ပြည်ပစျေးကွက်ဝင် ကျောက်ပုစွန်မွေးမြူရေး (အပိုင်း - ၃)

25/11/2022 18:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်း၏ စီးပွားရေးနှင့် လူမှုရေး အကျိုးရလဒ်များ

       ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးစုဆောင်းရရှိသော ကျောက်ပုစွန်သားပေါက်များကို ရေလုပ်သားများက ရောင်းဝယ်ဖောက်ကားသူများထံ ရောင်းချကြပြီး ရောင်းဝယ်ဖောက်ကားသူများမှတစ်ဆင့် သားပေါက် ပြုစုကြမည့် မွေးမြူသူများထံ ပြန်လည်ရောင်းချကြသည်။

        ကျောက်ပုစွန်သားပေါက် ပြုစုမွေးမြူကြသူများသည် သေးငယ်သောရေအောက်မြုပ်သည့် လှောင်အိမ်များဖြင့် ထည့်သွင်းမွေးမြူကြပြီး အစာအနေဖြင့် လတ်ဆတ်သော ကဏန်းများ၊ ယောက်သွားများနှင့် ငါးများကိုကျွေးကြသည်။

          ကျောက်ပုစွန်သက်ကြီးကောင်အရွယ် (Advanced juvenile lobsters) များကို ကြီးမားသော ရေပေါ်လှောင်အိမ်များဖြင့် မွေးမြူသူများထံသို့ တစ်ဖန်ရောင်းချကြသည်။ အရင်းအနှီးနည်းနည်းဖြင့် ကုန်ကျစရိတ်သက်သာသောလုပ်ငန်းဖြစ်ပြီး တန်ဖိုးမြင့်မားသောထုတ်ကုန်ကို ထုတ်လုပ်ခြင်းဖြစ်၍ ဤလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူများသည် စီးပွားရေး နှင့် လူမှုရေးအကျိုးရလဒ်များ ရရှိကြသည်။

        ဗီယက်နမ်နိုင်ငံ၏ ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းတွင် များစွာသောကျန်းမာရေးနှင့် ရောဂါဘေး အန္တရာယ်များ ထိခိုက်မှုရှိကြသော်လည်း ကောင်းမွန်သောအစာအာဟာရနှင့် မွေးမြူပြုစုနည်းပညာများ ဖြင့် ထိရောက်စွာစီမံခန့်ခွဲမွေးမြူနိုင်ကြပြီဖြစ်သည်။ တရုတ်နိုင်ငံမှ ကျောက်ပုစွန်စျေးကွက်လိုအပ်ချက်သည် ဖြည့်တင်းပေးနိုင်မှုထက်များစွာ ကျော်လွန်အားကောင်းလျက်ရှိသည်။

       ကျောက်ပုစွန်မွေးမြူထုတ်လုပ်နိုင်မှုများ တိုးတက်ကောင်းမွန်လာသော်လည်း စျေးနှုန်းကျဆင်းမှုနည်းပြီး အနည်းငယ်မျှသာ ထိခိုက်မှုဖြစ်စေသည်။ အာရှဒေသတွင်းရှိ အခြားသော ဖွံ့ဖြိုးဆဲ တိုင်းပြည်များ ၌ အပူပိုင်းကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းမှာ ကောင်းမွန်သောအလားအလာများရှိနေပြီး အဆိုပါ နေရာများ၌ သားပေါက်များရရှိနိုင်မှု၊ သင့်လျော်သော မွေးမြူသည့်နေရာရှိမှုနှင့် ထုတ်လုပ်မှု ကုန်ကျ စရိတ် အတော်အသင့်နည်းပါးခြင်းသည် ကောင်းမွန်သောအချက်များ ဖြစ်သည်။ ဗီယက်နမ်နှင့် အင်ဒို နီးရှားနိုင်ငံများသာမကဒေသတွင်း၌ ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးလာမည်ဟု မျှော်မှန်း ရသည်။

