မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၂)

05/01/2023 11:41 AM တွင် ဂျာနူး ဂျာနူး မှ ရေးသား

မစ္စတာတိုမိုဟာ မြန်မာနိုင်ငံမှာ လာရောက်အခြေချပြီး တောင်သူအခြေပြု လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းလုပ်နေတဲ့ အသက် ၃၀ ဝန်းကျင် ဂျပန်ဖွားလူငယ်တစ်ဉီးပါ။ သူဘာကြောင့် ဒီလိုမျိုး မြန်မာနိုင်ငံကိုလာနေပြီး ဒီလိုအလုပ်လုပ်နေရတာလဲဆိုတဲ့အကြောင်းကို အပိုင်း(၁) မှာ ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ ဖတ်ရှုလိုပါက အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://bit.ly/3GGTx8T

သူ့ရည်ရွယ်ချက်က Borderless Myanmar အနေနဲ့ ကုမ္ပဏီတစ်ထောင်ဖွဲ့နိုင်ဖို့ပါ။ ဆိုတော့ ဖြစ်နိုင်ပါ့မလားလို့ ထင်မြင်စရာပါ။ တကယ်တော့ သူက ဒီလိုလူမှုအခြေပြုစီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် ၁၀၀၀ ကို ရှာဖွေလက်တွဲပြီး အိပ်မက်ကို အကောင်အထည်ဖော်သွားချင်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ နောက်ထပ်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အခု အပိုင်း(၂) မှာတော့ Borderless Link ကုမ္ပဏီရဲ့  One Stop Service  တွေကို ဘယ်လိုပုံစံ၊ ဘယ်လိုစံနှုန်းတွေနဲ့ တည်ထောင်ထားသလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

မေးခွန်း(၂)။   ။ အခုဆိုရင် Borderless Link ကုမ္ပဏီရဲ့  One Stop Service က သာမန်ကြည့်လိုက်ရင် မြန်မာပြည်မှာလည်း ဒီလိုဆိုင်တွေရှိတယ်။ ဒီထက်တောင်မှပဲ စုံရင်စုံဦးမယ်။ ဒေသတွင်းမှာရှိတဲ့ တစ်ခြားဆိုင်တွေနဲ့မတူတဲ့ မစ္စတာတိုမိုတို့ရဲ့ One Stop Service ပုံစံရဲ့ အဓိကအနှစ်သာရဆိုရင် ဘာဖြစ်မလဲ။ 

ဖြေ။   ။ အဲ့ဒါက အဓိက ကျွန်တော်တို့ရဲ့ဆိုင်ရဲ့ Promise ပေါ့၊ ကတိပေးချက်ပေါ့၊ လေးခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ နည်းပညာပေးမယ်။ တောင်သူကို နည်းပညာပေးမယ်။ ဒီတစ်ခု၊ နောက် တစ်ခုက အာမခံရမယ်။ ပစ္စည်းက အကုန်လုံးအမှန်အကန်တွေ ပါရမှာပေါ့။ နောက် သုံးအချက်က ဘာလဲဆိုတော့ ပစ္စည်းစုံမှရမယ်။ တောင်သူရချင်တဲ့ပစ္စည်းအကုန်ရှိမှရမယ်။ နံပါတ်လေးအချက်ကဘာလဲဆိုတော့ ဈေးအသက်သာဆုံးဖြစ်နေမှရမယ်။ အဓိကဒီလေးချက်ပေါ့နော်။ ဥပမာ ကျွန်တော်တို့က နံပါတ်တစ် အချက် နည်းပညာပေးမှရမှာဆိုတော့ ဘာလဲဆိုတော့ ကျွန်တော်တို့က အခုစိုက်ပျိုးရေးကျောင်းဆင်းတဲ့သူက အယောက် ၃၀ လောက် ရှိတယ်။ စိုက်ပျိုးရေးကျောင်းမဆင်းတဲ့သူက အယောက် ၃၀ လောက်ရှိတယ်။ တစ်ဝက် တစ်ဝက်စီပေါ့။ 

