပေါ့။ ကြိုးစားပေမဲ့ ကျွန်တော်ကတော့ အောက်ခြေကနေပြီးတော့ အဲ့ဒါကိုကြိုးစားချင်တယ်။

ပိုပြီးတော့ ဘာသာမဟုတ်ပဲနဲ့ လူမျိုးပေါ့။ လူမျိုးပေါင်းစုံ တကယ့် Unity ဖြစ်အောင်ပေါ့။ မြန်မာနိုင်ငံကတကယ် One Country ဖြစ်အောင်ပေါ့။ လုံးဝ Mindset က One Country ဖြစ်အောင်ပေါ့။ အဲ့ဒါကိုကျွန်တော်က Borderless Link ကိုသုံးပြီးတော့ လုပ်နိုင်မလားပေါ့။ အဲ့ဒါကိုဘာလဲဆိုတော့ Borderless Link ရဲ့ ဂျပန်ဆိုင်၊ စိုက်ပျိုးရေးဆိုင်ပေါ့နော်။ Village Center စိုက်ပျိုးရေးစင်တာက နေရာတိုင်းမဖွင့်ပါဘူး။ ကချင်မှာလည်း ရှိတယ်။ ကရင်မှာလည်းရှိတယ်။ ချင်းမှာလည်းရှိတယ်။ ရခိုင်မှာလည်းရှိတယ်။ စစ်ကိုင်းမှာလည်းရှိတယ်။ အဲ့ဒီလိုဆိုရင် ဒီမှာအလိုလိုနဲ့ ခုနပြောတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်တဲ့ ဒေသလူငယ်ပေါ့နော်၊ သူတို့က စိတ်ထဲမှာ ငါ Borderless Link ဝန်ထမ်း၊ ကချင်ပြည်နယ်မှာရှိတဲ့ဆိုင်ဝန်ထမ်းလည်း ငါ Borderless ဝန်ထမ်းပဲ။ အဲ့ချိန်မှာဆိုရင် တစ်နှစ်တစ်ခေါက် ဝန်ထမ်း အကုန်စုလိုက်။ အဲ့ဆို ကချင်လည်းပါတယ်၊ ကရင်လည်းပါတယ်၊ ချင်းလည်းပါတယ်။ ငါတို့လူမျိုး ဘာညာမဆိုင်တော့ဘူးဆိုတဲ့ခံစားချက်တစ်ခုဝင်သွားရင် Borderless Link ရဲ့ ဒီဆိုင်ကနေပြီးတော့ ပြောင်းပြန်ပေါ့။ ရွာကလူကိုလည်း နည်းနည်းနားလည်အောင် ရှင်းပြနိုင်မယ်။ တခြားသူကိုလည်း နည်းနည်း သဘောပေါက်အောင် လုပ်နိုင်မှာပေါ့။ အဲ့လိုမျိုးတစ်နိုင်ငံလုံးမှာ ဂျပန်ဆိုင်ရှိနေတဲ့အချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့လူမျိုးကို ကျွန်တော်တို့က Link ပေါ့။ ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ Link တစ်ခုတည်းမဟုတ်ပဲနဲ့ တစ်နိုင်ငံလုံးကို Link ဒီလိုလူမျိုးပေါင်းစုံ Link အဲ့လိုမျိုးပုံစံနဲ့ ကျွန်တော်တို့ လုပ်နိုင်မလားပေါ့။ အဲ့ဒါဆိုရင်တော့ ဒီနိုင်ငံက ငြိမ်းချမ်းမှုတွေ မရှိသေးဘူးပေါ့နော်။ နည်းနည်းငြိမ်းချမ်းလာပြီးတော့ တစ်နိုင်ငံလုံးအဆင်ပြေအောင်ပေါ့။ အဲ့လိုမျိုးဟိုဘက်နဲ့ ဒီဘက်တိုက်တာမျိုး မရှိအောင်ပေါ့။ ဒီ Peace ဖြစ်အောင်ပေါ့။ အဲ့လိုမျိုးဖြစ်လာမလားပေါ့။ အဲ့ဒါ ကျွန်တော့်ရဲ့ တတိယ အိပ်မက်ပေါ့။ အဲ့ဒါတော့အကြီးကြီးပေါ့။ ဒါကတော့ ကျွန်တော့ရဲ့ အိပ်မက်တစ်ခုပေါ့။

Photos crd_Borderless Link

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်