မြန်မာ့မွေးမြူရေးငါးများ ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ အီးယူသို့ တင်ပို့ခွင့်ရရှိပြီ

01/11/2018 10:23 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်း ၁ဝ မျိုးကို အီးယူ၏ခွင့်ပြုချက်ဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ တိုင်းဒေသကြီးသုံးခုမှ ရေထွက်ပစ္စည်း ၁ဝ မျိုးကို ပြည်ပသို့ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။
 
မြန်မာနိုင်ငံမှ ငါးမြစ်ချင်းငါးကို ပြည်ပသို့ အဓိကတင်ပို့လျက်ရှိပြီး တစ်နှစ်ခန့် ဈေးကွက်ပျောက်လျက်ရှိရာ ယခုအခါ ကမ္ဘာ့နိုင်ငံများစားသုံးလျက်ရှိသည့် ငါးတန် ကို တင်ပို့နိုင်ရန် မွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ပြည်တွင်းရှိ ပင်လယ်ပိုင်း၊ ကုန်းတွင်း ပိုင်းနှင့်မွေးမြူရေးပိုင်းမှ ငါးများကို ပြည်ပသို့ တင်ပို့ရာတွင် အီးယူ၏ စစ်ဆေး အတည်ပြု ချက်ဖြင့် ၂ဝ၁၃ ခုနှစ်တွင် စက်ရုံပေါင်း ၂ဝ မှ တင်ပို့လျက်ရှိပြီး မွေးမြူရေးငါးကို တင်ပို့နိုင်ခြင်း မရှိသေးဘဲ သဘာဝ ငါး၊ ပုစွန်များကိုသာ တင်ပို့ခဲ့ကြောင်း သိရသည်။
 
မြန်မာနိုင်ငံတွင် ငါးဦးစီးလက်အောက် တွင်ရှိသော ISO အသိအမှတ်ပြု ဓာတ်ခွဲခန်းကို ၂ဝ၁၂ ခုနှစ်တွင် စံပြု အဆင့် ၂၅ တွင်ရရှိထားပြီး ဆေးဝါးနှင့် ပတ်သက်၍ FDA အသိအမှတ်ပြု အဖြစ် မကြာမီက ရရှိထားပြီးဖြစ်ကာ အစားအစာနှင့် ပတ်သက်သော ISO အတွက် ၂ဝ၁၈ ခုနှစ်တွင် လာရောက် စစ်ဆေးခဲ့ရာ ယခု အောက်တိုဘာလ တွင် သဘာဝငါး၊ ပုစွန်၊ ကဏန်းများ သာမက မွေးမြူရေးငါးများကို တင်ပို့ ခွင့်ပြုခဲ့ပြီဖြစ်ရာ ဒီဇင်ဘာ ၁ ရက်မှစ၍ အသက်ဝင်ပြီဖြစ်ကြောင်း၊ ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ သဘာဝနှင့် မွေးမြူရေး ငါး ၊ ပုစွန်၊ ကဏန်းတို့ကို တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
 
▲▲စက်ရုံ ၁၃ ရုံကနေ တင်ပို့▲▲
 
''EU ရဲ့ အတည်ပြုချက်နဲ့ ဒီနှစ် ဒီဇင်ဘာ ၁ ရက်ကစပြီး ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် ၁ဝ မျိုးကို စက်ရုံ ၁၃ ရုံကနေ တင်ပို့လို့ရပါပြီ။ ရန်ကုန် တိုင်းဒေသကြီးမှာဆိုရင် ရေချိုငါးအနေနဲ့ တွံတေး၊ ကဏန်းဆိုရင် ကျောက်တန်း၊ ဧရာဝတီတိုင်းဒေသကြီးက ရေချိုငါး၊ ပုစွန်ကျား နဲ့ပုစွန်ဖြူ၊ ကဏန်းပျော့လည်း ပါမယ်။ တနင်္သာရီ တိုင်းဒေသကြီးမှ ကဏန်းပျော့ပါမယ်။ အားလုံးအမျိုး အစား ၁ဝ မျိုးပါမယ်။ ရန်ကုန်တိုင်းဒေသ ကြီးမှာဆိုရင် တွံတေး၊ ကျောက်တန်း၊ ဧရာဝတီ တိုင်းဒေသကြီးမှာ ဆိုရင် ညောင်တုန်း၊ မအူပင်၊ လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ တနင်္သာရီ တိုင်းဒေသကြီးဆိုရင် ကျွန်းစုမြို့နယ်က ထွက်တဲ့ ကဏန်းပျော့ ပါမယ်။ ပြည်ပ ငါးတင်ပို့မှုအတွက် အားရစရာပါပဲ။ ငါးတန်တင်ပို့နိုင်ဖို့ တရုတ်ပြည် ပေကျင်းမှာရှိတဲ့ မြန်မာ သံရုံးက ဆောင်ရွက် ပေးနေပါတယ်။ ရေထွက် ပစ္စည်းတင်ပို့နိုင်တဲ့ စက်ရုံ ၂၁ ရုံကို EU က ခွင့်ပြုထားပြီးတော့ စက်ရုံနှစ်ရုံကို တင်ပြထားပါတယ်။ အဲ့ဒီ စက်ရုံ ၂၁ ရုံထဲက ၁၃ ရုံက တင်ပို့လို့ရပါ ပြီ'' ဟု ရန်ကုန်တိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးသက်နိုင်က ပြောသည်။
 