ကျွန်တော်တို့ရဲ့ ခုနပြောတဲ့ကတိပေးချက်လေးချက်ပေါ့နော်။ နံပါတ်တစ်က နည်းပညာနဲ့ ပတ်သက်လို့ပေါ့၊ နည်းပညာနဲ့ပတ်သက်လို့တော့ ဘာလဲဆိုတော့ ကျွန်တော်တို့က ဆိုင်မှာ ဝန်ထမ်းခန့်ထားတာပေါ့။ ဝန်ထမ်းခန့်ထားတာက တစ်ဆိုင်ကို ပုံမှန် ၃ ယောက်ရှိတယ်။ အဲ့ဒါက သူတို့က အထိုင်အလုပ်လုပ်တဲ့သူပေါ့နော်။ သူတို့ကဘာလုပ်လဲဆိုတော့ ကျွန်တော်တို့က ရုံးမှာ စိုက်ပျိုးရေးကျောင်းဆင်းက အယောက်ခြောက်ဆယ်လောက်ရှိတယ်။ နောက်ပြီးတော့ စိုက်ပျိုးရေးရုံးကနေ ပင်စင်ယူပြီးတော့ Consultant လုပ်တဲ့ဆရာမလည်းရှိတာပေါ့။ အဲ့လိုဆရာမတို့၊ ဆရာတို့ကနေပြီးတော့ ကျွန်တော်တို့က ဆိုင်မှာထိုင်တဲ့ဝန်ထမ်းပေါ့။ ကျွန်တော်တို့အပြည့်အဝ သင်တန်းပေးထားတယ်။ ပိုးမွှားရောဂါနဲ့ ပတ်သက်တာရော၊ မြေသြဇာနဲ့ပတ်သက်တာရော၊ မျိုးစေ့နဲ့ပတ်သက်တာရော စိုက်ပျိုးရေးအခြေခံကနေ စပြီးတော့ အရေးကြီးတဲ့ဟာ အကုန်လုံးကိုသင်ပေးထားတာပေါ့။

အဲ့ဒါက ဘာလဲဆိုတော့ ဥပမာပေါ့၊ တောင်သူကပိုးသတ်ဆေးလာဝယ်တယ်ပေါ့။ ပိုးသတ်ဆေးလာဝယ်တယ်ဆိုရင် ကျွန်တော်တို့ဆိုင်က တစ်က ဘာလဲဆိုတော့ ဦးလေးဘာပိုးကျတာလဲ၊ မေးကြတာပေါ့။ တစ်ချို့တောင်သူဆိုရင် မပြောတတ်ဘူးပေါ့။ မပြောတတ်လို့ရှိရင် ဦးလေး ဓာတ်ပုံရိုက်ပြီးယူလာခဲ့။ အရွက်ယူလာခဲ့ အဲ့ဒီလိုဆို ကျွန်တော်တို့ ဆိုင်မှာကြည့်ပေးမယ်ပေါ့။ အဲ့ဒါကို ကျွန်တော်တို့ဆိုင်ကဝန်ထမ်းက အဲ့ဒါကို လုပ်တာ။ ဒါပေမဲ့ တစ်ခါတလေဆို ဦးလေးက လုံးဝမပြောတတ်ဘူး။ ဦးလေးသိပ်နားမလည်ဘူး၊ ဒါမဲ့ ဆိုးဆိုးရွားရွားဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့က ဆိုင်ကသူဖြစ်ဖြစ်၊ ကွင်းဆင်းဝန်ထမ်းကိုဖြစ်ဖြစ် ကျွန်တော်တို့က သူစိုက်တဲ့နေရာကို သွားပေးတာပေါ့။ သူစိုက်တဲ့နေရာ၊ စိုက်ကွင်းကိုသွားပြီးတော့ ဟုတ်ပြီ၊ ဦးလေးစပါးကတော့ အခုလောလောဆယ် ဒီပိုးကျနေတယ်။ အဲ့ဒါဆို ဒီဆေးဖျန်းရင် ကောင်းတယ်ပေါ့။ အဲ့ဒီလိုမျိုးအကြံဉာဏ်ပေးတာပေါ့။ အဲ့လိုမျိုးဆိုင်မှာလည်း တောင်သူကို အကြံဉာဏ်ပေးတယ်။ ကွင်းဆင်းပြီးတော့ အကြံဉာဏ်ပေးတာလည်း ရှိတာပေါ့။