မြန်မာနိုင်ငံ၏ ကျောက်ပုစွန်စျေးကွက်

        မြန်မာနိုင်ငံ၌ ကျောက်ပုစွန်ကို ကမ်းရိုးတန်းဒေသများဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ဖမ်းဆီးစုဆောင်းကြပြီး ယာယီသိုလှောင် မွေးမြူကာ ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပစျေး ကွက်သို့ အရှင်တင်ပို့ရောင်းလေ့ရှိသည်။

      မြန်မာနိုင်ငံ၌ ဖမ်းဆီးစုဆောင်းကြသော ကျောက်ပုစွန်မျိုး များမှာ Panulirus polyphagus, Panulirus ornatus နှင့် Panulirus versicolor မျိုးများဖြစ်ပြီး စျေးကွက်ဝင်အရွယ် သက်ကြီးကောင် များကို တနသာ်ရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့၌ ဖမ်းဆီးစုဆောင်း၍ အရှင်တင်ပို့ကြသည်ကို တွေ့ရသည်။ မွန်ပြည်နယ်ရှိ ကျောက်ဆောင် ပေါများသော စက်စဲ၊ ကျိုက်ခမီကမ်းခြေများတွင် အရွယ်ငယ်(Juvenile) များကိုလည်း ဖမ်းဆီးရရှိနိုင်ကြောင်းသိရသည်။

           မြန်မာနိုင်ငံမှ ကျောက်ပုစွန်(အရှင်)များကို ပြည်ပစျေး ကွက်များသို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်းတန်ချိန် ၉၅ ဒသမ ၉၇၁ တန်(တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉သန်းကျော်ဖိုး) တင်ပို့လျက်ရှိပြီး လေကြောင်းလိုင်း ဖြင့် တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်းနှင့် မကာအို စျေးကွက်များသို့ တင်ပို့ကြသည်။

          မြန်မာနိုင်ငံ၌ ကျောက်ပုစွန်ဖမ်းဆီးရေးလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် အလွန်အကျွံဖမ်းဆီးထုတ်လုပ်မှုများကို ဟန့်တားထိန်းချုပ်သည့်အနေဖြင့် မျိုးပွားရာသီဖြစ် သော ဇွန်လ ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဖမ်းဆီးစုဆောင်း ရောင်းဝယ်မှုကို ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်၍တားမြစ်ထားပါသည်။ ထို့ပြင်ကျောက်ပုစွန်မျိုးပွားသည့် အဓိကနေရာများကို သုတေသန ပြုဖော်ထုတ်သတ်မှတ်ပြီး ကျောက်ပုစွန် မဖမ်းဆီးရနေရာများ၊ ကျောက်ပုစွန်ဘေးမဲ့ ဇုန်များသတ်မှတ်ပြီး ကာကွယ်ထားပါသည်။

        အထက်ပါအချက်များသာမက ကျောက်ပုစွန်သားလောင်းများ ဖမ်းဆီးစုဆောင်းသည့် နည်းပညာ များ တီထွင်ပြီး သဘာဝအစာ၊ ဖော်စပ်စာများဖြင့် မွေးမြူသည့် သုတေသနများကို ငါးလုပ်ငန်း ဦးစီးဌာန၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးပေါင်း၍ လုပ်ဆောင်ကြခြင်းဖြင့် ကျောက်ပုစွန် ဖမ်းဆီးထုတ်လုပ်ခြင်းလုပ်ငန်း ရေရှည်ဖြစ်တည် အကျိုးရှိနိုင်မည်ဖြစ်ကြောင်းနှင့် ကျောက်ပုစွန် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း လေ့လာရေးသားလိုက် ရပါသည်။ 

Ref:(1)Department of fisheries.

      (2)Wikipedia.

အပိုင်း​ (၁) နဲ့ (၂) ကို အောက်ပါလင့်ခ်များက တစ်ဆင့်ဖတ်ရှုနိုင်ပါသည်။

အပိုင်း(၁)

https://greenwaymyanmar.com/posts/Lobster_Farming

အပိုင်း(၂)

https://greenwaymyanmar.com/posts/Lobster_Farming_2

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်