▲▲မွေးမြူရေးထွက်ကုန်များ တိုးမြှင့်▲▲
 
စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံ ဖြစ်သည်နှင့်အညီ ရေထွက်ပစ္စည်း ပို့ကုန်ဖြင့်လည်း ပြည်ပဝင်ငွေရရှိမည် ဖြစ်ရာ EU အသိအမှတ်ပြု ငါး၊ ပုစွန် တို့ကိုလည်း တင်ပို့နိုင်ပြီဖြစ်၍ မွေးမြူရေးထွက်ကုန် နှစ်စဉ် ၅ဝ ရာခိုင်နှုန်း တင်ပို့သောဗီယက်နမ်နိုင်ငံကဲ့သို့ မြန်မာ နိုင်ငံအနေဖြင့် မွေးမြူရေးထွက်ကုန် များ တိုးမြှင့်တင်ပို့နိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
ပြည်ပသို့ စတင်တင်ပို့မည့် ငါးတန် နှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ''ငါးတန်ကို ကျွန်တော် တို့နိုင်ငံမှာ မွေးတာတော့ကြာပြီ။ ဗီယက် နမ်မျိုး၊ ထိုင်းမျိုးနဲ့ သဘာဝငါးတန်မျိုး တွေရှိမယ်။ နောက်ပိုင်း တရုတ်က ထုတ်လုပ်မှုပုံစံ အမျိုးမျိုးနဲ့ ငါးဝယ်ယူ မှုများလာတယ်။ မြန်မာနိုင်ငံမှာ မွေးမြူ တဲ့ငါးရဲ့ ၇ဝ ရာခိုင်နှုန်းဟာ ငါးမြစ်ချင်း ဖြစ်နေတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းဟာ ငါးတန်ကိုမွေးတယ်။ ကျန်တာက အခြားငါးမျိုးတွေ။ ပြည်ပစားသုံး မှုများတဲ့ ငါးတန်မှန်းသိတဲ့အချိန်မှာ တရုတ်ပြည်ကို တင်ပို့ဖို့ အားလုံး ချိတ်ဆက် ဆောင်ရွက်ထားပါပြီ'' ဟု ဖြည့်စွက်ပြောကြားသည်။
 
▲▲ဒီဇင်ဘာ ၁ ရက်မှ စတင်▲▲
 
ငါးမြစ်ချင်းနှင့် ပတ်သက်၍ ဆက်လက်တင်ပို့နိုင်ရန် ဆွေးနွေးလျက် ရှိပြီး က္ဘာ့နိုင်ငံများ စားသုံးသည့် ငါးတန် ကိုလည်း တင်ပို့နိုင်ရန် စတင်မွေးမြူ လျက်ရှိကာ သဘာဝငါးများကိုသာ EU ၏ အသိအမှတ် ခွင့်ပြုမှုဖြင့် တင်ပို့ နေရာမှ ယခုအခါ မွေးမြူရေးငါးများကို လည်း စက်ရုံ ၁၃ ရုံမှ ဒီဇင်ဘာ ၁ ရက် မှ စတင်၍ တင်ပို့ခွင့် ရပြီဖြစ်ကြောင်း သိရသည်။
 
Source - Ministry of information


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်