အဲ့ဒါရဲ့အဓိကရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့က တကယ့်တောင်သူရဲ့ကုန်ကျစရိတ်ကို လျှော့ချပေးချင်တယ်။ နောက်ပြီးတော့ အထွက်နှုန်းတိုးစေချင်တယ်။ အဲ့ဒါကြောင့်မလိုအပ်တဲ့ဆေးကို ကျွန်တော်တို့မရောင်းချင်ဘူး။ အမှန်တိုင်းကျတော့ ဒီဆေးကပိုမြတ်တယ်ဆိုတာရှိမှာပါ။ တခြားနေရာမှာဆိုရင် တော်တော်များများက အဲ့လိုပဲနေမှာပါ။ ပုံမှန်စီးပွားရေးသဘောနဲ့ စဉ်းစားမယ်ဆိုရင်လည်း ပိုပြီးတော့မြတ်တဲ့ ပစ္စည်းကို ရောင်းမှာပေါ့။ ဒါမဲ့ ကျွန်တော်တို့က အဲ့ဒါ မဟုတ်ဘူးပေါ့။ အဓိက Customer First ပေါ့နော်။ တောင်သူ First ပေါ့။

တကယ့်တောင်သူလိုအပ်တဲ့ဟာ၊ တကယ့်တောင်သူ ကုန်ကျစရိတ်ကို လျှော့ချပေးလို့ ရတဲ့ဟာ၊ အကြွေးနှုန်းထုတ်ပေးလို့ရတဲ့ဟာ ဘာတွေလဲပေါ့။ အဲ့ Mindset က ဝန်ထမ်းအကုန်လုံး စိတ်ထဲမှာ ရှိတယ်။ ပြီးတော့တောင်သူလာရင် တကယ့်ဝန်ဆောင်မှုပေးတာပေါ့။ အဲ့ဒါက ကျွန်တော်တို့ အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ အဲ့ဝန်ဆောင်မှုပေးတာက ဒေသခံလူငယ်။

တချို့ဆိုရင် ဘယ်လိုပြောရမလဲ မြန်မာနိုင်ငံရဲ့အခုလက်ရှိအနေထားပေါ့နော်။ ကျွန်တော်တွေ့ပြီးတော့ စိတ်မကောင်းတာ ဘာလဲဆိုတော့ ဆယ်တန်းကျရင်အလုပ်မရှိဘူး။ ကုမ္ပဏီဝန်ထမ်းလုပ်လို့မရဘူး။ တော်တော်များများက ရွာမှာပဲနေပြီးတော့ စိုက်ပျိုးရေးလုပ်တာပဲဖြစ်ဖြစ်၊ အိမ်ကအလုပ်ကိုလုပ်တာပေါ့။ ဒါမဲ့ ကျွန်တော့်ခံစားချက်က ဘာလဲဆိုတော့ Education ပိုင်း မဆိုင်ဘူး။ အဓိကကြိုးစားမှု၊ ကြိုးစားမှု တစ်ခုပါရင်တော့ လူတစ်ယောက်အောင်မြင်နိုင်တယ်ပေါ့။ ကိုယ့်မိဘက ပိုက်ဆံမချမ်းသာရင်နေ၊ ကိုယ် ကျောင်းမပြီးရင်နေ ကိုယ့်ကြိုးစားမှုပေါ်မှာ ကိုယ့်အောင်မြင်ခြင်းကို ဆုံးဖြတ်လို့ရတာပေါ့နော်။

အဲ့ဒါကြောင့် ကျွန်တော်တို့က ဘာလုပ်လဲဆိုတော့ ဒီဆိုင်မှာထိုင်တဲ့လူကတော့ မဖြစ်မနေ ဒေသလူငယ်၊ ဒေသခံပေါ့။ ဒီဘက်မှာကျတော့ ရှမ်းလူမျိုးရှိတယ်၊ ပအိုဝ်းလူမျိုးရှိတယ်။ အင်းသားတွေ ရှိတာပေါ့နော်၊ အဲ့အချိန်မှာကျတော့ ကျွန်တော်တို့ဆိုင်မှာ ပအိုဝ်းတွေရှိတယ်၊ ရှမ်းတွေရှိတယ်။ မျိုးစုံပေါ့။ အဲ့လိုမျိုးပေါ့နော်။ သူတို့က လုံးဝတအားကြိုးစားတာ။ သူတို့ဘဝအောင်မြင်အောင်။

ဒါပေမဲ့ ကျွန်တော်က အမြဲတမ်းပြောတာ ဘာလဲဆိုတော့ လူက ကိုယ့်အောင်မြင်မှုအတွက် ကြိုးစားနေတာ ဟုတ်တော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့စိတ်ထဲမှာ နံပါတ်တစ်ကဘာလဲဆိုတော့ တောင်သူကိုအကူအညီပေးချင်တယ်။ အဲ့ဒါ တကယ် Beautiful ဖြစ်တာပေါ့။ Business Structure အရပေါ့နော်။ ဒေသလူငယ်က ကိုယ့်ဒေသအတွက် ကိုယ့်လူမျိုးအတွက် ဒီဒေသကို ဖွံ့ဖြိုးအောင်လုပ်မယ်။ ကိုယ့်ဖာသာ၊ ကိုယ့်ဒေသ ကိုယ့်လူမျိုးအတွက်ကြိုးစားနေတဲ့ ပန်းချီတစ်ချပ်ပေါ့။  အဲ့ဒါကိုကျွန်တော်လုံးဝသဘောကျနေတာ။ အဲ့ဒါက ခုနပြောတဲ့နည်းပညာနဲ့ ပတ်သက်တယ်ပေါ့နော်။ 

နံပါတ်နှစ်အချက်က ဘာလဲဆိုတော့ အာမခံရှိမယ်။ အဲ့ဒါဘာလဲဆိုတော့ ကျွန်တော်တို့က လိုင်စင်မရှိတဲ့ ပစ္စည်းကို တစ်ခုမှမတင်ဘူး။ တခြားပွဲရုံ၊ စိုက်ပျိုးရေးဆိုင်ဆိုရင် ဒါကတောင် သူလိုအပ်ချက်ကြောင့် လုပ်နေလို့ ကောင်းတာမကောင်းတာတော့ ကျွန်တော်တို့ကတော့ မပြောချင်ဘူးပေါ့။ ဒါပေမဲ့ ထိုင်းကနေ ဝင်လာတဲ့ဆေးလိုလို၊ တရုတ်ကနေဝင်လာတဲ့ဆေးလိုလိုပေါ့၊ ရောက်နေတဲ့နေရာတွေများတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က အဓိကဘာလဲဆိုတော့ ဥပမာပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ လိုင်စင်မရှိတဲ့ပစ္စည်းက ကျန်းမာရေး ဘယ်လိုထိခိုက်လဲ ကျွန်တော်တို့ မပြောတတ်ဘူးပေါ့။

ကျွန်တော်တို့က တောင်သူ့အတွက်လို့ ပြောတဲ့အချိန်မှာ ဥပမာ လိုင်စင်မရှိတဲ့ပေါင်းသတ်ဆေးဝယ်လိုက်ပြီးတော့ ကျွန်တော်တို့က အဲ့ဒါကိုရောင်းတဲ့အခါ အပြင်မှာ ဥပမာ တောင်သူက ရောဂါရသွားပြီ၊ ကင်ဆာရသွားပြီဆိုရင် ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ ဟသွားပြီ။ ကွာနေတာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့က လိုင်စင်မရှိတဲ့ပစ္စည်းကို လုံးဝမရောင်းဘူး။ ပစ္စည်းယူမယ်ဆိုရင် လုံးဝစိတ်ချရတဲ့နေရာတစ်နေရာပဲ ယူတာပေါ့။ အဲ့ဒါကတော့ အာမခံချက်နဲ့ ပတ်သက်တယ်ပေါ့နော်။ 

နံပါတ်သုံးအချက်က ဘာလဲဆိုတော့ ပစ္စည်းစုံရမယ်။ ပစ္စည်းအစုံရှိရမယ်ပေါ့။ အဲ့ဒါဘာလဲဆိုတော့ တောင်သူက ဥပမာ မျိုးစေ့ဝယ်ချင်တယ်။ ဒီမှာမရှိရင် ဟိုးဘက်ကို သွားဝယ်ရတယ်။ အဝေးကြီးပဲ၊ လမ်းပန်းဆက်သွယ်ရေးခက်တယ်လေ။ အဲ့အချိန်မှာကျတော့ ကုန်ကျစရိတ်တွေ ပိုများတယ်ပေါ့။ အဲ့အချိန်မှာ တောင်သူက ကျွန်တော်တို့ဆီကိုလာလို့ရှိရင် ပစ္စည်းအကုန်ရတယ်။ ဘယ်မှ သွားစရာ မလိုဘူး။ ဒီနေရာမှာ တစ်ခါတည်းပြီးတယ်ပေါ့။ တောင်သူကအချိန်သက်သာတယ်ပေါ့။ အဲ့လိုမျိုး လုပ်ထားတာက နံပါတ် ၃ အချက်ပေါ့။ အရေးကြီးတဲ့အချက်ပေါ့။ 

နံပါတ်လေးအချက်က ဘာလဲဆိုတော့ ဈေးသက်သာရမယ်။ အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်လည်း ဆိုင်နဲ့ပတ်သက်တဲ့ သွင်းအားစုနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်နေတာ ငါးနှစ်လောက်ရှိပြီဆိုတော့ ဈေးကွက်ထဲမှာ ဘယ်လိုလုပ်နေကြလဲ နားလည်လာပြီပေါ့နော်။ တချို့တွေဆိုရင် ဥပမာပြောင်းမျိုးစေ့ပေါ့။ ပြောင်းမျိုးစေ့က အမှန်ကတော့ ဝယ်ဈေးက လေးသောင်းလောက်ပဲ ရှိတယ်။ ဒါမဲ့ အပြင်ပေါက်ဈေးက ရှစ်သောင်းလောက် ဖြစ်နေတယ်။ အဲ့လေးသောင်းကို ဘယ်သူကစားကြတာလဲပေါ့။ အဲ့လောက်ကြီး စားစရာမလိုဘူးပေါ့နော်။ အဲ့ဒါတော့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံက ကွာတာလား။ ဘာကွာလဲတော့ ကျွန်တော်လည်း မသိဘူးပေါ့။

ဒါပေမဲ့ ကျွန်တော့်စိတ်ကတော့ အမြဲတမ်း ပုံမှန်စားရင်ရပြီ၊ စီးပွားရေးဆိုတာ။ ကျွန်တော်တို့က Gambling (လောင်းကစား)လုပ်နေတာ မဟုတ်ဘူးပေါ့။ Business လုပ်နေတာပေါ့။ ဒီတစ်ခုခုပေါ်မှာ အများကြီးစားတာမဟုတ်ဘဲနဲ့ ပစ္စည်းတစ်ခုချင်းတစ်ခုချင်းကို ပုံမှန်ပဲ အမြတ်စားပြီးတော့ ရေရှည်သွားလို့ရအောင်၊ တောင်သူလည်းအဆင်ပြေတယ်။ ကျွန်တော်တို့လည်း အဆင်ပြေတယ်။ နှစ်ဖက်လုံးအဆင်ပြေတာပေါ့။ အဲ့ဒါကို ကျွန်တော်ချည်းပဲ အောင်မြင်အောင်၊ ကျွန်တော်ချည်းပဲ ပိုက်ဆံရအောင် စဉ်းစားတဲ့အချိန်မှာ စီးပွားရေးက ရေရှည်လုပ်လို့မရဘူး။

အဲ့ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ ပစ္စည်းတစ်ခုရောင်းမယ်ဆိုရင် ဘယ်လောက်ဈေးနဲ့ရောင်းမှာလဲ။ ဒီ Market Price ၊ ဒေသ Price ။ ဒေသ Price စာရင်တော့ အနည်းဆုံးဈေးဖြစ်ရမယ်ပေါ့။ အမြဲတမ်းပေါ့။ အဲ့ဒါကတော့ ကျွန်တော်တို့ဆိုင်မှာလည်း ဆိုင်းဘုတ်ပြထားတယ်။ တောင်သူကို။ ဒါကတော့ ဒီလေးချက်ကတော့ တောင်သူကိုကတိပေးတဲ့ဟာ။ ဒါနဲ့ပတ်သက်တဲ့ ကတိပျက်သွားပြီဆိုရင် ကျွန်တော်တို့ဆိုင်က ဆက်လုပ်လို့မရတော့ဘူး။ အဲ့ဒါကတော့ ဆိုင်ရဲ့ဝန်ထမ်းတွေလည်း အကုန်လုံးသိတယ်။ ဒီကုမ္ပဏီမန်နေဂျာတွေလည်း အကုန်လုံးသိတာပေါ့နော်။ အဲ့ဒါတွေကတော့ တခြားဆိုင်တွေနဲ့ကွာတဲ့အချက်လို့ ပြောရမလားပဲ။ 

ဆက်လက်ဖော်ပြသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်